ဝေဖန်သံတွေ တိတ်စေခဲ့ပြီး အင်္ဂလန် ပရိသတ်တွေဆီက လက်ခုပ်သံတွေ ပြန်ပြီးရယူနေတဲ့ စတာလင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်စီးတီး ချန်ပီယံဆုဖလားတွေ ရခဲ့ပေမယ့် တောင်ပံကစားသမား စတာလင်းအတွက်ကတော့ အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုလို့ ပြောလို့ မရပါဘူး။

စတာလင်းဟာ နည်းပြ ၈ွာဒီယိုလာရဲ့ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့ မှာ ၂ မိနစ် ၊ ဆီမီးဖိုင်နယ် မှာ ၈ မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။

ဒါကြောင့် ဒီနှစ် ယူရို ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ စတာလင် ဟာ ပွဲကစားခွင့် အများအပြား ရမှာမဟုတ်ဘူးလို့ ပရိသတ်တွေက ထင်ခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ် ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက ကစားရတဲ့ ခြေစစ်ပွဲတွေ မှာ စတာလင် အစား ဂယ်ရီလစ်ရှ် ၊ ဆာကာ တို့ကို သုံးခဲ့သလို နိုဝင်ဘာ ပွဲစဉ်တွေ မှာလည်း ဖိုဒန် နဲ့ ဆန်ချို တို့ကို ထည့်သုံးပြီး စတာလင် ကို ခေါက်ထားခဲ့ပါတယ်။

ဒါပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အဖွင့် ပွဲစဉ် ဖြစ်တဲ့ ခရိုအေးရှား နဲ့ ပွဲမှာတော့ စတာလင်း ဟာ အင်္ဂလန်ရဲ့ ပွဲထွက် စာရင်းမှာ ပါဝင်လာခဲ့ပြီး အဲ့ဒိ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့သလို အင်္ဂလန် ရဲ့ အနိုင်ဂိုးကို သွင်းယူ ပေးသွားခဲ့ပြီး အားလုံးကို အံံအားသင့်စေခဲ့ပါတယ်။

စကော့တလန် နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲက လွဲရင် အင်္ဂလန်ရဲ့ ၁၆ သင်းဆင့်အထိ ရရှိ ခဲ့တဲ့ ၃ ဂိုးစလုံးကို စတာလင်းကပဲ သွင်းပေးခဲ့ပါတယ်။

ကွာတားနဲ့ ဆီမီး ပွဲတွေမှာ စတာလင်း ဂိုးမသွင်း နိုင်တော့ပေမယ့် အသင်းရရှိခဲ့တဲ့ ဂိုးတစ်ချို့က သူနဲ့ ပတ်သတ်ခဲ့ပါတယ်။

ယူကရိန်းကို ဂိုးပြတ် အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲမှာ ဟယ်ရီကိန်းကို လှပသေသပ်တဲ့ ဖန်တီးပေးမှုပေးခဲ့ပါတယ်။

ဒိန်းမတ်နဲ့ ပွဲမှာလည်း ဆိုင်မွန်ခါဂျာ ကိုယ့်ဂိုးကိုယ် မသွင်းမိခဲ့ရင် ဒီဂိုးက စတာလင်ရဲ့ ခြေထောက်နဲ့ ကျိန်းသေထိပြီး ဂိုးရမှာပါ။

အနိုင်ဂိုး ဖြစ်စေမယ့် ပင်နယ်တီ ကလည်း စတာလင်း ကြောင့် ရခဲ့တာပါပဲ။

စတာလင် ဟာ လက်ရှိ အင်္ဂလန် အသင်းမှာ အသက်အကြီးဆုံး မဟုတ်ပေမယ့် အတွေ့အကြုံ အများဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

သူ့ဟာ မန်စီးတီး နဲ့ ကစားလာခဲ့တဲ့ ဗိုလ်လုပွဲ အတွေ့အကြုံတွေဟာ ကျန်တဲ့ ကစားသမားတွေထက် အများကြီး ပိုနေခဲ့ပြီး လာမယ့် အီတလီနဲ့ ဗိုလ်လုပွဲဟာ စတာလင်း အတွက် ၁၉ ခုမြောက် ဗိုလ်လုပွဲ ဖြစ်လာတော့မှာပါ။

စတာလင်း ဟာ အင်္ဂလန်အတွက် အဓိက ပြိုင်ပွဲကြီး ၄ ခု မှာ ပါဝင် ကစားထားခဲ့ ပြီးပါပြီ။

၂၀၁၄ ကမ္ဘာ့ဖလားမှာ တုန်းက စတာလင်ဟာ ချာတိတ် အဆင့်ပဲ ရှိခဲ့ပါတယ်။

ယူရို ၂၀၁၆ မှာတော့ အင်္ဂလန်ရဲ့ ကျုရှူံးမှုနဲ့ အတူ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဝေးလ် နဲ့ ကစားခဲ့တဲ့ပွဲမှာ ဆိုရင် အင်္ဂလန် ပရိသတ်တွေ ကိုယ်တိုင် စတာလင် ကို အော်ဟစ် လှောင်ပြောင်ခဲ့ကြတာပါ။

၂၀၁၈ ကမ္ဘာ့ဖလား မှာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပေမယ့် စတာလင်း က ချီးကျုး ဂုဏ်ပြုခံရတဲ့ အထဲမှာမပါခဲ့ပါဘူး။

ဒီတစ်ကြိမ် မှာတော့ စတာလင်း ဟာ နိုင်ငံ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရဖို့နဲ့ လက်တစ်ကမ်း အကွာကို ရောက်ရှိလာခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဝဖန္သံေတြ တိတ္ေစခဲ့ၿပီး အဂၤလန္ ပရိသတ္ေတြဆီက လက္ခုပ္သံေတြ ျပန္ၿပီးရယူေနတဲ့ စတာလင္း

ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက မန္စီးတီး ခ်န္ပီယံဆုဖလားေတြ ရခဲ့ေပမယ့္ ေတာင္ပံကစားသမား စတာလင္းအတြက္ကေတာ့ ေအာင္ျမင္တဲ့ ေဘာလုံးရာသီတစ္ခုလို႔ ေျပာလို႔ မရပါဘူး။ စတာလင္းဟာ နည္းျပ ၈ြာဒီယိုလာရဲ႕ မန္စီးတီးအသင္းအတြက္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ႏွစ္ေက်ာ့ မွာ ၂ မိနစ္ ၊ ဆီမီးဖိုင္နယ္ မွာ ၈ မိနစ္သာ ကစားခြင့္ရခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ ယူ႐ို ၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာ စတာလင္ ဟာ ပြဲကစားခြင့္ အမ်ားအျပား ရမွာမဟုတ္ဘူးလို႔ ပရိသတ္ေတြက ထင္ခဲ့ပါတယ္။

အဂၤလန္နည္းျပ ေဆာက္ဂိတ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာတုန္းက ကစားရတဲ့ ေျခစစ္ပြဲေတြ မွာ စတာလင္ အစား ဂယ္ရီလစ္ရွ္ ၊ ဆာကာ တို႔ကို သုံးခဲ့သလို ႏိုဝင္ဘာ ပြဲစဥ္ေတြ မွာလည္း ဖိုဒန္ နဲ႔ ဆန္ခ်ိဳ တို႔ကို ထည့္သုံးၿပီး စတာလင္ ကို ေခါက္ထားခဲ့ပါတယ္။ ဒါေပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ အဖြင့္ ပြဲစဥ္ ျဖစ္တဲ့ ခ႐ိုေအးရွား နဲ႔ ပြဲမွာေတာ့ စတာလင္း ဟာ အဂၤလန္ရဲ႕ ပြဲထြက္ စာရင္းမွာ ပါဝင္လာခဲ့ၿပီး အဲ့ဒိ ပြဲမွာ ေျခစြမ္းျပ ကစားႏိုင္ခဲ့သလို အဂၤလန္ ရဲ႕ အႏိုင္ဂိုးကို သြင္းယူ ေပးသြားခဲ့ၿပီး အားလုံးကို အံံအားသင့္ေစခဲ့ပါတယ္။

စေကာ့တလန္ နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲက လြဲရင္ အဂၤလန္ရဲ႕ ၁၆ သင္းဆင့္အထိ ရရွိ ခဲ့တဲ့ ၃ ဂိုးစလုံးကို စတာလင္းက ပဲ သြင္းေပးခဲ့ပါတယ္ ။ ကြာတားနဲ႔ ဆီမီး ပြဲေတြမွာ စတာလင္း ဂိုးမသြင္း ႏိုင္ေတာ့ေပမယ့္ အသင္းရရွိခဲ့တဲ့ ဂိုးတစ္ခ်ိဳ႕က သူနဲ႔ ပတ္သတ္ခဲ့ပါတယ္။

ယူကရိန္းကို ဂိုးျပတ္ အႏိုင္ရတဲ့ ကြာတားဖိုင္နယ္ပြဲမွာ ဟယ္ရီကိန္းကို လွပေသသပ္တဲ့ ဖန္တီးေပးမႈေပးခဲ့ပါတယ္။ ဒိန္းမတ္နဲ႔ ပြဲမွာလည္း ဆိုင္မြန္ခါဂ်ာ ကိုယ့္ဂိုးကိုယ္ မသြင္းမိခဲ့ရင္ ဒီဂိုးက စတာလင္ရဲ႕ ေျခေထာက္နဲ႔ က်ိန္းေသထိၿပီး ဂိုးရမွာပါ။ အႏိုင္ဂိုး ျဖစ္ေစမယ့္ ပင္နယ္တီ ကလည္း စတာလင္း ေၾကာင့္ ရခဲ့တာပါပဲ။ စတာလင္ ဟာ လက္ရွိ အဂၤလန္ အသင္းမွာ အသက္အႀကီးဆုံး မဟုတ္ေပမယ့္ အေတြ႕အႀကဳံ အမ်ားဆုံး ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႔ဟာ မန္စီးတီး နဲ႔ ကစားလာခဲ့တဲ့ ဗိုလ္လုပြဲ အေတြ႕အႀကဳံေတြဟာ က်န္တဲ့ ကစားသမားေတြထက္ အမ်ားႀကီး ပိုေနခဲ့ၿပီး လာမယ့္ အီတလီနဲ႔ ဗိုလ္လုပြဲဟာ စတာလင္း အတြက္ ၁၉ ခုေျမာက္ ဗိုလ္လုပြဲ ျဖစ္လာေတာ့မွာပါ။

စတာလင္း ဟာ အဂၤလန္အတြက္ အဓိက ၿပိဳင္ပြဲႀကီး ၄ ခု မွာ ပါဝင္ ကစားထားခဲ့ ၿပီးပါၿပီ။ ၂၀၁၄ ကမာၻ႔ဖလားမွာ တုန္းက စတာလင္ဟာ ခ်ာတိတ္ အဆင့္ပဲ ရွိခဲ့ပါတယ္။ ယူ႐ို ၂၀၁၆ မွာေတာ့ အဂၤလန္ရဲ႕ က်ဳရႉံးမႈနဲ႔ အတူ ေဝဖန္မႈေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ေဝးလ္ နဲ႔ ကစားခဲ့တဲ့ပြဲမွာ ဆိုရင္ အဂၤလန္ ပရိသတ္ေတြ ကိုယ္တိုင္ စတာလင္ ကို ေအာ္ဟစ္ ေလွာင္ေျပာင္ခဲ့ၾကတာပါ။ ၂၀၁၈ ကမာၻ႔ဖလား မွာ အဂၤလန္အသင္း ဆီမီးဖိုင္နယ္ တက္ေရာက္ခဲ့ေပမယ့္ စတာလင္း က ခ်ီးက်ဳး ဂုဏ္ျပဳခံရတဲ့ အထဲမွာမပါခဲ့ပါဘူး။ ဒီတစ္ႀကိမ္ မွာေတာ့ စတာလင္း ဟာ ႏိုင္ငံ့ သူရဲေကာင္းအျဖစ္ ဂုဏ္ျပဳခံရဖို႔နဲ႔ လက္တစ္ကမ္း အကြာကို ေရာက္ရွိလာခဲ့ပါၿပီ။