ဝုလ်ဗ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မှတ်တမ်းကောင်းတွေ ရယူနိုင်ခဲ့တဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ (၄-၁)ဂိုးနဲ့အနိုင်ခဲ့တဲ့အတွက် မန်စီးတီးအသင်းဟာ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပွဲအစ(၁၅)မိနစ်မှာ ဝုလ်ဗ်ကစားသမား ဒန်ဒွန်ကာရဲ့ OG နဲ့ အဖွင့်ဂိုးရခဲ့ပြီး (၆၁)မိနစ်မှာ ဝုလ်ဗ်နောက်ခံလူ ကိုဒီက ချေပဂိုးပြန်သွင်းခဲ့တာကြောင့် မန်စီးတီးအသင်း နိုင်ပွဲဆက်မှတ်တမ်းအဆုံးသတ်လုနီးပါးဖြစ်ခဲ့ရပေမယ့် မိနစ်(၈၀)မှာ ဂျေးဆု၊ မိနစ်(၉၀)မှာ မာရက်ဇ်၊ မိနစ်ပိုင်းအကြာမှာပဲ ဂျေးဆုက နောက်ထပ်ဂိုးတွေ သွင်းယူခဲ့လို့ (၄-၁)ဂိုးနဲ့ပြတ်ပြတ်သားသားအနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုနိုင်ပွဲက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၂၁)ပွဲဆက်နိုင်ပွဲရခဲ့တာဖြစ်သလို ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက စပါးအသင်းကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲနောက်ပိုင်း ပြိုင်ပွဲစုံမှာ (၂၉)ပွဲဆက် ရှုံးပွဲမရှိတော့ဘဲ သူတို့အရင်ကတင်ရှိခဲ့တဲ့ ရှုံးပွဲမရှိစံချိန်ကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီအစပိုင်းမှာ ရလဒ်တွေမတည်ငြိမ်ခဲ့ဘဲ ရုန်းကန်ခဲ့ရပေမယ့် စပါးအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရလဒ်ကောင်းတွေ ဆက်တိုက်ရယူခဲ့သလို အခုဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပါပြီ။

အခုလောလောဆယ်မှာ မန်စီးတီးအသင်းက အဆင့်(၂)နေရာက မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ပွဲပို၊ (၁၅)မှတ်အထိဖြတ်ထားနိုင်ပြီဖြစ်သလို လာမယ့်တစ်ပတ်ကျရင်လည်း မန်ချက်စတာဒါဘီပွဲကစားဖို့ရှိနေတာကြောင့် အဲဒီပွဲမှာသာ အနိုင်ရခဲ့ရင် ချန်ပီယံဖြစ်ဖို့ရာနှုန်းပြည့်သေချာသွားပြီလို့သတ်မှတ်ရမှာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၁၉)ပွဲဆက်ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ဖြစ်တာပြီး အံ့အားသင့်စရာကောင်းတာက အဲဒီ(၁၉)ပွဲမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးပေးရတာတစ်ပွဲမှ မရှိတာကြောင့် ၁၉၉၀ ကျော်ကာလတွေတုန်းက အာဆင်နယ်အသင်း တင်ရှိခဲ့တဲ့ စံချိန်နဲ့ တူညီနေပြီလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်း ဒီလိုရလဒ်ကောင်းတွေ ရယူနေတာမှာ အဓိကကျတဲ့အချက်တစ်ခုကတော့ နည်းပြဂွါဒီယိုလာရဲ့ ကစားသမားတွေကို အလှည့်ကျသုံးစွဲနေတဲ့အချက်ပဲဖြစ်ပါတယ်။ ဂွါဒီယိုလိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမား(၁၁)ယောက်စာရင်းကို အပြောင်းအလဲလုပ်ခဲ့တာက (၇၉)ကြိမ်အထိရှိပြီး ပြိုင်ပွဲစုံမှာ မတူညီတဲ့ကစားသမား(၂၉)ဦးအထိ အသုံးပြုခဲ့သလို သူ့ရဲ့အလှည့်ကျလူထုတ်ပုံကြောင့် အဓိက ကစားသမားတချို့ မပါရင်တောင် ကစားပုံက မပျက်သွားပါဘူး။

ဒါ့အပြင် ဒီရာသီပြိုင်ပွဲစုံမှာ မန်စီးတီးအသင်းအတွက် မတူညီတဲ့ကစားသမား(၁၉)ဦးက ဂိုးတွေသွင်းယူခဲ့ကြပြီး ဒါက တခြားပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ စပါး(၁၇ဦး)၊ ချယ်လ်ဆီး(၁၆ဦး)၊ အာဆင်နယ်(၁၆ဦး)၊ လီဗာပူးလ်(၁၅ဦး)၊ မန်ချက်စတာယူနိုက်တက်(၁၃ဦး)တို့ထက် ပိုများနေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဝုလ္ဗ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ မွတ္တမ္းေကာင္းေတြ ရယူႏိုင္ခဲ့တဲ့ မန္စီးတီး

မေန႔က ဝုလ္ဗ္နဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ (၄-၁)ဂိုးနဲ႔အႏိုင္ခဲ့တဲ့အတြက္ မန္စီးတီးအသင္းဟာ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ပြဲအစ(၁၅)မိနစ္မွာ ဝုလ္ဗ္ကစားသမား ဒန္ဒြန္ကာရဲ႕ OG နဲ႔ အဖြင့္ဂိုးရခဲ့ၿပီး (၆၁)မိနစ္မွာ ဝုလ္ဗ္ေနာက္ခံလူ ကိုဒီက ေခ်ပဂိုးျပန္သြင္းခဲ့တာေၾကာင့္ မန္စီးတီးအသင္း ႏိုင္ပြဲဆက္မွတ္တမ္းအဆုံးသတ္လုနီးပါးျဖစ္ခဲ့ရေပမယ့္ မိနစ္(၈၀)မွာ ေဂ်းဆု၊ မိနစ္(၉၀)မွာ မာရက္ဇ္၊ မိနစ္ပိုင္းအၾကာမွာပဲ ေဂ်းဆုက ေနာက္ထပ္ဂိုးေတြ သြင္းယူခဲ့လို႔ (၄-၁)ဂိုးနဲ႔ျပတ္ျပတ္သားသားအႏိုင္ရခဲ့တာျဖစ္ပါတယ္။ အခုႏိုင္ပြဲက မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစုံ(၂၁)ပြဲဆက္ႏိုင္ပြဲရခဲ့တာျဖစ္သလို ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလတုန္းက စပါးအသင္းကို (၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေနာက္ပိုင္း ၿပိဳင္ပြဲစုံမွာ (၂၉)ပြဲဆက္ ရႈံးပြဲမရွိေတာ့ဘဲ သူတို႔အရင္ကတင္ရွိခဲ့တဲ့ ရႈံးပြဲမရွိစံခ်ိန္ကို ျပန္လည္ပိုင္ဆိုင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ဒီရာသီအစပိုင္းမွာ ရလဒ္ေတြမတည္ၿငိမ္ခဲ့ဘဲ ႐ုန္းကန္ခဲ့ရေပမယ့္ စပါးအသင္းကို ရႈံးနိမ့္ၿပီးတဲ့ေနာက္မွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူခဲ့သလို အခုဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေနပါၿပီ။ အခုေလာေလာဆယ္မွာ မန္စီးတီးအသင္းက အဆင့္(၂)ေနရာက မန္ခ်က္စတာယူႏိုက္တက္အသင္းကို တစ္ပြဲပို၊ (၁၅)မွတ္အထိျဖတ္ထားႏိုင္ၿပီျဖစ္သလို လာမယ့္တစ္ပတ္က်ရင္လည္း မန္ခ်က္စတာဒါဘီပြဲကစားဖို႔ရွိေနတာေၾကာင့္ အဲဒီပြဲမွာသာ အႏိုင္ရခဲ့ရင္ ခ်န္ပီယံျဖစ္ဖို႔ရာႏႈန္းျပည့္ေသခ်ာသြားၿပီလို႔သတ္မွတ္ရမွာပါ။ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး (၁၉)ပြဲဆက္ရႈံးပြဲမရွိေအာင္ ကစားႏိုင္ခဲ့ျဖစ္တာၿပီး အံ့အားသင့္စရာေကာင္းတာက အဲဒီ(၁၉)ပြဲမွာ ၿပိဳင္ဘက္အသင္းကို ဦးေဆာင္ဂိုးေပးရတာတစ္ပြဲမွ မရွိတာေၾကာင့္ ၁၉၉၀ ေက်ာ္ကာလေတြတုန္းက အာဆင္နယ္အသင္း တင္ရွိခဲ့တဲ့ စံခ်ိန္နဲ႔ တူညီေနၿပီလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္း ဒီလိုရလဒ္ေကာင္းေတြ ရယူေနတာမွာ အဓိကက်တဲ့အခ်က္တစ္ခုကေတာ့ နည္းျပဂြါဒီယိုလာရဲ႕ ကစားသမားေတြကို အလွည့္က်သုံးစြဲေနတဲ့အခ်က္ပဲျဖစ္ပါတယ္။ ဂြါဒီယိုလိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားသမား(၁၁)ေယာက္စာရင္းကို အေျပာင္းအလဲလုပ္ခဲ့တာက (၇၉)ႀကိမ္အထိရွိၿပီး ၿပိဳင္ပြဲစုံမွာ မတူညီတဲ့ကစားသမား(၂၉)ဦးအထိ အသုံးျပဳခဲ့သလို သူ႔ရဲ႕အလွည့္က်လူထုတ္ပုံေၾကာင့္ အဓိက ကစားသမားတခ်ိဳ႕ မပါရင္ေတာင္ ကစားပုံက မပ်က္သြားပါဘူး။ ဒါ့အျပင္ ဒီရာသီၿပိဳင္ပြဲစုံမွာ မန္စီးတီးအသင္းအတြက္ မတူညီတဲ့ကစားသမား(၁၉)ဦးက ဂိုးေတြသြင္းယူခဲ့ၾကၿပီး ဒါက တျခားပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ စပါး(၁၇ဦး)၊ ခ်ယ္လ္ဆီး(၁၆ဦး)၊ အာဆင္နယ္(၁၆ဦး)၊ လီဗာပူးလ္(၁၅ဦး)၊ မန္ခ်က္စတာယူႏိုက္တက္(၁၃ဦး)တို႔ထက္ ပိုမ်ားေနတာလည္းျဖစ္ပါတယ္။