ဝုဗ်နဲ့ပွဲမှာ ဒီဘရိုင်းပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဂွါဒီယိုလာအတည်ပြု

Photo Credit

Photo Credit

မန်စီးတီးကွင်းလယ်ကစားသမားဒီဘရိုင်းဟာ ပေါင်ခြံဒဏ်ရာမသက်သာသေးတာကြောင့် ယနေ့ညယှဉ်ပြိုင်ကစားမယ့် ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြဂွါဒီယိုလာကဆိုပါတယ်။ အဆိုပါဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့အပတ်ကအဲဗာတန်အသင်းကို ၃-၁ နဲ့အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒီဘရိုင်းဟာ အသင်းအတွက် အရေးပါတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းကိုလိုက်မီနိုင်ဖို့ သူ့လိုကစားသမားက မန်စီးတီးအသင်းပွဲထွက်လူစာရင်းမှာပါဝင်ဖို့ အမှန်တကယ်လိုအပ်နေတာ ဖြစ်ပါတယ်။

Photo Credit

အဆိုပါ ဒဏ်ရာကြောင့် အင်္ဂါနေ့ကဒိုင်နမိုဇာဂရက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း ဒီဘရိုင်း လွဲချော်ခဲ့ပြီး ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ အသင်းကအားခဲထားခဲ့တာပါ။

Photo Credit

ဂွါဒီယိုလာက နူနိုဆန်တိုရဲ့ဝုဗ်အသင်းနဲ့ပွဲအတွက် ဒီဘရိုင်း အဆင်သင့်မဖြစ်သေးဘူးလို့ အတည်ပြုခဲ့ပေမယ့် နိုင်ငံတကာရက်သတ္တပတ်အပြီးမှာတော့ ပြန်လည်ပါဝင်လာနိုင်ကြောင်း ဆိုခဲ့ပြီး ဒီဘရိုင်းဟာ အဲဒီဒဏ်ရာကြောင့် ဘယ်လ်ဂျီယံအသင်းလူစာရင်းကနေလည်း ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

Photo Credit

ဂွါဒီယိုလာက “ ဒီညပွဲအတွက် သူ ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး၊ တစ်ခါတလေ သူမကစားရပါဘူး၊ နောဝစ်ချ်နဲ့ပွဲစဉ်လိုပေါ့၊ တစ်ခါတစ်ရံလူစားလဲပြီးကစားရတယ်၊ သူကောင်းကောင်းကစားနိုင်တယ်လို့ ခံစားနေရရင် သူ့ခြေစွမ်းက တကယ်ကိုကောင်းပါတယ်၊ နိုင်ငံတကာပွဲစဉ်တွေ ပြီးရင်တော့ သူအဆင်သင့်ဖြစ်နေလောက်ပါပြီ”လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit

စီးတီးနောက်ခံလူကိုင်လီဝေါ်ကာကလည်း နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ဒုတိယအကြိမ် ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြဂွါဒီယိုလာကတော့ အသက် ၂၉ နှစ်အရွယ် ဝေါ်လ်ကာဟာ အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်းမခံရပေမယ့် လာမယ့်ပွဲစဉ်တွေတိုင်းမှာ သူ့ရဲ့ အရည်အသွေးတွေကို သက်သေပြနိုင်မယ်ဆိုတာသံသယမရှိအောင် ယုံကြည်နေပါတယ်။

Photo Credit

Zawgyi

ဝုဗ္နဲ႔ပြဲမွာ ဒီဘ႐ိုင္းပါဝင္ႏိုင္မွာမဟုတ္ဘူးလို႔ ဂြါဒီယိုလာအတည္ျပဳ

မန္စီးတီးကြင္းလယ္ကစားသမားဒီဘရိုင္းဟာ ေပါင္ၿခံဒဏ္ရာမသက္သာေသးတာေၾကာင့္ ယေန႔ညယွဥ္ၿပိဳင္ကစားမယ့္ ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ ပါဝင္ႏိုင္မွာမဟုတ္ဘူးလို႔ နည္းျပဂြါဒီယိုလာကဆိုပါတယ္။ အဆိုပါဘယ္လ္ဂ်ီယံသားဟာ ၿပီးခဲ့တဲ့အပတ္ကအဲဗာတန္အသင္းကို ၃-၁ နဲ႔အႏိုင္ရရွိတဲ့ပြဲစဥ္မွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။
ဒီဘ႐ိုင္းဟာ အသင္းအတြက္ အေရးပါတဲ့ ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆံုးမွာ ရပ္တည္ေနတဲ့ လီဗာပူးအသင္းကိုလိုက္မီႏိုင္ဖို႔ သူ႔လိုကစားသမားက မန္စီးတီးအသင္းပြဲထြက္လူစာရင္းမွာပါဝင္ဖို႔ အမွန္တကယ္လိုအပ္ေနတာ ျဖစ္ပါတယ္။
အဆိုပါ ဒဏ္ရာေၾကာင့္ အဂၤါေန႔ကဒိုင္နမိုဇာဂရက္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလည္း ဒီဘ႐ိုင္း လြဲေခ်ာ္ခဲ့ၿပီး ၀ုဗ္အသင္းနဲ႔ပြဲစဥ္မွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ အသင္းကအားခဲထားခဲ့တာပါ။
ဂြါဒီယိုလာက ႏူႏိုဆန္တိုရဲ႕၀ုဗ္အသင္းနဲ႔ပြဲအတြက္ ဒီဘ႐ိုင္း အဆင္သင့္မျဖစ္ေသးဘူးလုိ႔ အတည္ျပဳခဲ့ေပမယ့္ ႏိုင္ငံတကာရက္သတၱပတ္အၿပီးမွာေတာ့ ျပန္လည္ပါ၀င္လာႏိုင္ေၾကာင္း ဆုိခဲ့ၿပီး ဒီဘ႐ိုင္းဟာ အဲဒီဒဏ္ရာေၾကာင့္ ဘယ္လ္ဂ်ီယံအသင္းလူစာရင္းကေနလည္း ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။
ဂြါဒီယိုလာက “ ဒီညပြဲအတြက္ သူ ႀကံ့ခိုင္မႈ မျပည့္ဝေသးပါဘူး၊ တစ္ခါတေလ သူမကစားရပါဘူး၊ ေနာဝစ္ခ်္နဲ႔ပြဲစဥ္လိုေပါ့၊ တစ္ခါတစ္ရံလူစားလဲၿပီးကစားရတယ္၊ သူေကာင္းေကာင္းကစားႏိုင္တယ္လို႔ ခံစားေနရရင္ သူ႔ေျခစြမ္းက တကယ္ကိုေကာင္းပါတယ္၊ ႏိုင္ငံတကာပြဲစဥ္ေတြ ၿပီးရင္ေတာ့ သူအဆင္သင့္ျဖစ္ေနေလာက္ပါၿပီ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
စီးတီးေနာက္ခံလူကိုင္လီေဝၚကာကလည္း နည္းျပေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းလူစာရင္းမွာ ဒုတိယအႀကိမ္ ခ်န္လွပ္ခံခဲ့ရပါတယ္။ ဒါေပမဲ့ နည္းျပဂြါဒီယိုလာကေတာ့ အသက္ ၂၉ ႏွစ္အရြယ္ ေဝၚလ္ကာဟာ အဂၤလန္အသင္းမွာ ေရြးခ်ယ္ျခင္းမခံရေပမယ့္ လာမယ့္ပြဲစဥ္ေတြတိုင္းမွာ သူ႕ရဲ႕ အရည္အေသြးေတြကို သက္ေသျပႏိုင္မယ္ဆိုတာသံသယမရွိေအာင္ ယံုၾကည္ေနပါတယ္။