
မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တွေဟာ အသင်းကိုကာကွယ်စောင့်ရှောက်ဖိ့ု အသင်းပိုင်ရှင်တွေကို ပြိုင်ပွဲမှထပြန်ပြီး ဆန္ဒပြဖို့ စီစဉ်နေပါတယ် ။
ပရိသတ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာကစားမယ့် ဝုဗ်အသင်းနဲ့ပွဲစဉ် ပွဲချိန် ၅၈ မိနစ်ခန့်မှာ ထပြန်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အဆိုပါ ၅၈ မိနစ်ရဲ့အဓိပါယ်ကတေ့ာ ၁၉၅၈ ခုနှစ်က လေဘေးကပ်ဆိုက်တာကို ရည်ညွန်းတာဖြစ်ပြီး ဒီလိုပရိသတ်တွေ ထပြန်တာဟာ အကျိုးသက်ရောက်မှုတော့ အများကြီးရှိမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဗုဒ်ဓဟူးနေ့က ဘန်လေအသင်းကို ၂-ဝနဲ့ ရှုံးနိမ့်ခဲ့ကာ ကစားသမားတွေကိုလည်း ပရိသတ်တွေက အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို ရှုံးပြီး ကြာသပတေးနေ့မှာပဲ အသင်းရဲ့ ကစားသမားတွေကို Spa နဲ့ Laxury Resort တွေ သွားရောက်ပြီး အပန်းဖြေစေခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေကို ပရိသတ်တွေရဲ့ ဒေါသက ဆူပွက်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေဆိုးရွားနေတာတောင် နည်းပြအိုလီဂန်းနား ဆိုးလ်ရှားကို နည်းပြအဖြစ် ဆက်လက်ခန့်ထားဆဲ ဖြစ်ပါတယ် ။

ဆိုးလ်ရှားကလည်း နောက်ထပ်ကစားသမားတွေကို ထပ်မံခေါ်ယူမှာမဟုတ်ဘူးလိ့ု ပရိသတ်တွေက ထင်မြင်နေပါတယ် ။
ပရိသတ်တွေရဲ့ ဆန္ဒပြမှုဟာ နည်းပြဖြစ်သူ ဆိုးလ်ရှား၊ အမေရိကန်ပိုင်ရှင် ဂလေဇာမိသားစုနဲ့ ဒုတိယဥက္ကဌ အက်ဝုဒ့်ဝါ့တို့ကိုပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ပရိသတ်တွေရဲ့ အမုန်းကို အများဆုံး လက်ခံရယူထားတာကတေ့ာ ယူနိုက်တက်အသင်းရဲ့ ကိစ္စတိုင်းကို ဝင်ရောက်စွတ်ဖက်နေတဲ့ ဒုတိယဥက္ကဌ ဝု့ဒ်ဝါ့ပဲ ဖြစ်ပါတယ် ။