ဝင်ငွေကြွယ်တဲ့အပိုင်းမှာ မက်ဆီ၊စီရော်နယ်ဒိုတို့ကို ကျော်တက်သွားတဲ့ ကော်နာမက်ဂရီဂေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Forbes မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ တစ်နှစ်အတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမားများ

စာရင်းမှာတော့ MMA ဖိုက်တာ ကော်နာ မက်ဂရီဂေါ် တစ်ယောက်

ထိပ်ဆုံးနေရာမှာ ပထမဆုံး ရပ်တည်နိုင်ခဲ့ပါတယ်။

ကိုဗစ်ဖြစ်နေတဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း မက်ဂရီဂေါ်ဟာ

ဝင်ငွေ ယူရို 127 မီလီယမ်ရှိခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ

အားကစားအလုပ်တစ်ခုတည်းကနေ ဝင်ငွေကောင်းခဲ့တာမဟုတ်ဘဲ

သူ့ရဲ့ရှယ်ယာပါဝင်တဲ့ ယမကာလုပ်ငန်းနဲ့ အခြားစပွန်ဆာကိစ္စရပ်တွေကနေ

ပိုက်ဆံတွေရရှိခဲ့တာပါ။

Forbes ကနေနှစ်စဉ်ထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံးအားကစားသမားများ စာရင်းမှာ

မက်ဂရီဂေါ် ဟာ ထိပ်ဆုံးနေရာကို ပထမဆုံးရရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။

မက်ဂရီဂေါ်ဟာ ဒီတစ်ခေါက်မှာတော့ ဘလွန်းဒီအောဆု များစွာ ရရှိထားတဲ့ ဘောလုံး

လောကက ကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ကျော်တက်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ကစားသမား မက်ဆီဟာ Forbes ရဲ့ စာရင်းထဲမှာတော့ ဒုတိယနေရာမှာ

ရပ်တည်နေပါတယ်။ မက်ဆီရဲ့ ဝင်ငွေကတော့ ယူရို 92 မီလီယမ်ဖြစ်ပါတယ်။

မက်ဆီရဲ့နောက် တတိယနေရာကို ယူထားသူကတော့ ဂျူဗင်တပ်စ် အားထားရတဲ့ စီရော်နယ်ဒိုဖြစ်ပြီး၊

ဒိုလေးရဲ့ ဝင်ငွေကတော့ ယူရို 85 မီလီယမ်ရှိပါတယ်။

Forbes ရဲ့ စာရင်းထဲမှာ ဘောလုံးလောကက သုံးယောက်ပဲပါပါတယ်။ နေမာဟာ အဆင့် 6 နေရာမှာရှိပြီး၊

သူ့ရဲ့ ဝင်ငွေကတော့ ယူရို 67 မီလီယမ်ပါ။ အခြားသူတွေရဲ့ အဆင့်ကိုဖော်ပြရမယ်ဆိုရင်

အဆင့် 4 နေရာမှာ Dak Prescott(NFL) ယူရို 76 မီလီယမ်၊ အဆင့် 5 နေရာမှာ LeBron James(NBA)

ယူရို 68 မီလီယမ်ဖြစ်ပါတယ်။

အဆင့် 7 နေရာမှာ Roger Federer (Tennis) ယူရို 64 မီလီယမ်၊

အဆင့် 8 နေရာမှာ Lewis Hamilton (Formula One) ယူရို 58 မီလီယမ်၊

အဆင့် 9 နေရာမှာ Tom Brady (NFL) ယူရို 54 မီလီယမ်၊ အဆင့် 10 နေရာမှာ

Kevin Durant (NBA) ယူရို 53 မီလီယမ်တို့ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi Version

၀င္ေငြၾကြယ္တဲ့အပိုင္းမွာ မက္ဆီ၊စီေရာ္နယ္ဒိုတို႔ကို ေက်ာ္တက္သြားတဲ့ ေကာ္နာမက္ဂရီေဂၚ

Forbes မဂၢဇင္းက ေဖာ္ျပခဲ့တဲ့ တစ္ႏွစ္အတြင္း ဝင္ေငြအေကာင္းဆုံး

အားကစားသမားမ်ား စာရင္းမွာေတာ့ MMA ဖိုက္တာ ေကာ္နာ မက္ဂရီေဂၚ

တစ္ေယာက္ ထိပ္ဆုံးေနရာမွာ ပထမဆုံး ရပ္တည္ႏိုင္ခဲ့ပါတယ္။

ကိုဗစ္ျဖစ္ေနတဲ့ ၿပီးခဲ့တဲ့ တစ္ႏွစ္တာ ကာလအတြင္း မက္ဂရီေဂၚဟာ

၀င္ေငြ ယူရို 127 မီလီယမ္ရိွခဲ့ပါတယ္။ မက္ဂရီေဂၚဟာ အားကစားအလုပ္တစ္ခုတည္းကေန

၀င္ေငြေကာင္းခဲ့တာမဟုတ္ဘဲ သူ႔ရဲ႕ရွယ္ယာပါ၀င္တဲ့ ယမကာလုပ္ငန္းနဲ႔

အျခားစပြန္ဆာကိစၥရပ္ေတြကေန ပိုက္ဆံေတြရရိွခဲ့တာပါ။

Forbes ကေနႏွစ္စဥ္ထုတ္ျပန္တဲ့ ၀င္ေငြအေကာင္းဆုံးအားကစားသမားမ်ာ

း စာရင္းမွာ မက္ဂရီေဂၚ ဟာ ထိပ္ဆုံးေနရာကို ပထမဆုံးရရိွတဲ့

တိုက္ခိုက္ေရးသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ မက္ဂရီေဂၚဟာ

ဒီတစ္ေခါက္မွာေတာ့ ဘလြန္းဒီေအာဆု မ်ားစြာ ရရိွထားတဲ့ ေဘာလုံး

ေလာကက ၾကယ္ပြင့္ႏွစ္ပြင့္ျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ကို ေက်ာ္တက္ႏိုင္ခဲ့ပါတယ္။

ဘာစီလုိနာ ကစားသမား မက္ဆီဟာ Forbes ရဲ႕ စာရင္းထဲမွာေတာ့ ဒုတိယေနရာမွ

ာ ရပ္တည္ေနပါတယ္။ မက္ဆီရဲ႕ ၀င္ေငြကေတာ့ ယူရို 92 မီလီယမ္ျဖစ္ပါတယ္။

မက္ဆီရဲ႕ေနာက္ တတိယေနရာကို ယူထားသူကေတာ့ ဂ်ဴဗင္တပ္စ္ အားထားရတဲ့

စီေရာ္နယ္ဒိုျဖစ္ၿပီး၊ ဒိုေလးရဲ႕ ၀င္ေငြကေတာ့ ယူရို 85 မီလီယမ္ရိွပါတယ္။

Forbes ရဲ႕ စာရင္းထဲမွာ ေဘာလုံးေလာကက သုံးေယာက္ပဲပါပါတယ္။

ေနမာဟာ အဆင့္ 6 ေနရာမွာရိွၿပီး၊ သူ႔ရဲ႕ ၀င္ေငြကေတာ့ ယူရို 67 မီလီယမ္ပါ။

အျခားသူေတြရဲ႕ အဆင့္ကိုေဖာ္ျပရမယ္ဆိုရင္ အဆင့္ 4 ေနရာမွာ Dak Prescott(NFL) ယူရို 76 မီလီယမ္၊

အဆင့္ 5 ေနရာမွာ LeBron James(NBA) ယူရို 68 မီလီယမ္ျဖစ္ပါတယ္။

အဆင့္ 7 ေနရာမွာ Roger Federer (Tennis) ယူရို 64 မီလီယမ္၊

အဆင့္ 8 ေနရာမွာ Lewis Hamilton (Formula One) ယူရို 58 မီလီယမ္၊

အဆင့္ 9 ေနရာမွာ Tom Brady (NFL) ယူရို 54 မီလီယမ္၊

အဆင့္ 10 ေနရာမွာ Kevin Durant (NBA) ယူရို 53 မီလီယမ္တို႔ျဖစ္ပါတယ္။