ဝုလ်ဗ်ကိုယူနိုက်တက်နိုင်ခဲ့တဲ့ပွဲစဉ်က ပြောစရာအချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်နဲ့ ကစား ခဲ့တဲ့ FA ဖလား ပွဲစဉ် မှာ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ အတွက် မနေ့က အိုးလ်ထရပ်ဖို့ဒ်ကွင်းမှာ ဒုတိယ အကျော့ ကစားခဲ့ရပါတယ် ။ အဲဒီပွဲမှာတော့ ယူနိုက်တက်တို့မာတာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဝုလ်ဗ်ကိုအနိုင်ရခဲ့ပါတယ်။ တစ်ဂိုး၊ဂိုးမရှိနဲ့ပွဲပြီးဆုံးခဲ့တဲ့ ယူနိုက်တက်နဲ့ဝုလ်ဗ်ပွဲစဉ်ကို သတိပြုမိတဲ့ အချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။

Photo internet

ပထမဆုံးပြောချင်တဲ့အချက်ကတော့ ဝုလ်ဗ်ကိုအနိုင်မရခဲ့တာကြာပြီဖြစ်တဲ့ယူနိုက်တက်တို့ မထင်မှတ်ဘဲ အောင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြဖာဂူဆန်လက်ထက်မှာဝုလ်ဗ်အသင်းကိုနောက်ဆုံးနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာနည်းပြဆိုလ်းရှားလက်ထက်မှာတော့ ဝုလ်ဗ်အသင်းနဲ့အလွန်ဆုံးသရေကျအောင်သာ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မနေ့က ကစားမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီး နိုင်ဖို့ရာခိုင်နှုန်းဟာအများကြီး တော့မရှိခဲ့ပါဘူး။ ဒါပေမယ့်ယူနိုက်တက်ကစားသမားတွေဟာ ပရိသတ်တွေပျော်အောင်ဖန်တီးပေးနိုင် ခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ ဆိုးလ်ရှား အတွက် ယူနိုက်တက် နည်းပြ ဘဝနဲ့ ဝုလ်ဗ် အသင်း ကို ပထမဆုံး အကြိမ် အနိုင်ယူ နိုင်ခဲ့တဲ့ပွဲစဉ် ဖြစ်သွား ခဲ့ရပါပြီ။ ဝုလ်ဗ်ကိုအနိုင်ရတာဟာယူနိုက်တက်အသင်း နောက်တစ်ဆင့်တက်နိုင်ရုံသာမက နည်းပြဆိုးလ်ရှားအတွက်လည်း ဖိအားတွေနည်းနည်းလျော့ပါးသွားခဲ့ရပါ တယ်။

photo internet

နောက်တစ်ချက်ကတော့ ပွဲစဉ်ရဲ့ ပွဲချိန် 9 မိနစ် အကျော် မှာ ဖရက်ဒ် ဟာ ဘယ်ခံစစ် ကစားသမား ဖြစ်သူ ဘရန်ဒန် ဝီလီယံ ဆီ ဘောလုံး ပေးခဲ့ ပေမယ့် ကြားထဲ ရပ်နေ ခဲ့တဲ့ မာတစ် ကို ဘောလုံး ထိသွား ခဲ့ပြီး ဂျီမီနက်ဇ် ဆီ ရောက်ရှိ သွားခဲ့ ပါတယ် ။ အဲဒီအချိန် မှာ ဂျီမီနက်ဇ် ဟာ မက်ဂွားယား ကို ကျော်ဖြတ်ပြီး နီတို ဆီ ဘောလုံး ပေးပို့ ခဲ့ ပါတယ် ။ ဒါကို နီတို က အမှားအယွင်း မရှိ ဂိုးသွင်း နိုင်ခဲ့ပြီး အသင်းလိုက် အောင်ပွဲ ခံနေ ခဲ့ ကြတဲ့ အချိန် VAR ရဲ့ဆုံးဖြတ်ချက်ပေါ်ထွက်လာခဲ့ပါတယ်။ ဖြစ်ပုံကတော့ ဂျီမီနက်ဇ် တစ်ယောက် ဘောလုံး ဆွဲပြေးဖို့ လုပ်ဆောင် ခဲ့တဲ့ အချိန် မက်ဂွားယား ရဲ့ ခြေထောက် ကို တက်နင်း သလို ဖြစ်သွား ခဲ့ပြီး ဘောလုံး နဲ့ လက်ဟာ ထိခဲ့တာ ကြောင့် ပစ်ဒဏ်ဘော ဖြစ်သွား ခဲ့လို့ ပါပဲ ။ VAR သာမကယ်ခဲ့ရင် ယူနိုက်တက်အသင်းရဲ့လက်ရှိအနေအထားတစ်မျိုးတစ်မည်ဖြစ်သွားနိုင် သလို၊ ဖရက်ဒ်တစ်ယောက်လည်း အခုအချိန်ပြစ်တင်ဝေဖန်ခံနေရလောက်ပါပြီ။

photo internet

ပြောစရာအချက်တွေထဲမှာ ဟွမ်မာတာကိုလည်း ချန်ထားလို့မရပါဘူး။ ဝုလ်ဗ်ကိုနိုင်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်သူရဲကောင်းကတော့ မာတာပါပဲ။ မြန်မာပရိသတ်အချို့ကတော့ အဲဒီပွဲနဲ့ပြီးသက်ပြီး ကြီးမြတ်သောမာတာလို့ ညွှန်းနေကြပါတယ်။ နှောဝှစ်ချ်ကို 4 – 0 နဲ့ အနိုင်ယူ ခဲ့တဲ့ ပွဲစဉ် မှာလည်း မာတာတစ်ယောက် သေသပ် ကောင်းမွန်တဲ့ ဘောလုံး ပေးပို့ မှု တွေနဲ့ နှစ်ဂိုး ဖန်တီး ပေးနိုင် ခဲ့ ပါတယ်။ ရာသီအစပိုင်းတုန်းကမာတာတစ်ယောက် ချီးကျူးမခံရပေမယ့် အခုတလောမှာတော့ ခြေစွမ်းရှိတယ်ဆိုတဲ့အသံကြားနေရပြန်ပါပြီ။

photo internet

ဘရန်ဒန် ဝီလီယံရဲ့ခြေစွမ်းကလည်းအဲဒီပွဲမှာအသိအမှတ်ပြုခံရတဲ့အခြေအနေရှိပါတယ်။ အဲဒီကောင်လေး ပါဝင်တဲ့ ပွဲစဉ်တွေမှာဆိုရင် သူဟာ ခံစစ်နဲ့တိုက်စစ်ကိုမျှတအောင်ကစားပေးသလို၊ တိုက်စစ်သမားတွေ အတွက်လည်း အထောက်အကူအများကြီးပေးနိုင်စွမ်းရှိပါတယ်။ ရှေ့ဆက်ပြီး ဝီလီယံတစ်ယောက် ခြေစွမ်းဆက်ထိန်းထားနိုင်မယ်၊ ပိုပြီးတိုးတက်အောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ယူနိုက်တက်ရဲ့တောက်ပလာ မယ့်ကြယ်ပွင့်တစ်ပွင့်ဖြစ်လာပါမယ်။

photo internet

နည်းပြဆိုးလ်ရှားတစ်ယောက် ရက်ရှ်ဖို့ကို အရဲစွန့်သုံးခဲ့တာကလည်း ပြောစရာအချက်တစ်ချက်ပါပဲ။ ရက်ရှ်ဖို့ဟာ နောဝှစ်ချ် နဲ့ ပွဲစဉ် တုန်းက ဒဏ်ရာ ပြသနာ ကြုံခဲ့ ရတာ ကြောင့် ဒီနေ့ ပွဲမှာ အရံခုံ ပေါ်မှာပဲ ထိုင်ခဲ့ရ ပါတယ် ။ ဒါပေမယ့်လည်း ဒုတိယပိုင်းပွဲစတဲ့အချိ်န်အထိ တစ်ဂိုးမှမရသေးတဲ့အတွက် ရက်ရှ်ဖို့ တစ်ယောက် ကွင်းထဲဝင်ခဲ့ရပါတယ်။ ရက်ရှ်ဖို့ကို အရဲစွန့်သုံးတာဟာမှန်ကန်ခဲ့တယ်လို့ဆိုရမှာပါ။ ရက်ရှ်ဖို့ကွင်းထဲရောက်ပြီး ယူနိုက်တက်တိုက်စစ် ပိုကောင်းခဲ့ကာ ၊လေးမိနစ်လောက်အကြာမှာပဲ မာရှယ်နဲ့မာတာကြောင့် ဂိုးရရှိခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ဟာ အဆုံးသတ် မကောင်းခဲ့သလိုဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ရက်ရှ်ဖို့တစ်ယောက် ကစားနေရင်းအနာတရဖြစ်ခဲ့ရသလို၊ ပွဲပြီးခါနီးမှာလည်း ဘယ်လိုမှ မဟန်ဆောင်နိုင်ဘဲ ရက်ရှ်ဖို့ဟာလူစားလဲဖို့တောင်းဆိုခဲ့ပါတယ်။

photo internet

ဂိုးသမားရဲ့လက်စွမ်းကိုလည်းချီးကျူးရပါမယ်။ တစ်ဂိုးမှမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တာအတွက် အသိအမှတ်ပြုချီးကျူးခံရဖို့က ထိုက်တန်ပါတယ်။ ကစားသမားတွေနဲ့ပတ်သက်တဲ့ အချက်တွေအပြင် ပရိသတ်တွေနဲ့ပတ်သက်တဲ့အချက်ကိုပါဖော်ပြပေးချင်ပါတယ်။ အိမ်ကွင်းမှာကန်ခဲ့ပေမယ့် ယူနိုက်တက်ပရိသတ်တွေက ဆန္ဒပြနေသလားထင်ရအောင် ပွဲကြည့်စင်မှာလွတ်နေတဲ့ထိုင်ခုံတွေအ များအပြားရှိခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ ဂလေဇာမိသားစုကို ဆန္ဒပြတာလား၊ဒါမှမဟုတ် အိမ်ကနေပဲ အားပေးနေတာလားဆိုတာ ဝေခွဲရခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယူနိုက်တက်ကစားသမားတွေအနေနဲ့တောင် တစ်တောင်ကိုတော့ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အဲဒီရလဒ်ကိုကျေနပ်နေလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် ရှေ့မှာ ခက်ခဲတဲ့ပွဲစဉ်တွေက စောင့်ကြိုနေလို့ပါ။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

၀ုလ္ဗ္ကိုယူႏိုက္တက္ႏိုင္ခဲ့တဲ့ပြဲစဥ္က ေျပာစရာအခ်က္မ်ား

ယူႏိုက္တက္အသင္းဟာ ဝုလ္ဗ္နဲ႔ ကစား ခဲ့တဲ့ FA ဖလား ပြဲစဥ္ မွာ သေရ ရလဒ္ ထြက္ေပၚ ခဲ့တဲ့ အတြက္ မေန႔က အိုးလ္ထရပ္ဖို႔ဒ္ကြင္းမွာ ဒုတိယ အေက်ာ့ ကစားခဲ့ရပါတယ္ ။ အဲဒီပြဲမွာေတာ့ ယူႏိုက္တက္တို႔မာတာရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ ၀ုလ္ဗ္ကိုအႏိုင္ရခဲ့ပါတယ္။ တစ္ဂိုး၊ဂိုးမရိွနဲ႔ပြဲၿပီးဆုံးခဲ့တဲ့ ယူႏိုက္တက္နဲ႔၀ုလ္ဗ္ပြဲစဥ္ကို သတိျပဳမိတဲ့ အခ်က္ေတြကိုတင္ဆက္ေပးလိုက္ပါတယ္။

ပထမဆုံးေျပာခ်င္တဲ့အခ်က္ကေတာ့ ၀ုလ္ဗ္ကိုအႏိုင္မရခဲ့တာၾကာၿပီျဖစ္တဲ့ယူႏိုက္တက္တို႔ မထင္မွတ္ဘဲ ေအာင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ နည္းျပဖာဂူဆန္လက္ထက္မွာ၀ုလ္ဗ္အသင္းကိုေနာက္ဆုံးႏိုင္ခဲ့တဲ့ ယူႏိုက္တက္အသင္းဟာနည္းျပဆိုလ္းရွားလက္ထက္မွာေတာ့ ၀ုလ္ဗ္အသင္းနဲ႔အလြန္ဆုံးသေရက်ေအာင္သာ ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ မေန႔က ကစားမယ့္ပြဲစဥ္နဲ႔ပတ္သက္ၿပီး ႏိုင္ဖို႔ရာခိုင္ႏႈန္းဟာအမ်ားႀကီး ေတာ့မရိွခဲ့ပါဘူး။ ဒါေပမယ့္ယူႏိုက္တက္ကစားသမားေတြဟာ ပရိသတ္ေတြေပ်ာ္ေအာင္ဖန္တီးေပးႏိုင္ ခဲ့ပါတယ္။ အဲဒီပြဲစဥ္ဟာ ဆိုးလ္ရွား အတြက္ ယူႏိုက္တက္ နည္းျပ ဘဝနဲ႔ ဝုလ္ဗ္ အသင္း ကို ပထမဆုံး အႀကိမ္ အႏိုင္ယူ ႏိုင္ခဲ့တဲ့ပြဲစဥ္ ျဖစ္သြား ခဲ့ရပါၿပီ။ ၀ုလ္ဗ္ကိုအႏိုင္ရတာဟာယူႏိုက္တက္အသင္း ေနာက္တစ္ဆင့္တက္ႏိုင္ရုံသာမက နည္းျပဆိုးလ္ရွားအတြက္လည္း ဖိအားေတြနည္းနည္းေလ်ာ့ပါးသြားခဲ့ရပါ တယ္။
ေနာက္တစ္ခ်က္ကေတာ့ ပြဲစဥ္ရဲ႕ ပြဲခ်ိန္ 9 မိနစ္ အေက်ာ္ မွာ ဖရက္ဒ္ ဟာ ဘယ္ခံစစ္ ကစားသမား ျဖစ္သူ ဘရန္ဒန္ ဝီလီယံ ဆီ ေဘာလုံး ေပးခဲ့ ေပမယ့္ ၾကားထဲ ရပ္ေန ခဲ့တဲ့ မာတစ္ ကို ေဘာလုံး ထိသြား ခဲ့ၿပီး ဂ်ီမီနက္ဇ္ ဆီ ေရာက္ရွိ သြားခဲ့ ပါတယ္ ။ အဲဒီအခ်ိန္ မွာ ဂ်ီမီနက္ဇ္ ဟာ မက္ဂြားယား ကို ေက်ာ္ျဖတ္ၿပီး နီတို ဆီ ေဘာလုံး ေပးပို႔ ခဲ့ ပါတယ္ ။ ဒါကို နီတို က အမွားအယြင္း မရွိ ဂိုးသြင္း ႏိုင္ခဲ့ၿပီး အသင္းလိုက္ ေအာင္ပြဲ ခံေန ခဲ့ ၾကတဲ့ အခ်ိန္ VAR ရဲ႕ဆုံးျဖတ္ခ်က္ေပၚထြက္လာခဲ့ပါတယ္။ ျဖစ္ပုံကေတာ့ ဂ်ီမီနက္ဇ္ တစ္ေယာက္ ေဘာလုံး ဆြဲေျပးဖို႔ လုပ္ေဆာင္ ခဲ့တဲ့ အခ်ိန္ မက္ဂြားယား ရဲ႕ ေျခေထာက္ ကို တက္နင္း သလို ျဖစ္သြား ခဲ့ၿပီး ေဘာလုံး နဲ႔ လက္ဟာ ထိခဲ့တာ ေၾကာင့္ ပစ္ဒဏ္ေဘာ ျဖစ္သြား ခဲ့လို႔ ပါပဲ ။ VAR သာမကယ္ခဲ့ရင္ ယူႏိုက္တက္အသင္းရဲ႕လက္ရိွအေနအထားတစ္မ်ဳိးတစ္မည္ျဖစ္သြားႏိုင္သလုိ၊ ဖရက္ဒ္တစ္ေယာက္လည္း အခုအခ်ိန္ျပစ္တင္ေ၀ဖန္ခံေနရေလာက္ပါၿပီ။
ေျပာစရာအခ်က္ေတြထဲမွာ ဟြမ္မာတာကိုလည္း ခ်န္ထားလို႔မရပါဘူး။ ၀ုလ္ဗ္ကိုႏိုင္ခဲ့တဲ့ပြဲစဥ္မွာ ယူႏိုက္တက္သူရဲေကာင္းကေတာ့ မာတာပါပဲ။ ျမန္မာပရိသတ္အခ်ဳိ႕ကေတာ့ အဲဒီပြဲနဲ႔ၿပီးသက္ၿပီး ႀကီးျမတ္ေသာမာတာလို႔ ညႊန္းေနၾကပါတယ္။ ေႏွာဝွစ္ခ်္ကို 4 – 0 နဲ႔ အႏိုင္ယူ ခဲ့တဲ့ ပြဲစဥ္ မွာလည္း မာတာတစ္ေယာက္ ေသသပ္ ေကာင္းမြန္တဲ့ ေဘာလုံး ေပးပို႔ မႈ ေတြနဲ႔ ႏွစ္ဂိုး ဖန္တီး ေပးႏိုင္ ခဲ့ ပါတယ္။ ရာသီအစပိုင္းတုန္းကမာတာတစ္ေယာက္ ခ်ီးက်ဴးမခံရေပမယ့္ အခုတေလာမွာေတာ့ ေျခစြမ္းရိွတယ္ဆိုတဲ့အသံၾကားေနရျပန္ပါၿပီ။
ဘရန္ဒန္ ဝီလီယံရဲ႕ေျခစြမ္းကလည္းအဲဒီပြဲမွာအသိအမွတ္ျပဳခံရတဲ့အေျခအေနရိွပါတယ္။ အဲဒီေကာင္ေလး ပါ၀င္တဲ့ ပြဲစဥ္ေတြမွာဆုိရင္ သူဟာ ခံစစ္နဲ႔တုိက္စစ္ကိုမွ်တေအာင္ကစားေပးသလို၊ တိုက္စစ္သမားေတြ အတြက္လည္း အေထာက္အကူအမ်ားႀကီးေပးႏိုင္စြမ္းရိွပါတယ္။ ေရွ႕ဆက္ၿပီး ၀ီလီယံတစ္ေယာက္ ေျခစြမ္းဆက္ထိန္းထားႏိုင္မယ္၊ပိုၿပီးတိုးတက္ေအာင္လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ ယူႏိုက္တက္ရဲ႕ေတာက္ပလာ မယ့္ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာပါမယ္။
နည္းျပဆိုးလ္ရွားတစ္ေယာက္ ရက္ရွ္ဖို႔ကို အရဲစြန္႔သုံးခဲ့တာကလည္း ေျပာစရာအခ်က္တစ္ခ်က္ပါပဲ။ ရက္ရွ္ဖို႔ဟာ ေနာဝွစ္ခ်္ နဲ႔ ပြဲစဥ္ တုန္းက ဒဏ္ရာ ျပသနာ ႀကံဳခဲ့ ရတာ ေၾကာင့္ ဒီေန႔ ပြဲမွာ အရံခုံ ေပၚမွာပဲ ထိုင္ခဲ့ရ ပါတယ္ ။ ဒါေပမယ့္လည္း ဒုတိယပုိင္းပြဲစတဲ့အခ်္ိ္န္အထိ တစ္ဂိုးမွမရေသးတဲ့အတြက္ ရက္ရွ္ဖို႔ တစ္ေယာက္ ကြင္းထဲ၀င္ခဲ့ရပါတယ္။ ရက္ရွ္ဖို႔ကို အရဲစြန္႔သုံးတာဟာမွန္ကန္ခဲ့တယ္လို႔ဆိုရမွာပါ။ ရက္ရွ္ဖို႔ကြင္းထဲေရာက္ၿပီး ယူႏိုက္တက္တိုက္စစ္ ပိုေကာင္းခဲ့ကာ ၊ေလးမိနစ္ေလာက္အၾကာမွာပဲ မာရွယ္နဲ႔မာတာေၾကာင့္ ဂိုးရရိွခဲ့ပါတယ္။ နည္းျပဆုိးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္ဟာ အဆုံးသတ္ မေကာင္းခဲ့သလုိျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ရက္ရွ္ဖို႔႔တစ္ေယာက္ ကစားေနရင္းအနာတရျဖစ္ခဲ့ရသလုိ၊ ပြဲၿပီးခါနီးမွာလည္း ဘယ္လုိမွ မဟန္ေဆာင္ႏိုင္ဘဲ ရက္ရွ္ဖို႔ဟာလူစားလဲဖို႔ေတာင္းဆိုခဲ့ပါတယ္။
ဂိုးသမားရဲ႕လက္စြမ္းကိုလည္းခ်ီးက်ဴးရပါမယ္။ တစ္ဂိုးမွမေပးရေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာအတြက္ အသိအမွတ္ျပဳခ်ီးက်ဴးခံရဖို႔က ထိုက္တန္ပါတယ္။ ကစားသမားေတြနဲ႔ပတ္သက္တဲ့ အခ်က္ေတြအျပင္ ပရိသတ္ေတြနဲ႔ပတ္သက္တဲ့အခ်က္ကိုပါေဖာ္ျပေပးခ်င္ပါတယ္။ အိမ္ကြင္းမွာကန္ခဲ့ေပမယ့္ ယူႏိုက္တက္ပရိသတ္ေတြက ဆႏၵျပေနသလားထင္ရေအာင္ ပြဲၾကည့္စင္မွာလြတ္ေနတဲ့ထိုင္ခုံေတြအ မ်ားအျပားရိွခဲ့ပါတယ္။ ပရိသတ္ေတြအေနနဲ႔ ဂေလဇာမိသားစုကို ဆႏၵျပတာလား၊ဒါမွမဟုတ္ အိမ္ကေနပဲ အားေပးေနတာလားဆုိတာ ေ၀ခြဲရခက္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ယူႏိုက္တက္ကစားသမားေတြအေနနဲ႔ေတာင္တစ္ေတာင္ကိုေတာ့ေက်ာ္ျဖတ္ႏိုင္ခဲ့ပါၿပီ။ အဲဒီရလဒ္ကိုေက်နပ္ေနလို႔မရပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ေရွ႕မွာ ခက္ခဲတဲ့ပြဲစဥ္ေတြက ေစာင့္ႀကိဳေနလုိ႔ပါ။