

ဒါဘီအသင်းမှာ ကစားသမားနည်းပြ အဖြစ်တာဝန်ယူတော့မယ့် အင်္ဂလန်လက်ရွေးစင်ဟောင်း ဝိန်းရူနီကို ကျောနံပါတ် ၃၂ ဝတ်ဆင်ဖို့အတွက် အက်ဖ်အေကခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရပါတယ်။ ရူနီဟာ ဒါဘီနည်းပြ ဖိလစ်ကိုကူးရဲ့နည်းပြအဖွဲ့ဝင်အဖြစ်သာမက ကစားသမားအဖြစ်ပါ ဝင်ကစားမှာဖြစ်ပါတယ်။
သူဟာ ဒီစီယူနိုက်တက်နဲ့ စာချုပ်သက်တမ်းမကုန်ခင်ကတည်းက ဒါဘီကိုလာဖို့သဘောတူညီထားတာဖြစ်ပါတယ်။ စည်းမျဉ်းတွေအရ လာမယ့် ဇန်နဝါရီ ၁ ရောက်မှ ဒါဘီရဲ့တရားဝင်ကစားသမားအဖြစ် ရပ်တည်နိုင်မှာဖြစ်ပေမယ့် သူဟာပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ရောက်ရှိနေပြီးလေ့ကျင့်ခန်းတွေပြုလုပ်နေတာပါ။

ဒါဟာအသင်းနဲ့ အသားကျဖို့အပြင် ကစားဖော်တွေရဲ့အကြောင်းကို ပိုမိုသိရှိဖို့လည်း ရည်ရွယ်တာဖြစ်ပါတယ်။ သူ့ကို ဒါဘီက ကျောနံပါတ် ၃၂ ပေးထားပေမယ့် ကလပ်ရဲ့စပွန်ဆာဖြစ်တဲ့ 32Red ကိုကိုယ်စားပြုနေလို့ ဒီနံပါတ်ဝတ်ခွင့် အတွက် အငြင်းပွားမှုတွေ ရှိခဲ့ပါသေးတယ်။ 32Red ဟာဘွတ်ကီတစ်ခုဖြစ်လို့ လောင်းကစားဒိုင်ကို ကြော်ငြာပေးသလိုဖြစ်မှာကို အက်ဖ်အေက စိုးရိမ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အက်ဖ်အေဟာ သူတို့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ရာကျမကျ ပြန်လည်ဆန်းစစ်ခဲ့ပေမယ့် ဒါဘီက 32Red ကစပွန်ဆာပေးထားတဲ့ အခြားအသင်းက ကစားသမားတွေလည်း ၃၂ ဝတ်ဆင်တဲ့သူရှိတယ်လို့ ခိုင်လုံစွာတင်ပြနိုင်ခဲ့တဲ့အတွက် ဒီနံပါတ်ကို ရူနီဝတ်ဆင်ခွင့် ရသွားတာဖြစ်ပါတယ်။

အခုဆိုရင် ဒါဘီဟာ ရူနီကြောင့် ပရိသတ်ပိုမိုအားပေးလာမယ်လို့ မျှော်လင့်နေတဲ့အပြင် ရာသီဝက်လက်မှတ်တွေမှာလည်း ရူနီရဲ့ပုံရိပ်ကိုအသုံးပြုက ဆွဲဆောင်နေတယ်လို့ သိရပါတယ်။ ဒါဘီဟာ ဒီရာသီမှာရလဒ်တွေဆိုးရွားနေပြီး ချန်ပီယံရှစ်မှာ အဆင့် ၁၄ ကိုရောက်ရှိနေလို့ ရူနီကိုအများကြီးမျှော်လင့်နေကြပါတယ်။

Zawgyi
၀ိန္းရူနီ ေက်ာနံပါတ္ ၃၂ ၀တ္ဆင္ဖို႔ အက္ဖ္ေအခြင့္ျပဳခ်က္ေပး
ဒါဘီအသင္းမွာ ကစားသမားနည္းျပ အျဖစ္တာ၀န္ယူေတာ႔မယ္႔ အဂၤလန္လက္ေရြးစင္ေဟာင္း ၀ိန္းရူနီကို ေက်ာနံပါတ္ ၃၂ ၀တ္ဆင္ဖို႔အတြက္ အက္ဖ္ေအကခြင့္ျပဳခ်က္ေပးလိုက္ၿပီလို႔ သိရပါတယ္။ ရူနီဟာ ဒါဘီနည္းျပ ဖိလစ္ကိုကူးရဲ႕နည္းျပအဖြဲ႔၀င္အျဖစ္သာမက ကစားသမားအျဖစ္ပါ ၀င္ကစားမွာျဖစ္ပါတယ္။
သူဟာ ဒီစီယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းမကုန္ခင္ကတည္းက ဒါဘီကိုလာဖို႔သေဘာတူညီထားတာျဖစ္ပါတယ္။ စည္းမ်ဥ္းေတြအရ လာမယ္႔ ဇန္န၀ါရီ ၁ ေရာက္မွ ဒါဘီရဲ႕တရား၀င္ကစားသမားအျဖစ္ ရပ္တည္ႏိုင္မွာျဖစ္ေပမယ္႔ သူဟာၿပီးခဲ့တဲ႔ ေအာက္တိုဘာလကတည္းက ေရာက္ရွိေနၿပီးေလ႔က်င့္ခန္းေတြျပဳလုပ္ေနတာပါ။
ဒါဟာအသင္းနဲ႔ အသားက်ဖို႔အျပင္ ကစားေဖာ္ေတြရဲ႕အေၾကာင္းကို ပိုမိုသိရွိဖို႔လည္း ရည္ရြယ္တာျဖစ္ပါတယ္။ သူ႔ကို ဒါဘီက ေက်ာနံပါတ္ ၃၂ ေပးထားေပမယ္႔ ကလပ္ရဲ႕စပြန္ဆာျဖစ္တဲ႔ 32Red ကိုကုိယ္စားျပဳေနလို႔ ဒီနံပါတ္၀တ္ခြင့္ အတြက္ အျငင္းပြားမႈေတြ ရွိခဲ့ပါေသးတယ္။ 32Red ဟာဘြတ္ကီတစ္ခုျဖစ္လို႔ ေလာင္းကစားဒိုင္ကို ေၾကာ္ျငာေပးသလိုျဖစ္မွာကို အက္ဖ္ေအက စိုးရိမ္ခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ အက္ဖ္ေအဟာ သူတို႔ရဲ႕စည္းမ်ဥ္းေတြကို ခ်ဳိးေဖာက္ရာက်မက် ျပန္လည္ဆန္းစစ္ခဲ့ေပမယ္႔ ဒါဘီက 32Red ကစပြန္ဆာေပးထားတဲ႔ အျခားအသင္းက ကစားသမားေတြလည္း ၃၂ ၀တ္ဆင္တဲ႔သူရွိတယ္လို႔ ခိုင္လုံစြာတင္ျပႏိုင္ခဲ့တဲ႔အတြက္ ဒီနံပါတ္ကို ရူနီ၀တ္ဆင္ခြင့္ ရသြားတာျဖစ္ပါတယ္။
အခုဆိုရင္ ဒါဘီဟာ ရူနီေၾကာင့္ ပရိသတ္ပိုမိုအားေပးလာမယ္လို႔ ေမွ်ာ္လင့္ေနတဲ႔အျပင္ ရာသီ၀က္လက္မွတ္ေတြမွာလည္း ရူနီရဲ႕ပုံရိပ္ကိုအသုံးျပဳက ဆြဲေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒါဘီဟာ ဒီရာသီမွာရလဒ္ေတြဆိုးရြားေနၿပီး ခ်န္ပီယံရွစ္မွာ အဆင့္ ၁၄ ကိုေရာက္ရွိေနလို႔ ရူနီကိုအမ်ားႀကီးေမွ်ာ္လင့္ေနၾကပါတယ္။