ဝုဗ်နဲ့ပွဲမှာ ဖာနန်ဒက်စ်ပါမှာလားဆိုတဲ့အမေးကို ဆိုလ်းရှားဘယ်လိုပြန်ဖြေခဲ့သလဲ

Photo- Internet
Photo- Internet

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူသစ် ဖာနန်ဒက်စ်ဟာ ကြံခိုင်မှုအပြည့်ရှိနေလို့ မနက်ဖြန်(စနေနေ့)မှာ ဝုဗ်နဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာပါဝင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီပွဲမှာ ဖာနန်ဒက်စ်ပါနိုင်မလားလို့ သတင်းထောက်တွေကမေးမြန်းမှုကို အခုလိုဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကိုပြီးခဲ့တဲ့ကြာသပတေးနေ့က ၅ နှစ်ခွဲစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူဟာကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၄၆.၆ သန်းပေးရမှာဖြစ်ပြီးအောင်မြင်မှုအပေါ်မူတည်ကာ ပေါင် ၆၈ သန်းအထိပေးရမှာဖြစ်ပါတယ်။သူဟာမန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၈ ကိုဝတ်မယ်လို့လည်းသိရပါတယ်။

Photo- Internet

သူဟာ မန်ယူနဲ့စာချုပ်လက်မှတ်ထိုးခဲ့တာ ရက်ပိုင်းဘဲရှိသေးလို့ ဝုဗ်နဲ့အရေးပါတဲ့ပွဲမှာ ပါနိုင်မလားလို့သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားကအခုလိုဖြေကြားသွားပါတယ်။ သူက”သူဟာ ဆေးစစ်ပြီးလို့ စာချုပ်လည်းလက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့်အရင်ကတည်းက ကြံခိုင်မှုပြည့်ဝနေလို့ ကစားဖို့အဆင်သင့်ပါဘဲ။

Photo- Internet

သူ့ကိုထည့်သွင်းဖို့ကျွန်တော်လည်း စဉ်းစားနေပါတယ်။ မနက်ဖြန်မှာသူပါမလားဆိုတာစောင့်ကြည့်ကြတာပေါ့” လို့ပြောသွားပါတယ်။ ဖာနန်ဒက်စ်ရောက်ရှိလာမှုက မန်ယူအတွက်သွင်းဂိုးနဲ့ ဖန်တီးပေးမှုတွေပိုပြီးများလာမယ်လို့လည်း ဆိုးလ်ရှားကယုံကြည်နေပါတယ်။

Photo- Internet

ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ စပို့တင်းအတွက် ပေါ်တူဂီအဆင့်မြင့်တန်းမှာ ၁၇ ပွဲကစားပြီး ၈ ဂိုးသွင်းကာ ၇ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ မန်ယူဟာ စပါး၊ ဝုဗ်တို့နဲ့ ၃၄ မှတ်စီတူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၅ မှာရှိနေပြီး စပါးနဲ့ ဝုဗ်တို့က ၆ နဲ့ ၇ တို့မှာရပ်တည်နေတာကြောင့် အိမ်ကွင်းမှာအနိုင်ရဖို့က အရေးပါနေပါတယ်။

Photo- Internet

Zawgyi

၀ုဗ္နဲ႔ပြဲမွာ ဖာနန္ဒက္စ္ပါမွာလားဆိုတဲ႔အေမးကို ဆိုလး္ရွားဘယ္လိုျပန္ေျဖခဲ့သလဲ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ကြင္းလယ္လူသစ္ ဖာနန္ဒက္စ္ဟာ ႀကံခိုင္မႈအျပည့္ရွိေနလို႔ မနက္ျဖန္(စေနေန႔)မွာ ၀ုဗ္နဲ႔ယွဥ္ၿပိဳင္ကစားမယ္႔ပြဲစဥ္မွာပါ၀င္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ ေျပာလိုက္ပါတယ္။ အဲဒီပြဲမွာ ဖာနန္ဒက္စ္ပါႏိုင္မလားလို႔ သတင္းေထာက္ေတြကေမးျမန္းမႈကို အခုလိုေျဖၾကားသြားခဲ့တာျဖစ္ပါတယ္။

မန္ယူအသင္းဟာ ဖာနန္ဒက္စ္ကိုၿပီးခဲ့တဲ႔ၾကာသပေတးေန႔က ၅ ႏွစ္ခြဲစာခ်ဳပ္နဲ႔ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္ယူဟာကစားသမားအတြက္ ကနဦးေျပာင္းေရႊ႕ေၾကးေပါင္ ၄၆.၆ သန္းေပးရမွာျဖစ္ၿပီးေအာင္ျမင္မႈအေပၚမူတည္ကာ ေပါင္ ၆၈ သန္းအထိေပးရမွာျဖစ္ပါတယ္။သူဟာမန္ယူကြင္းလယ္လူေဟာင္း ေပါလ္စခိုးလ္၀တ္ဆင္ခဲ့တဲ႔ ေက်ာနံပါတ္ ၁၈ ကို၀တ္မယ္လို႔လည္းသိရပါတယ္။

သူဟာ မန္ယူနဲ႔စာခ်ဳပ္လက္မွတ္ထိုးခဲ့တာ ရက္ပိုင္းဘဲရွိေသးလို႔ ၀ုဗ္နဲ႔အေရးပါတဲ႔ပြဲမွာ ပါႏိုင္မလားလို႔သတင္းေထာက္ေတြက ေမးျမန္းခဲ့ရာမွာ ဆိုးလ္ရွားကအခုလိုေျဖၾကားသြားပါတယ္။ သူက”သူဟာ ေဆးစစ္ၿပီးလို႔ စာခ်ဳပ္လည္းလက္မွတ္ထိုးခဲ့ပါတယ္။ ဒါေပမယ္႔အရင္ကတည္းက ႀကံခိုင္မႈျပည့္၀ေနလို႔ ကစားဖို႔အဆင္သင့္ပါဘဲ။

သူ႔ကိုထည့္သြင္းဖို႔က်ြန္ေတာ္လည္း စဥ္းစားေနပါတယ္။ မနက္ျဖန္မွာသူပါမလားဆိုတာေစာင့္ၾကည့္ၾကတာေပါ့” လို႔ေျပာသြားပါတယ္။ ဖာနန္ဒက္စ္ေရာက္ရွိလာမႈက မန္ယူအတြက္သြင္းဂိုးနဲ႔ ဖန္တီးေပးမႈေတြပိုၿပီးမ်ားလာမယ္လို႔လည္း ဆိုးလ္ရွားကယုံၾကည္ေနပါတယ္။

ဖာနန္ဒက္စ္ဟာ ဒီရာသီမွာ စပို႔တင္းအတြက္ ေပၚတူဂီအဆင့္ျမင့္တန္းမွာ ၁၇ ပြဲကစားၿပီး ၈ ဂိုးသြင္းကာ ၇ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ မန္ယူဟာ စပါး၊ ၀ုဗ္တို႔နဲ႔ ၃၄ မွတ္စီတူညီေနေပမယ္႔ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၅ မွာရွိေနၿပီး စပါးနဲ႔ ၀ုဗ္တို႔က ၆ နဲ႔ ၇ တို႔မွာရပ္တည္ေနတာေၾကာင့္ အိမ္ကြင္းမွာအႏိုင္ရဖို႔က အေရးပါေနပါတယ္။