
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးတစ်ဦးချင်းကြက်တောင်ပြိုင်ပွဲ အုပ်စုအဆင့် အုပ်စုဒုတိယပွဲစဉ်တွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာလက်ရှိကမ္ဘာ့အဆင့် (၃၈)နေရာ၌ ရပ်တည်နေတဲ့ ဘယ်လ်ဂျီယံနိုင်ငံသူ လိုင်နီတန်ကို (၂၁-၆၊ ၂၁-၈) မှတ်တို့နဲ့ (၂)ပွဲပြတ်ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။
သက်ထားသူဇာဟာ ဇူလိုင် ၂၅ ရက်နေ့ကလည်း အင်ဒိုနီရှားက Grogoria Mariska Tunjung ကို နှစ်ပွဲပြတ်အရေးနိမ့်ခဲ့တာပါ။
သက်ထားသူဇာဟာ အုပ်စုပွဲစဉ် (၂) ပွဲကစားရာ၌ (၂) ပွဲစလုံးရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲကျင်းပတဲ့ ပုံစံအရ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အုပ်စုထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်သူတစ်ဦးသာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့တုန်းက မြန်မာ့လက်ရွေးစင် သေနတ်ပစ် အားကစားသမား ရဲထွန်းနောင် ဟာအမျိုးသား ၁၀ မီတာလေပစ္စတိုပစ်ပြိုင်ပွဲမှာ အဆင့် ၁၄ သာရရှိခဲ့တာကြောင့် ဦးစွာ ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရတာပါ။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတဲ့ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့အားကစားသမား နှစ်ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ကြက်တောင်မယ် သက်ထားသူဇာ နှင့် သေနတ်ပစ်အားကစားသမား ရဲထွန်းနောင် တို့နှစ်ဦးလုံး ပြိုင်ပွဲကနေစောစီးစွာထွက်ခွာခဲ့ရတာပါ။
နိုင်ငံရေး အခြေအနေကြောင့် အားကစားပြိုင်ပွဲဝင်တဲ့ သူတွေကို အားပေးသူတွေရှိသလို၊ ဝေဖန်ပြစ်တင်ကြသူများလည်း ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
သက္ထားသူဇာ တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲက ထြက္ခြာခဲ့ရ
၂၀၂၀ တိုက်ိဳအိုလံပစ္ အမ်ိဳးသမီးတစ္ဦးခ်င္းၾကက္ေတာင္ၿပိဳင္ပြဲ အုပ္စုအဆင့္ အုပ္စုဒုတိယပြဲစဥ္တြင္ ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာလက္ရွိကမာၻ႔အဆင့္ (၃၈)ေနရာ၌ ရပ္တည္ေနတဲ့ ဘယ္လ္ဂ်ီယံႏိုင္ငံသူ လိုင္နီတန္ကို (၂၁-၆၊ ၂၁-၈) မွတ္တို႔နဲ႔ (၂)ပြဲျပတ္ရႈံးနိမ့္ခဲ့တယ္လို႔ သိရပါတယ္။
သက္ထားသူဇာဟာ ဇူလိုင္ ၂၅ ရက္ေန႔ကလည္း အင္ဒိုနီရွားက Grogoria Mariska Tunjung ကို ႏွစ္ပြဲျပတ္အေရးနိမ့္ခဲ့တာပါ။သက္ထားသူဇာဟာ အုပ္စုပြဲစဥ္ (၂) ပြဲကစားရာ၌ (၂) ပြဲစလုံးရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲမွထြက္ခဲ့ရၿပီျဖစ္ပါတယ္။
အိုလံပစ္ၿပိဳင္ပြဲက်င္းပတဲ့ ပုံစံအရ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ အုပ္စုထိပ္ဆုံးေနရာ၌ ရပ္တည္ႏိုင္သူတစ္ဦးသာ ေနာက္တစ္ဆင့္သို႔ တက္ေရာက္ခြင့္ရမွာျဖစ္ပါတယ္။
ဇူလိုင္လ ၂၄ ရက္ေန႔တုန္းက ျမန္မာ့လက္ေ႐ြးစင္ ေသနတ္ပစ္ အားကစားသမား ရဲထြန္းေနာင္ ဟာအမ်ိဳးသား ၁၀ မီတာေလပစၥတိုပစ္ၿပိဳင္ပြဲမွာ အဆင့္ ၁၄ သာရရွိခဲ့တာေၾကာင့္ ဦးစြာ ၿပိဳင္ပြဲကေန ႏႈတ္ထြက္ခဲ့ရတာပါ။
ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ က်င္းပေနတဲ့ ၂၀၂၀ တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ အေနနဲ႔အားကစားသမား ႏွစ္ဦး သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရာတြင္ ၾကက္ေတာင္မယ္ သက္ထားသူဇာ ႏွင့္ ေသနတ္ပစ္အားကစားသမား ရဲထြန္းေနာင္ တို႔ႏွစ္ဦးလုံး ၿပိဳင္ပြဲကေနေစာစီးစြာထြက္ခြာခဲ့ရတာပါ။ႏိုင္ငံေရး အေျခအေနေၾကာင့္ အားကစားၿပိဳင္ပြဲ၀င္တဲ့ သူေတြကို အားေပးသူေတြရွိသလို၊ ေ၀ဖန္ျပစ္တင္ၾကသူမ်ားလည္း ရိွပါတယ္။