ဝိန်းရူနီရဲ့မှတ်တမ်းနဲ့နီးစပ်ချင်လို့ ဆမ်မာရီနိုနဲ့ပွဲမှာ သူ့ကိုထည့်သွင်းဖို့ ဟယ်ရီကိန်းတောင်းဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကဒီကနေ့ည ဆမ်မာရီနိုနဲ့ကစားမယ့်ပွဲမှာသူ့ကိုထည့်သွင်းဖို့ နည်းပြဆောက်ဂိတ်ထံတောင်းဆိုထားတယ်လို့ သိရပါတယ်။

အင်္ဂလန်ပါဝင်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု I မှာ အန်ဒိုရာနဲ့ ဆမ်မာရီနိုတို့လို ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရမ်းနိမ့်တဲ့အသင်းတွေလည်းပါဝင်နေပြီး

ဒီနှစ်သင်းနဲ့အရင်ကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ကိန်းကို ဆောက်ဂိတ်ကထည့်သွင်းကစားခြင်းမရှိခဲ့ပေမယ့် အင်္ဂလန်ကအလွယ်တကူဘဲအနိုင်ရရှိခဲ့ပါတယ်။

စပါးအသင်းတိုက်စစ်မှူးဖြစ်တဲ့ ကိန်းဟာပြီးခဲ့တဲ့သောကြာနေ့က အယ်လ်ဘေးနီးယားနဲ့ပွဲမှာပါဝင်ခဲ့ပြီး ဟက်ထရစ်ရယူနိုင်ခဲ့တာကြောင့် နိုင်ငံတကာအဆင့် ၄၄ ဂိုးရရှိထားပြီး

အင်္ဂလန်အတွက်ဂိုးသွင်းအများဆုံးသူအဖြစ်မှတ်တမ်းဝင်ထားတဲ့ လက်ရွေးစင်ဟောင်း ဝိန်းရူနီရဲ့ ၅၃ ဂိုးမှတ်တမ်းကိုလိုက်မီဖို့ ၉ ဂိုးသာလိုအပ်ပါတော့တယ်။

ဒါပေမယ့်အသက် ၂၈ နှစ်ရှိတဲ့ ကိန်းဟာ ပြိုင်ပွဲအဆင့်(ခြေစမ်းပွဲမပါ)မှာ အင်္ဂလန်အတွက် ၃၉ ဂိုးသွင်းထားပြီးဖြစ်လို့ ရူနီထက် ၂ ဂိုးအသာစီးရရှိထားပြီးဖြစ်ပါတယ်။

လက်ရှိမှာ အင်္ဂလန်အတွက်ဂိုးအများဆုံး သွင်းထားသူစာရင်းမှာ ကိန်းကအဆင့် ၄ နေရာမှာဂျင်မီဂရိဗ်နဲ့ ၄၄ ဂိုးစီတူညီကာပူးတွဲရပ်တည်နေပြီးရှိနေပြီး သူ့တို့အထက်မှာ ရူနီ(၅၃ ဂိုး)၊ ဘောဘီချာလ်တန်(၄၉ ဂိုး)၊ လိုင်နီကာ(၄၈ ဂိုး) တို့ကပထမ၊ ဒုတိယနဲ့ တတိယနေရာတို့မှာရှိနေပါတယ်။

ဒီအခြေအနေကြောင့် ဂိုးအများဆုံးသွင်းသူဖြစ်ဖို့လက်တစ်ကမ်းသာလိုတော့တဲ့ ကိန်းကအင်္ဂလန်အတွက်သူ့သွင်းဂိုးပိုမိုများပြားလာဖို့အတွက် ဆမ်မာရီနို နဲ့ပွဲမှာပါဝင်ဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်က” အန်ဒိုရာ၊ ဆမ်မာရီနို တို့နဲ့ကစားခဲ့တဲ့လက်ရှိခြေစစ်ပွဲတွေမှာသူမပါခဲ့ရဘူးလို့ ကျွန်တော့်ကို ကိန်းကအလျင်အမြန်ဘဲအသိပေးလာပါတယ်။

ဒါဟာဒီကနေ့ည ဆမ်မာရီနိုနဲ့ပွဲမှာသူပါဝင်ဖို့ ဆန္ဒရှိနေတာကိုပြတာပါဘဲ။

သူပါဝင်ကစားဖို့စိတ်ပြင်းပြနေတယ်ဆိုတာသေချာပါတယ်” လို့ပြောသွားပါတယ်။

ဒီညပွဲမှာသူပါဝင်ပြီးတစ်ဂိုးသွင်းနိုင်တာနဲ့ ကိန်းဟာဘောလုံးပြက္ခဒိန်တစ်ခုအတွင်း အင်္ဂလန်အတွက်ဂိုးအများဆုံးသွင်းနိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်မှာလည်းဖြစ်ပါတယ်။

သူဟာလက်ရှိမှာ ၁၂ ဂိုးသွင်းထားပြီးဖြစ်လို့ ၁၃ ဂိုးပြည့်တာနဲ့ဒီမှတ်တမ်းကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဝိန္း႐ူနီရဲ႕မွတ္တမ္းနဲ႔နီးစပ္ခ်င္လို႔ ဆမ္မာရီႏိုနဲ႔ပြဲမွာ သူ႔ကိုထည့္သြင္းဖို႔ ဟယ္ရီကိန္းေတာင္းဆို

အဂၤလန္အသင္းတိုက္စစ္မႉး ဟယ္ရီကိန္းကဒီကေန႔ည ဆမ္မာရီႏိုနဲ႔ကစားမယ့္ပြဲမွာသူ႔ကိုထည့္သြင္းဖို႔ နည္းျပေဆာက္ဂိတ္ထံေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ အဂၤလန္ပါဝင္တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စု I မွာ အန္ဒိုရာနဲ႔ ဆမ္မာရီႏိုတို႔လို ကမာၻ႔အဆင့္သတ္မွတ္ခ်က္အရမ္းနိမ့္တဲ့အသင္းေတြလည္းပါဝင္ေနၿပီး ဒီႏွစ္သင္းနဲ႔အရင္ကစားခဲ့တဲ့ ၃ ပြဲစလုံးမွာ ကိန္းကို ေဆာက္ဂိတ္ကထည့္သြင္းကစားျခင္းမရွိခဲ့ေပမယ့္ အဂၤလန္ကအလြယ္တကူဘဲအႏိုင္ရရွိခဲ့ပါတယ္။

စပါးအသင္းတိုက္စစ္မႉးျဖစ္တဲ့ ကိန္းဟာၿပီးခဲ့တဲ့ေသာၾကာေန႔က အယ္လ္ေဘးနီးယားနဲ႔ပြဲမွာပါဝင္ခဲ့ၿပီး ဟက္ထရစ္ရယူႏိုင္ခဲ့တာေၾကာင့္ ႏိုင္ငံတကာအဆင့္ ၄၄ ဂိုးရရွိထားၿပီး အဂၤလန္အတြက္ဂိုးသြင္းအမ်ားဆုံးသူအျဖစ္မွတ္တမ္းဝင္ထားတဲ့ လက္ေ႐ြးစင္ေဟာင္း ဝိန္း႐ူနီရဲ႕ ၅၃ ဂိုးမွတ္တမ္းကိုလိုက္မီဖို႔ ၉ ဂိုးသာလိုအပ္ပါေတာ့တယ္။ ဒါေပမယ့္အသက္ ၂၈ ႏွစ္ရွိတဲ့ ကိန္းဟာ ၿပိဳင္ပြဲအဆင့္(ေျခစမ္းပြဲမပါ)မွာ အဂၤလန္အတြက္ ၃၉ ဂိုးသြင္းထားၿပီးျဖစ္လို႔ ႐ူနီထက္ ၂ ဂိုးအသာစီးရရွိထားၿပီးျဖစ္ပါတယ္။

လက္ရွိမွာ အဂၤလန္အတြက္ဂိုးအမ်ားဆုံး သြင္းထားသူစာရင္းမွာ ကိန္းကအဆင့္ ၄ ေနရာမွာဂ်င္မီဂရိဗ္နဲ႔ ၄၄ ဂိုးစီတူညီကာပူးတြဲရပ္တည္ေနၿပီးရွိေနၿပီး သူ႔တို႔အထက္မွာ ႐ူနီ(၅၃ ဂိုး)၊ ေဘာဘီခ်ာလ္တန္(၄၉ ဂိုး)၊ လိုင္နီကာ(၄၈ ဂိုး) တို႔ကပထမ၊ ဒုတိယနဲ႔ တတိယေနရာတို႔မွာရွိေနပါတယ္။

ဒီအေျခအေနေၾကာင့္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ဖို႔လက္တစ္ကမ္းသာလိုေတာ့တဲ့ ကိန္းကအဂၤလန္အတြက္သူ႔သြင္းဂိုးပိုမိုမ်ားျပားလာဖို႔အတြက္ ဆမ္မာရီႏို နဲ႔ပြဲမွာပါဝင္ဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။ နည္းျပေဆာက္ဂိတ္က” အန္ဒိုရာ၊ ဆမ္မာရီႏို တို႔နဲ႔ကစားခဲ့တဲ့လက္ရွိေျခစစ္ပြဲေတြမွာသူမပါခဲ့ရဘူးလို႔ ကြၽန္ေတာ့္ကို ကိန္းကအလ်င္အျမန္ဘဲအသိေပးလာပါတယ္။ ဒါဟာဒီကေန႔ည ဆမ္မာရီႏိုနဲ႔ပြဲမွာသူပါဝင္ဖို႔ ဆႏၵရွိေနတာကိုျပတာပါဘဲ။

သူပါဝင္ကစားဖို႔စိတ္ျပင္းျပေနတယ္ဆိုတာေသခ်ာပါတယ္” လို႔ေျပာသြားပါတယ္။ ဒီညပြဲမွာသူပါဝင္ၿပီးတစ္ဂိုးသြင္းႏိုင္တာနဲ႔ ကိန္းဟာေဘာလုံးျပကၡဒိန္တစ္ခုအတြင္း အဂၤလန္အတြက္ဂိုးအမ်ားဆုံးသြင္းႏိုင္တဲ့သူအျဖစ္ မွတ္တမ္းဝင္မွာလည္းျဖစ္ပါတယ္။ သူဟာလက္ရွိမွာ ၁၂ ဂိုးသြင္းထားၿပီးျဖစ္လို႔ ၁၃ ဂိုးျပည့္တာနဲ႔ဒီမွတ္တမ္းကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။