သက်တမ်းအလိုက်အမျိုးသမီးအသင်းတွေထိ တန်ဖိုးထား အလေးထားတဲ့ ရော်နယ်ဒို

Photo Credit

Photo Credit

တစ်ကိုယ်ကောင်းဆန်တဲ့ကစားသမားအဖြစ် သူ့ကို မနှစ်သက်သူတွေရဲ့ကင်ပွန်းတပ်ခြင်းခံထားရတဲ့ ရော်နယ်ဒိုဟာ အတွင်းစိတ်က လေးစားဖွယ်ကောင်းတယ်ဆိုတဲ့အချက်ကို အကြိမ်ပေါင်းများစွာ သက်သေပြသထားပြီးဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ သူဘယ်အဆင့်ကနေ ရောက်လာတာလဲဆိုတာ ဘယ်တော့မှမမေ့သလို ဘယ်သူမှမသိတဲ့ကစားသမားတွေကိုလည်း အးမငယ်အောင် တိုက်တွန်းအားပေးလေ့ရှိပါတယ်။

Photo Credit

အခုနောက်ဆုံးတက်လာတဲ့သတင်းတစ်ပုဒ်ကလည်း လေးစားစရာကောင်းတဲ့ ရော်နယ်ဒိုရဲ့ကွင်းပြင်ပလုပ်ရပ်တွေနဲ့ပတ်သက်လို့ ထပ်မံသက်သေပြလိုက်တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲရဲ့နောက်ဆုံးအဆင့်ကို ပေါ်တူဂီအမျိုးသမီး ယူ-၁၇အသင်းတက်ရောက်နိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုက ကစားသမားတစ်ယောက်ချင်းစီအတွက် ဘောလုံးကန်ဖိရပ်တစ်ရံ လက်ဆောင်ပေးခဲ့ပြီး စိတ်ဓာတ်ခွန်အားမြင့်တက်စေမယ့် စာတစ်စောင်လည်း ပေးပို့ခဲ့ပါတယ်။

Photo Credit

”အခုလက်ဆောင်ပို့လိုက်တဲ့ဘောကန်ဖိနပ်တွေက မင်းတို့ရဲ့အိပ်မက်တွေ လက်တွေ့ဖြစ်မြောက်လာဖို့ အကူအညီပေးနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်အပြည့်နဲ့ ပေးပို့ခဲ့တာပါ။ ငါ ကလေးဘဝကဆိုရင် ရိုးရှင်းပေမယ့် တကယ့်ကိုရူးသွပ်စရာကောင်းတဲ့အိပ်မက်တစ်ခုရှိခဲ့ပါတယ်။ ကိုယ်အိပ်ပျော်နေတုန်း မက်ချင်တဲ့အိပ်မက်မဟုတ်ပါဘူး။ ညဘက် အိပ်နေတုန်း နိုးလာချိန်မှာလည်း ဆက်မက်ချင်တဲ့အိပ်မက်တွေဖြစ်ပါတယ်။ ငါဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်ခဲ့တယ်”

Photo Credit

”အဲဒါနဲ့ပဲ ငါ့ရဲ့ဘဝတစ်ခုလုံးကို အားကစားခန်းမ၊ လေ့ကျင့်ရေးကွင်းတွေမှာပဲ အချိန်ပြည့်မြှုပ်နှံခဲ့ပြီး အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ဖြစ်နိုင်သမျှနည်းလမ်းတွေ အကုန်မလွတ်ခဲ့ဘူး။ လုပ်ခဲ့တယ်။ ကိုယ့်မှာ အိပ်မက်တစ်ခုရှိဖို့က အရေးကြီးပါတယ်။ ဒီထက်ပိုအရေးကြီးတာက အဲဒီအိပ်မက် တကယ်ဖြစ်လာအောင် လုပ်ဆောင်နိုင်ရေးပါ။ ငါက ကိုယ့်အိပ်မက်အကြောင်း အတိအကျသိခဲ့သလို မင်းတို့လည်း မင်းတို့ရဲ့အိပ်မက်က ဘာလဲဆိုတာ ကွဲကွဲပြားပြားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

Photo Credit

”ချီတုံချတုံဖြစ်မနေဘဲ အဲဒီအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပါ။ ငါလည်း လုပ်နိုင်ရင် မင်းတို့လည်း လုပ်နိုင်တာပဲ။ နောက်ဆုံးအဆင့်ခြေစစ်ပွဲရောက်လာလို့လည်း မင်းတို့အတွက် ဂုဏ်ယူပါတယ်။ အာရုံစူးစိုက်မှုအပြည့်နဲ့ နောက်အောင်ပွဲအတွက် ရည်မှန်းထားပါတယ်။ ကံကောင်းပါစေကွာ။ ပြီးတော့ ဒီဖိနပ်လေးတွေစီးပြီး ပျော်ရွှင်ကြပါစေနော်။ ခရစ္စတီယာနိုရော်နယ်ဒို”ဆိုပြီး အဲဒီစာထဲမှာ ပါဝင်ခဲ့ပါတယ်။

Photo Credit

Zawgyi

သက္တမ္းအလုိက္အမ်ိဳးသမီးအသင္းေတြထိ တန္ဖိုးထား အေလးထားတ့ဲ ေရာ္နယ္ဒို

တစ္ကိုယ္ေကာင္းဆန္တဲ့ကစားသမားအျဖစ္ သူ႕ကို မႏွစ္သက္သူေတြရဲ႕ကင္ပြန္းတပ္ျခင္းခံထားရတဲ့ ေရာ္နယ္ဒိုဟာ အတြင္းစိတ္က ေလးစားဖြယ္ေကာင္းတယ္ဆုိတဲ့အခ်က္ကို အႀကိမ္ေပါင္းမ်ားစြာ သက္ေသျပသထားၿပီးျဖစ္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ သူဘယ္အဆင့္ကေန ေရာက္လာတာလဲဆိုတာ ဘယ္ေတာ့မွမေမ့သလို ဘယ္သူမွမသိတဲ့ကစားသမားေတြကိုလည္း အးမငယ္ေအာင္ တုိက္တြန္းအားေပးေလ့ရွိပါတယ္။
အခုေနာက္ဆုံးတက္လာတဲ့သတင္းတစ္ပုဒ္ကလည္း ေလးစားစရာေကာင္းတဲ့ ေရာ္နယ္ဒိုရဲ႕ကြင္းျပင္ပလုပ္ရပ္ေတြနဲ႔ပတ္သက္လုိ႔ ထပ္မံသက္ေသျပလုိက္တဲ့ျဖစ္ရပ္ျဖစ္ပါတယ္။ ယူ႐ို ၂၀၂၀ ေျခစစ္ပဲြရဲ႕ေနာက္ဆုံးအဆင့္ကို ေပၚတူဂီအမ်ိဳးသမီး ယူ-၁၇အသင္းတက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုက ကစားသမားတစ္ေယာက္ခ်င္းစီအတြက္ ေဘာလုံးကန္ဖိရပ္တစ္ရံ လက္ေဆာင္ေပးခဲ့ၿပီး စိတ္ဓာတ္ခြန္အားျမင့္တက္ေစမယ့္ စာတစ္ေစာင္လည္း ေပးပို႔ခဲ့ပါတယ္။
”အခုလက္ေဆာင္ပို႔လုိက္တဲ့ေဘာကန္ဖိနပ္ေတြက မင္းတုိ႔ရဲ႕အိပ္မက္ေတြ လက္ေတြ႕ျဖစ္ေျမာက္လာဖို႔ အကူအညီေပးႏိုင္လိမ့္မယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ေပးပို႔ခဲ့တာပါ။ ငါ ကေလးဘ၀ကဆုိရင္ ႐ိုးရွင္းေပမယ့္ တကယ့္ကို႐ူးသြပ္စရာေကာင္းတဲ့အိပ္မက္တစ္ခုရွိခဲ့ပါတယ္။ ကုိယ္အိပ္ေပ်ာ္ေနတုန္း မက္ခ်င္တဲ့အိပ္မက္မဟုတ္ပါဘူး။ ညဘက္ အိပ္ေနတုန္း ႏိုးလာခ်ိန္မွာလည္း ဆက္မက္ခ်င္တဲ့အိပ္မက္ေတြျဖစ္ပါတယ္။ ငါဟာ ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္ခ်င္ခဲ့တယ္”
”အဲဒါနဲ႔ပဲ ငါ့ရဲ႕ဘ၀တစ္ခုလုံးကို အားကစားခန္းမ၊ ေလ့က်င့္ေရးကြင္းေတြမွာပဲ အခ်ိန္ျပည့္ျမႇဳပ္ႏွံခဲ့ၿပီး အိပ္မက္ေတြ လက္ေတြ႕ျဖစ္လာဖို႔ ျဖစ္ႏိုင္သမွ်နည္းလမ္းေတြ အကုန္မလြတ္ခဲ့ဘူး။ လုပ္ခဲ့တယ္။ ကုိယ့္မွာ အိပ္မက္တစ္ခုရွိဖို႔က အေရးႀကီးပါတယ္။ ဒီထက္ပိုအေရးႀကီးတာက အဲဒီအိပ္မက္ တကယ္ျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္ေရးပါ။ ငါက ကုိယ့္အိပ္မက္အေၾကာင္း အတိအက်သိခဲ့သလုိ မင္းတို႔လည္း မင္းတို႔ရဲ႕အိပ္မက္က ဘာလဲဆုိတာ ကြဲကြဲျပားျပားလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”
”ခ်ီတုံခ်တုံျဖစ္မေနဘဲ အဲဒီအိပ္မက္ေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ပါ။ ငါလည္း လုပ္ႏိုင္ရင္ မင္းတုိ႔လည္း လုပ္ႏိုင္တာပဲ။ ေနာက္ဆုံးအဆင့္ေျခစစ္ပြဲေရာက္လာလုိ႔လည္း မင္းတုိ႔အတြက္ ဂုဏ္ယူပါတယ္။ အာ႐ုံစူးစုိက္မႈအျပည့္နဲ႔ ေနာက္ေအာင္ပြဲအတြက္ ရည္မွန္းထားပါတယ္။ ကံေကာင္းပါေစကြာ။ ၿပီးေတာ့ ဒီဖိနပ္ေလးေတြစီးၿပီး ေပ်ာ္ရႊင္ၾကပါေစေနာ္။ ခရစၥတီယာႏိုေရာ္နယ္ဒို”ဆုိၿပီး အဲဒီစာထဲမွာ ပါ၀င္ခဲ့ပါတယ္။