
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းနဲ့ပတ်သက်ရင် သံယောဇဉ်ကြီးတတ်တဲ့ Baby Jack ကို အာဆင်နယ်ပရိသတ်တွေကလည်း သံယောဇဉ်ရှိနေတုန်းပါပဲ။
အလုပ်လက်မဲ့ဖြစ်နေလို့ သူ့သားတွေ ငြိုငြင်မှာကို စိုးရိမ်နေကြောင်း ဟိုတလောက Baby Jack ဖွင့်ဟခဲ့တော့ အာဆင်နယ်အသင်းမှာ သူ့အတွက် တစ်နေရာ ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတဲ့ ဂန်းနားဖန်တွေရှိခဲ့ပါတယ်။
Baby Jackလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဂျက်ဝီလ်ရှီးယားဟာ အသက် ၃၀နှစ်တောင် မပြည့်သေးပါဘူး။
ဒါပေမယ့် ဒဏ်ရာတွေရဲ့နှိပ်စက်မှုကြောင့် သူ့ကို ရဲရဲတင်းတင်း ခေါ်ချင်တဲ့အသင်းမရှိဘဲဖြစ်နေပါတယ်။
ဟိုတလောက စီးရီးဘီကလပ် ကိုမိုအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး အီတလီကလပ်ကို အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့အတွက် သူ စီစဉ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ပတ်စ်ပို့ပြဿနာကြောင့် ကိုမိုအသင်းကို ပြောင်းမယ့်အစီအစဉ်ကလည်း အဆင်မပြေခဲ့ပြန်ပါဘူး။
အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့ ဝီလ်ရှီးယားကို ကယ်တင်ဖို့ အခုနောက်ဆုံး လက်တစ်စုံကမ်းလှမ်းသူကတော့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်နည်းပြ အာတီတာပါ။
အာတီတာဟာ တစ်ချိန်က အာဆင်နယ်အသင်းမှာ သူနဲ့ ကစားဖော်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဂျက်ဝီလ်ရှီးယားသာ အာဆင်နယ်ကို ပြန်လာချင်ရင်အမြဲတမ်း ကြိုဆိုကြောင်း အာတီတာက ပြောလိုက်ပါတယ်။
“ကျွန်တော်တို့ဟာ တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသားပါ။
ကစားသမားဘဝတုန်းက အဝတ်လဲခန်းအတူသုံးခဲ့ကြသူတွေလည်းဖြစ်ပါတယ်။
သူ့ကို အသင်းနဲ့ပတ်သက်သူအားလုံးက သံယောဇဉ်ရှိကြပါတယ်။
သူ့အတွက် ကျွန်တော်တို့ကတော့ အမြဲတံခါးဖွင့်ထားပေးပါတယ်”လို့ အာတီတာက ပြောပါတယ်။
အာတီတာနဲ့ ဝီလ်ရှီးယားတို့ဟာ အာဆင်နယ်အသင်းမှာ ၅နှစ်လောက်အတူတွဲကစားခဲ့ဖူးပြီး အသင်းတစ်သင်းနဲ့ စာချုပ်မချုပ်နိုင်ခင် အာဆင်နယ်အသင်းမှာ ဝီလ်ရှီးယား လာရောက်လေ့ကျင့်နိုင်ဖွယ်ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဝီလ္ရွီးယား အတြက္ တံခါးအၿမဲဖြင့္ထားတယ္လို႔ ေျပာလိုက္တဲ့ အာတီတာ
အာဆင္နယ္အသင္းနဲ႔ပတ္သက္ရင္ သံေယာဇဥ္ႀကီးတတ္တဲ့ Baby Jack ကို အာဆင္နယ္ပရိသတ္ေတြကလည္း သံေယာဇဥ္ရွိေနတုန္းပါပဲ။ အလုပ္လက္မဲ့ျဖစ္ေနလို႔ သူ႔သားေတြ ၿငိဳျငင္မွာကို စိုးရိမ္ေနေၾကာင္း ဟိုတေလာက Baby Jack ဖြင့္ဟခဲ့ေတာ့ အာဆင္နယ္အသင္းမွာ သူ႔အတြက္ တစ္ေနရာ ေပးႏိုင္ရင္ သိပ္ေကာင္းမွာပဲလို႔ ေတြးမိတဲ့ ဂန္းနားဖန္ေတြရွိခဲ့ပါတယ္။
Baby Jackလို႔ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ ဂ်က္ဝီလ္ရွီးယားဟာ အသက္ ၃၀ႏွစ္ေတာင္ မျပည့္ေသးပါဘူး။ ဒါေပမယ့္ ဒဏ္ရာေတြရဲ႕ႏွိပ္စက္မႈေၾကာင့္ သူ႔ကို ရဲရဲတင္းတင္း ေခၚခ်င္တဲ့အသင္းမရွိဘဲျဖစ္ေနပါတယ္။ ဟိုတေလာက စီးရီးဘီကလပ္ ကိုမိုအသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ၿပီး အီတလီကလပ္ကို အလႊတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းဖို႔အတြက္ သူ စီစဥ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ပတ္စ္ပို႔ျပႆနာေၾကာင့္ ကိုမိုအသင္းကို ေျပာင္းမယ့္အစီအစဥ္ကလည္း အဆင္မေျပခဲ့ျပန္ပါဘူး။
အခက္အခဲေတြနဲ႔ ႐ုန္းကန္ေနရတဲ့ ဝီလ္ရွီးယားကို ကယ္တင္ဖို႔ အခုေနာက္ဆုံး လက္တစ္စုံကမ္းလွမ္းသူကေတာ့ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အာဆင္နယ္နည္းျပ အာတီတာပါ။ အာတီတာဟာ တစ္ခ်ိန္က အာဆင္နယ္အသင္းမွာ သူနဲ႔ ကစားေဖာ္ေဟာင္းတစ္ဦးျဖစ္ခဲ့တဲ့ ဂ်က္ဝီလ္ရွီးယားသာ အာဆင္နယ္ကို ျပန္လာခ်င္ရင္အၿမဲတမ္း ႀကိဳဆိုေၾကာင္း အာတီတာက ေျပာလိုက္ပါတယ္။
“ကြၽန္ေတာ္တို႔ဟာ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိၿပီးသားပါ။ ကစားသမားဘဝတုန္းက အဝတ္လဲခန္းအတူသုံးခဲ့ၾကသူေတြလည္းျဖစ္ပါတယ္။ သူ႔ကို အသင္းနဲ႔ပတ္သက္သူအားလုံးက သံေယာဇဥ္ရွိၾကပါတယ္။ သူ႔အတြက္ ကြၽန္ေတာ္တို႔ကေတာ့ အၿမဲတံခါးဖြင့္ထားေပးပါတယ္”လို႔ အာတီတာက ေျပာပါတယ္။
အာတီတာနဲ႔ ဝီလ္ရွီးယားတို႔ဟာ အာဆင္နယ္အသင္းမွာ ၅ႏွစ္ေလာက္အတူတြဲကစားခဲ့ဖူးၿပီး အသင္းတစ္သင္းနဲ႔ စာခ်ဳပ္မခ်ဳပ္ႏိုင္ခင္ အာဆင္နယ္အသင္းမွာ ဝီလ္ရွီးယား လာေရာက္ေလ့က်င့္ႏိုင္ဖြယ္ရွိေနပါတယ္။