
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးနည်းပြ တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလုပ်လေ့ရှိတဲ့ ခရစ္စတယ်ပဲလေ့စ်ဥက္ကဌဟောင်း ဆိုင်မွန်ဂျော်ဒန်က ဒီတစ်ခါမှာလည်း ဝိန်းရွန်းနီ အပေါ် ဝေဖန်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။
ဆိုင်မွန်ဂျော်ဒန်က talksport ရဲ့ သုံးသပ်မှု အစီအစဉ်မှာ “ကျွန်တော် အမြင်က တော့ ရွန်းနီဟာ အရည်အချင်းရှိတဲ့ နည်းပြတစ်ယောက်လို့ မမြင်မိပါဘူး။
အရည်အချင်းရှိတဲ့ကစားသမားတစ်ယောက် နည်းပြ လောကထဲကို စဝင်တဲ့ အချိန်မှာ အသင်းက ကစားသမားတွေ အပေါ်မှာ သြဇာလွှမ်းမိုးမှုရှိကြတယ်။ အခု ဝိန်းရွန်းနီ လည်း ဒီလိုမျိုး ရောက်လာခဲ့တာပါပဲ။
၂၀၂၀ ခုနှစ်ရဲ့ မထင်မှတ်တဲ့အချိန်မှာ သူဟာ ဒါဘီကောင်တီကို အံသြသင့်ဖွယ် ရောက်ရှိလားခဲ့တယ်။ အသင်းနဲ့လည်း တာထွက်ကောင်းခဲ့တယ်။
ဒါပေမယ့်ရာသီမကုန်ခင်၁၂ပွဲရောက်ရော သူ့အရည်အချင်းတန်းပေါ်လာတာပါပဲ။
အဲဒီအချိန်မှာ နည်းပြအရည်အချင်းရှိတဲ့သူတစ်ယောက်သာဆိုရင် ဘာလုပ်ရမယ်ဆိုတာ သိနိုင်တာပေါ့။
အဲ့သည့်အချိန်တုန်းက အသင်းက တန်းဆင်းရမယ့် အခြေအနေအထိကိုရောက်နေပြီ ရွန်းနီလက်အောက်မှာ အခြေအနေက အတော့်ကို ဆိုးရွားသွားခဲ့တယ်။
ရွန်းနီအနေနဲ့နည်းပြအလုပ်နဲ့ပတ်သက်ပြီး ဒီထက်ပိုသိနိုင်ဖို့ သင်ကြားရပါဦးမယ်။ အခုသူက ဒါဘီကို လှေကားထစ်တစ်ခုလို သူ့နည်းပြဘဝ လမ်းအတွက်အသုံးချ နေတယ်” လို့ပြောကြားသွားပါတယ်။
အသက်၃၅နှစ်ရှိပြီဖြစ်တဲ့ အဲဗာတန်၊ ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင်ကစားသမားဟောင်းဟာ ၂၀၂၀ ဇန်နဝါရီလက ဒီစီယူနိုက်တက်ကနေ
ဒါဘီကောင်တီအသင်းဆီကို (ကစားသမား၊ နည်းပြ) တစ်ဦးအနေနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက နည်းပြချုပ် ကိုကူး နဲ့ ဒါဘီတို့ စာချုပ်ရပ်ဆိုင်းပြီးချိန်မှာ ရွန်းနီဟာ ယာယီနည်းပြဖြစ်လာခဲ့ပါတယ်။
ဒါဘီကောင်တီရဲ့ အားကစားဒါရိုက်တာ စတီးဗ် မက်ကလာရင်းရဲ့ ထောက်ခံမှုတွေရခဲ့တဲ့ ရွန်းနီဟာ ဒါဘီအသင်းကိုယာယီနည်းပြအဖြစ် ကိုင်တွယ်စဉ်က
ရှုံးပွဲတွေ ဆက်တိုက် ဖြစ်နေခဲ့တာကို ရပ်တန့်နိုင်ခဲ့ပြီး ရလဒ်ကောင်းတစ်ချို့ ရယူနိုင်ခဲ့တာကြောင့် ဇန်နဝါရီလမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက နောက်ဆုံးချန်ပီယံရှစ်ပွဲ (၁၅) ပွဲမှာ သရေ (၄)ပွဲနဲ့ နိုင်ပွဲ (၁)ပွဲ ပဲတည်းသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ရှက်ဖီးလ်ဝင်းနက်စ်ဒေးနဲ့ ရာသီသိမ်း နောက်ဆုံး ပွဲစဉ်မှာ ၃ဂိုးစီသရေကျခဲ့လို့သာ လိဂ်၁ ကို တန်းဆင်းရတော့မယ့် အရေးကနေ သီသီလေးလွတ်မြောက်ခဲ့ပါတယ်။
ဒီရာသီရဲ့ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် ယူနိုက်တက်နဲ့ မနက်ဖန်တနင်္ဂနွေနေ့ ညနေ (၆း၃၀)မှာ ကစားဖို့ရှိသလို
ဆဲလိဖိုဒ်စီးတီး၊ ရီးရဲလ် ဘက်တစ်တို့နဲ့ ရင်ဆိုင်ကစားရဖို့ရှိနေပေမယ့် လက်ရှိအချိန်မှာ ဒါဘီဟာဘဏ္ဍာရေးပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး
နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူနိုင် ရေး အခက်တွေ့ နေပါတယ်။
ဩဂုတ်လ၇ရက်နေ့မှာတော့ ချန်ပီယံရှစ်ရဲ့ ရာသီအဖွင့်ပွဲစဉ် အဖြစ် ဒါဘီဟာ ဟက်ဒါဖီးလ်နဲ့ကစားရပါမယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဝိန်းရွန်းနီရဲ့ နည်းပြ အရည်အချင်းကို ဆိုင်မွန်ဂျော်ဒန်က ဝေဖန်ထိုးနှက်