ဝီလျံအတွက် GOAT က မက်ဆီလည်းမဟုတ်၊ ရော်နယ်ဒိုလည်းမဟုတ် ရော်နယ်ဒင်ဟိုသာတည်း…

Photo Credit

Photo Credit

ချဲလ်ဆီးတောင်ပံကစားသမား ဝီလျံခံယူထားတဲ့ သမိုင်းတစ်လျှောက် ထာဝရအကြီးကျယ်ဆုံးကစားသမား(GOAT)ကတော့ အများစုသတ်မှတ်ထားတဲ့ မက်ဆီလည်းမဟုတ်၊ ရော်နယ်ဒိုလည်းမဟုတ်ဘဲ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုပဲဖြစ်ပါတယ်။

Video Credit

လက်ရှိအချိန်မှာ Ballon d’Or ဆု ၅ကြိမ်စီရရှိထားတဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့က သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားအဖြစ် Debate ဖြစ်နေပြီး နေဝင်ချိန်ရောက်လာတော့မယ်လို့ ဆိုနေကြတဲ့တိုင် အကောင်းဆုံးအရာတွေ ထုတ်ပြနေနိုင်ဆဲဖြစ်ပါတယ်။

https://twitter.com/FlFAWC2018/status/1194388399198818309

Video Credit

ဘရာဇီးတောင်ပံကစားသမား ဝီလျံအတွက်တော့ GOAT က သူတို့နှစ်ယောက်မဟုတ်ဘဲ တစ်နိုင်ငံတည်းသား ရော်နယ်ဒင်ဟိုဖြစ်ပြီး အားလုံးခြုံငုံလိုက်ရင် ရော်နယ်ဒင်ဟိုက အကြီးကျယ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit

”ရော်နယ်ဒင်ဟိုက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ထက်လည်း ပိုကောင်းပါတယ်။ မက်ဆီနဲ့ရော်နယ်ဒိုတို့က ဂိုးတွေအများကြီးသွင်းယူနိုင်တာမှန်ပေမယ့် ရော်နယ်ဒင်ဟိုရဲ့စွမ်းဆောင်ရည်ကတော့ အံ့မခန်းပါပဲ”

Photo Credit

”သူဟာ ကွင်းထဲမှာ အံ့အားသင့်စရာအရာတွေ လုပ်ပြနိုင်သလို ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်”လို့ ဝီလျံက ပြောပါတယ်။

Photo Credit

ရှက်တာဒိုးနက်ကစားသမားဟောင်း ဝီလျံက တကယ်လို့များ ရော်နယ်ဒင်ဟိုသာ ဘာစီလိုနာအသင်းမှာသာ ဆက်ကစားခဲ့ရင် ဆုဖလားဒီထက်ပိုမိုရရှိလိမ့်မယ်လို့ ဆိုပါတယ်။

Photo Credit

”ရော်နယ်ဒင်ဟိုရဲ့အမာခံပရိသတ်တစ်ဦးအနေနဲ့ပြောရရင် ဘာစီလိုနာကနေ သူထွက်ခွာသွားတာ အရမ်းစောလွန်းပါတယ်။ တကယ်လို့ သူဟာ အဲဒီမှာဆက်ကစားပြီး ပုံစံကောင်းဆက်ထိန်းနိုင်ရင် ဆုဖလားတွေရော၊ Ballon d’Or ဆုတွေပါ ပိုရမှာသေချာပါတယ်”လို့ ဝီလျံက ပြောပါတယ်။

Photo Credit

ရော်နယ်ဒင်ဟိုဟာ ၂၀၀၅ ခုနှစ်က Ballon d’Or ဆုရရှိခဲ့သလို ၂၀၀၄နဲ့ ၂၀၀၅ တွေမှာလည်း ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေရရှိခဲ့ပေမယ့် ဘာစီလိုနာကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အောင်မြင်မှုတွေ လျင်လျင်မြန်မြန်ကျဆင်းသွားပါတယ်။

Photo Credit

Zawgyi

၀ီလ်ံအတြက္ GOAT က မက္ဆီလည္းမဟုတ္၊ ေရာ္နယ္ဒိုလည္းမဟုတ္ ေရာ္နယ္ဒင္ဟိုသာတည္း…

ခ်ဲလ္ဆီးေတာင္ပံကစားသမား ၀ီလ်ံခံယူထားတ့ဲ သမိုင္းတစ္ေလွ်ာက္ ထာ၀ရအႀကီးက်ယ္ဆုံးကစားသမား(GOAT)ကေတာ့ အမ်ားစုသတ္မွတ္ထားတဲ့ မက္ဆီလည္းမဟုတ္၊ ေရာ္နယ္ဒိုလည္းမဟုတ္ဘဲ ဘရာဇီးတုိက္စစ္မွဴးေဟာင္း ေရာ္နယ္ဒင္ဟုိပဲျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ Ballon d’Or ဆု ၅ႀကိမ္စီရရွိထားတဲ့ မက္ဆီနဲ႔ေရာ္နယ္ဒိုတုိ႔က သမုိင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးကစားသမားအျဖစ္ Debate ျဖစ္ေနၿပီး ေန၀င္ခ်ိန္ေရာက္လာေတာ့မယ္လုိ႔ ဆုိေနၾကတဲ့တုိင္ အေကာင္းဆုံးအရာေတြ ထုတ္ျပေနႏိုင္ဆဲျဖစ္ပါတယ္။
ဘရာဇီးေတာင္ပံကစားသမား ၀ီလ်ံအတြက္ေတာ့ GOAT က သူတို႔ႏွစ္ေယာက္မဟုတ္ဘဲ တစ္ႏုိင္ငံတည္းသား ေရာ္နယ္ဒင္ဟိုျဖစ္ၿပီး အားလံုးၿခံဳငုံလုိက္ရင္ ေရာ္နယ္ဒင္ဟုိက အႀကီးက်ယ္ဆုံးျဖစ္တယ္လုိ႔ ဆုိပါတယ္။
”ေရာ္နယ္ဒင္ဟိုက ကမၻာ့အေကာင္းဆုံးကစားသမားပါ။ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ထက္လည္း ပိုေကာင္းပါတယ္။ မက္ဆီနဲ႔ေရာ္နယ္ဒိုတုိ႔က ဂိုးေတြအမ်ားႀကီးသြင္းယူႏုိင္တာမွန္ေပမယ့္ ေရာ္နယ္ဒင္ဟိုရဲ႕စြမ္းေဆာင္ရည္ကေတာ့ အံ့မခန္းပါပဲ”
”သူဟာ ကြင္းထဲမွာ အံ့အားသင့္စရာအရာေတြ လုပ္ျပႏိုင္သလို ဂိုးေတြလည္း သြင္းယူႏုိင္ခဲ့ပါတယ္”လုိ႔ ၀ီလ်ံက ေျပာပါတယ္။
ရွက္တာဒုိးနက္ကစားသမားေဟာင္း ၀ီလ်ံက တကယ္လုိ႔မ်ား ေရာ္နယ္ဒင္ဟိုသာ ဘာစီလုိနာအသင္းမွာသာ ဆက္ကစားခဲ့ရင္ ဆုဖလားဒီထက္ပိုမိုရရွိလိမ့္မယ္လုိ႔ ဆုိပါတယ္။
”ေရာ္နယ္ဒင္ဟိုရဲ႕အမာခံပရိသတ္တစ္ဦးအေနနဲ႔ေျပာရရင္ ဘာစီလုိနာကေန သူထြက္ခြာသြားတာ အရမ္းေစာလြန္းပါတယ္။ တကယ္လုိ႔ သူဟာ အဲဒီမွာဆက္ကစားၿပီး ပုံစံေကာင္းဆက္ထိန္းႏိုင္ရင္ ဆုဖလားေတြေရာ၊ Ballon d’Or ဆုေတြပါ ပိုရမွာေသခ်ာပါတယ္”လုိ႔ ၀ီလ်ံက ေျပာပါတယ္။
ေရာ္နယ္ဒင္ဟိုဟာ ၂၀၀၅ ခုႏွစ္က Ballon d’Or ဆုရရွိခဲ့သလို ၂၀၀၄နဲ႔ ၂၀၀၅ ေတြမွာလည္း ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုေတြရရွိခဲ့ေပမယ့္ ဘာစီလုိနာကေန ထြက္ခြာသြားၿပီးေနာက္ပိုင္း ေအာင္ျမင္မႈေတြ လ်င္လ်င္ျမန္ျမန္က်ဆင္းသြားပါတယ္။