ဝေဖန်မှုတွေထွက်နေသလို အဝလွန်နေတယ်ဆိုတာ မဟုတ်ကြောင်းကို အပေါ်ပိုင်းဗလာနဲ့သက်သေပြခဲ့တဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာက ခန္ဓာကိုယ်အဝလွန်နေတယ်ဆိုတဲ့ဝေဖန်မှုတွေကို အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အပေါ်ပိုင်းဗလာနဲ့ သူ့ကြွက်သားတွေကို ထုတ်ပြပြီးတော့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့နွေရာသီအားလပ်ရက်အပန်းဖြေခရီးစဉ်တုန်းက အဝလွန်နေတဲ့သူ့ခန္ဓာကိုယ်ပုံစံကြောင့် ပရိသတ်တွေနဲ့ပြင်သစ်မီဒီယာတွေရဲ့ဝေဖန်တာခံခဲ့ရပြီး

ချီလီအသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း သူ့ခန္ဓာကိုယ်အရွယ်အစားက အဝလွန်နေတဲ့ပုံပေါက်နေတဲ့အတွက် အွန်လိုင်းပေါ်မှာ လှောင်ပြောင်ခံခဲ့ရပါသေးတယ်။

ဒါပေမဲ့ နေမာက သူဟာ အဝလွန်နေတာမဟုတ်ဘဲ ပုံမှန်ဝတ်နေကျဂျာစီအရွယ်အစားထက် G size (ဥရောပရဲ့တိုင်းတာမှုအရ ဆိုက်ဒ်အကြီးဆုံးပမာဏ)ကို ဝတ်ဆင်ခဲ့တာကြောင့် သူ့ခန္ဓာကိုယ်က ပိုကြီးသွားသလိုဖြစ်ခဲ့ရတယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

အခုအချိန်မှာတော့ နေမာက စကားအပြောထက်အလုပ်နဲ့သက်သေပြခဲ့ပြီး ဘရာဇီးလ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အပေါ်ပိုင်းဗလာနဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေနဲ့အတူ

Instagram မှာ Post တင်ပြီးတော့ လူတွေဝေဖန်နေသလို သူ့ခန္ဓာကိုယ်က ပုံပျက်ပန်းပျက်ဖြစ်နေပြီဆိုတာ မဟုတ်ကြောင်းသက်သေပြလိုက်ပါပြီ။

ထူးဆန်းတာက အဲဒီ Post အောက်မှာ နေမာရဲ့ PSG အသင်းဖော်ဘာပေ၊ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဗင်နီစီယက်စ်နဲ့ မာဆယ်လိုတို့က ရယ်မောနေတဲ့ emojis တွေနဲ့ Comment ရေးသားခဲ့ကြတာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီး လာမယ့်ကြားရက်မှာတော့ ပီရူးအသင်းနဲ့ဆက်လက်ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဝဖန္မႈေတြထြက္ေနသလို အဝလြန္ေနတယ္ဆိုတာ မဟုတ္ေၾကာင္းကို အေပၚပိုင္းဗလာနဲ႔သက္ေသျပခဲ့တဲ့ ေနမာ

ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာက ခႏၶာကိုယ္အဝလြန္ေနတယ္ဆိုတဲ့ေဝဖန္မႈေတြကို အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ အေပၚပိုင္းဗလာနဲ႔ သူ႔ႂကြက္သားေတြကို ထုတ္ျပၿပီးေတာ့ ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။ ေနမာဟာ ၿပီးခဲ့တဲ့ေႏြရာသီအားလပ္ရက္အပန္းေျဖခရီးစဥ္တုန္းက အဝလြန္ေနတဲ့သူ႔ခႏၶာကိုယ္ပုံစံေၾကာင့္ ပရိသတ္ေတြနဲ႔ျပင္သစ္မီဒီယာေတြရဲ႕ေဝဖန္တာခံခဲ့ရၿပီး ခ်ီလီအသင္းကို (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာလည္း သူ႔ခႏၶာကိုယ္အ႐ြယ္အစားက အဝလြန္ေနတဲ့ပုံေပါက္ေနတဲ့အတြက္ အြန္လိုင္းေပၚမွာ ေလွာင္ေျပာင္ခံခဲ့ရပါေသးတယ္။ ဒါေပမဲ့ ေနမာက သူဟာ အဝလြန္ေနတာမဟုတ္ဘဲ ပုံမွန္ဝတ္ေနက်ဂ်ာစီအ႐ြယ္အစားထက္ G size (ဥေရာပရဲ႕တိုင္းတာမႈအရ ဆိုက္ဒ္အႀကီးဆုံးပမာဏ)ကို ဝတ္ဆင္ခဲ့တာေၾကာင့္ သူ႔ခႏၶာကိုယ္က ပိုႀကီးသြားသလိုျဖစ္ခဲ့ရတယ္လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ေနမာက စကားအေျပာထက္အလုပ္နဲ႔သက္ေသျပခဲ့ၿပီး ဘရာဇီးလ္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ အေပၚပိုင္းဗလာနဲ႔႐ိုက္ကူးထားတဲ့ဓာတ္ပုံေတြနဲ႔အတူ Instagram မွာ Post တင္ၿပီးေတာ့ လူေတြေဝဖန္ေနသလို သူ႔ခႏၶာကိုယ္က ပုံပ်က္ပန္းပ်က္ျဖစ္ေနၿပီဆိုတာ မဟုတ္ေၾကာင္းသက္ေသျပလိုက္ပါၿပီ။ ထူးဆန္းတာက အဲဒီ Post ေအာက္မွာ ေနမာရဲ႕ PSG အသင္းေဖာ္ဘာေပ၊ လက္ေ႐ြးစင္အသင္းေဖာ္ေတြျဖစ္တဲ့ ဗင္နီစီယက္စ္နဲ႔ မာဆယ္လိုတို႔က ရယ္ေမာေနတဲ့ emojis ေတြနဲ႔ Comment ေရးသားခဲ့ၾကတာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ အာဂ်င္တီးနားအသင္းနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီး လာမယ့္ၾကားရက္မွာေတာ့ ပီ႐ူးအသင္းနဲ႔ဆက္လက္ယွဥ္ၿပိဳင္ကစားရမွာလည္းျဖစ္ပါတယ္။