၀က်စ်ဟမ်းအသင်းကို လင်ဂတ် ပြောင်းရွှေ့သွားပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းထံကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားဖို့ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမတိုင်ခင်ကတည်းက အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ ကစားသမားအဖြစ် လင်ဂတ်ဟာ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် ၎င်းရဲ့ အနာဂါတ်နဲ့ ပတ်သက်လို့  ပြီးခဲ့တဲ့ FA ဖလား စတုတ္ထအဆင့် လီဗာပူးလ်ကို အနိုင်ရတဲ့ ပွဲအပြီးမှသာ အသင်းတာဝန်ရှိသူတွေက စတင်ခေါ်ယူဆွေးနွေးခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း ဆုံးဖြတ်ချက်ချခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းအနေနဲ့ လင်ဂတ်ကို အပြီးသတ် ခေါ်ယူလိုတဲ့ ဆန္ဒရှိပေမယ့် ယူနိုက်တက်ဘက်က အငှားချဖို့သာ ဆုံးဖြတ်ခဲ့တာပါ။ ဝက်စ်မ်ဟမ်းအသင်းဟာ လင်ဂတ်ကို ရာသီဝက် အငှားခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းထံ ပေါင်တစ်သန်းခွဲပေးချေခဲ့ရတာပါ။

မန်ချက်စတာမှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်တဲ့ လင်ဂတ်က ဝက်စ်ဟမ်းအသင်း အခြေစိုက်ရာ လန်ဒန်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး လန်ဒန်ရောက်တာနဲ့ ဝက်စ်ဟမ်းအသင်းနဲ့ အတူ လေ့ကျင့်ခန်းစဆင်းမှာဖြစ်ပြီး ကြံ့ခိုင်မှုကောင်းမွန်ပါက လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်း အသင်း နဲ့ လီဗာပူးလ်အသင်း တို့ပွဲစဉ်မှာ ဝင်ရောက်ကစားမှာဖြစ်ပါတယ်။

လင်ဂတ်ကိုယ်တိုင်ကလည်း လန်ဒန်ကို ထွက်ခွာဖို့ အထုပ်အပိုးတွေ ပြင်ဆင်ထားပုံနဲ့ သူရဲ့ မျက်နှာကို ဝက်စ်ဟမ်းအသင်း ဂျာစီနဲ့ ဖိုတိုရှော့ ပြုလုပ်ထားတဲ့ sky sports သတင်း ဓာတ်ပုံတို့ကို အင်စတာဂရမ်မှာ တင်ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ ကြင္းလယ္ကစားသမား လင္ဂတ္ဟာ ဝက္စ္ဟမ္းအသင္းထံကို အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ ကစားဖို႔ ေသခ်ာသေလာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလမတိုင္ခင္ကတည္းက အသင္းကေန ထြက္ခြာရဖြယ္ရွိေနတဲ့ ကစားသမားအျဖစ္ လင္ဂတ္ဟာ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚခဲ့ေပမယ့္ ၎ရဲ႕ အနာဂါတ္နဲ႔ ပတ္သက္လို႔  ၿပီးခဲ့တဲ့ FA ဖလား စတုတၳအဆင့္ လီဗာပူးလ္ကို အႏိုင္ရတဲ့ ပြဲအၿပီးမွသာ အသင္းတာဝန္ရွိသူေတြက စတင္ေခၚယူေဆြးေႏြးခဲ့တာျဖစ္ၿပီး အခ်ိန္တိုအတြင္း ဆုံးျဖတ္ခ်က္ခ်ခဲ့တာပါ။

ဝက္စ္ဟမ္းအသင္းအေနနဲ႔ လင္ဂတ္ကို အၿပီးသတ္ ေခၚယူလိုတဲ့ ဆႏၵရွိေပမယ့္ ယူႏိုက္တက္ဘက္က အငွားခ်ဖို႔သာ ဆုံးျဖတ္ခဲ့တာပါ။ ဝက္စ္မ္ဟမ္းအသင္းဟာ လင္ဂတ္ကို ရာသီဝက္ အငွားေခၚယူဖို႔အတြက္ ယူႏိုက္တက္အသင္းထံ ေပါင္တစ္သန္းခြဲေပးေခ်ခဲ့ရတာပါ။ မန္ခ်က္စတာမွာ ေဆးစစ္မႈ ေအာင္ျမင္ခဲ့ၿပီျဖစ္တဲ့ လင္ဂတ္က ဝက္စ္ဟမ္းအသင္း အေျခစိုက္ရာ လန္ဒန္ၿမိဳ႕ကို ဆက္လက္ထြက္ခြာမွာျဖစ္ၿပီး လန္ဒန္ေရာက္တာနဲ႔ ဝက္စ္ဟမ္းအသင္းနဲ႔ အတူ ေလ့က်င့္ခန္းစဆင္းမွာျဖစ္ၿပီး ႀကံ့ခိုင္မႈေကာင္းမြန္ပါက လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ ဝက္စ္ဟမ္း အသင္း နဲ႔ လီဗာပူးလ္အသင္း တို႔ပြဲစဥ္မွာ ဝင္ေရာက္ကစားမွာျဖစ္ပါတယ္။

လင္ဂတ္ကိုယ္တိုင္ကလည္း လန္ဒန္ကို ထြက္ခြာဖို႔ အထုပ္အပိုးေတြ ျပင္ဆင္ထားပုံနဲ႔ သူရဲ႕ မ်က္ႏွာကို ဝက္စ္ဟမ္းအသင္း ဂ်ာစီနဲ႔ ဖိုတိုေရွာ့ ျပဳလုပ္ထားတဲ့ sky sports သတင္း ဓာတ္ပုံတို႔ကို အင္စတာဂရမ္မွာ တင္ထားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။