M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကြားရက် ယန်းဘွိုင်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ်မှာ အိုလေ ဂန်းနား ဆိုးရှားရဲ့ ဆုံးဖြတ်ချက်တွေက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
အဆိုပါ ပွဲစဥ်မှာ ယူနိုက်တက်နည်းပြဟာ ဆုံးဖြတ်ချက်များစွာ မှားယွင်းခဲ့ပေမယ့် ယခု ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ အလုပ်ဖြစ်ခဲ့တာတွေ့ရပါတယ်။
( ၁ ) မက် တွမ်မီနေး ပြန်လာမှု
ပရိသတ်အများစုက ဒဏ်ရာကနေ ပြန်လည်သက်သာစ မက်တွမ်မီနေးကို ကာရာဘောင်ဖလား ပွဲစဥ်မှသာ စတင်အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားခဲ့ကြတာဖြစ်ပါတယ်။
ဆိုးရှားက ဒက်ကလန်ရိုက်စ်ကို ယှဥ်နိုင်ဖို့ ကွင်းလယ်မှာ မက် တွမ်မီနေးရဲ့ လှုပ်အားနှုန်း လိုအပ်တယ်ဆိုတာ နားလည်ထားပြီး အဆိုပါ ဆုံးဖြတ်ချက်က အလုပ်ဖြစ်ခဲ့ပါတယ်။
မက်တွမ်မီနေးကို နေရာတိုင်းမှာ မြင်တွေ့ရပြီး ပထမပိုင်းအတွင်း ရော်နယ်ဒိုထံ အကောင်းဆုံးပေးပို့နိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ assist ရယူနိုင်ခဲ့ခြင်းတော့မရှိပါဘူး။
( ၂ ) လင်ဂတ်ကို ထည့်သွင်းခြင်း
တချို့ နည်းပြတွေဆိုရင် ကြားရက်မှာ ဆိုးရွားတဲ့ နောက်ပြန်ပေးပို့မှုပြုလုပ်ခဲ့တဲ့ လင်ဂတ်ကို ထပ်မံ ပွဲကစားခွင့်ေပးဖို့ တွန့်ဆုတ်နေမှာ သေချာပါတယ်။
အိုလေ ဂန်းနား ဆိုးရှားက လင်ဂတ်အပေါ် ဆက်လက်ယုံကြည်ခဲ့ပြီး ဒါဟာ အလုပ်ဖြစ်ခဲ့တာတွေ့ရပါတယ်။
ဒီတစ်ကြိမ်မှာတော့ လင်ဂတ်ကို ရော်နယ်ဒိုအစားမဟုတ်ပဲ ေပါ့ဘာနဲ့ လူစားလဲခဲ့တာဖြစ်ပါတယ်။
( ၈၈ ) မိနစ်မှာတော့ လင်ဂတ်က အရေးပါတဲ့ အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။
( ၃ ) မာတစ်ရဲ့ အပြောင်းအလဲ
( ၈၇ ) မိနစ်မှာ မာတစ်ကို ဖရက်နဲ့ လူစားလဲခဲ့ပါတယ်။ ဒီအပြောင်းအလဲကို ယခုထက်ပိုစောပြီး လုပ်ခဲ့သင့်ပေမယ့် မလုပ်တာထက်တော့ ပိုကောင်းခဲ့ပါတယ်။
မာတစ်က တိုက်စစ်ပိုင်းအမြင်ကြွယ်ဝစွာဖြင့် လင်ဂတ်ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဆိုးရှားရဲ့ လူစားဝင်ကစားသမား ( ၂ ) ဦး ပူးပေါင်းပြီး ယူနိုက်တက်အတွက် နိုင်ပွဲယူဆောင်ပေးခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဝက်စ်ဟမ်း ( ၁-၂ ) ယူနိုက်တက် ပွဲစဉ်မှ ချီးကျူးသင့်တဲ့ ဆိုးရှားရဲ့ ဆုံးဖြတ်ချက် ( ၃ ) ခု
တချို့ နည်းပြတွေဆိုရင် ကြားရက်မှာ ဆိုးရွားတဲ့ နောက်ပြန်ပေးပို့မှုပြုလုပ်ခဲ့တဲ့ လင်ဂတ်ကို ထပ်မံ ပွဲကစားခွင့်ပေးဖို့ တွန့်ဆုတ်နေမှာ သေချာပါတယ်။