ဝက်စ်ဟမ်းအတွက် ပထမဆုံးပွဲစဥ်မှာ ( ၂ ) ဂိုး သွင်းယူခဲ့တဲ့ လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျေစီလင်ဂတ်ဟာ ဇန်နဝါရီ အပြောင်းအရေွ့မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ဝက်စ်ဟမ်းအသင်းထံ ရောက်ရှိလာပြီးနောက် ပထမဆုံး ပွဲစဥ်မှာပဲ ( ၂ ) ဂိုး သွင်းယူကာ နည်းပြ မိုယေးစ်ရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ ရမှတ် ( ၃၈ )မှတ် ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာက လီဗာပူးအသင်းအောက် ( ၂ ) မှတ်သာ လျော့နည်းလျက်ရှိပါတယ်။

လင်ဂတ်ဟာ ( ၁၃ ) လကြာ ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေခဲ့ပြီး နိုင်ငံ လက်ရေွးစင်အသင်းမှာလည်း ( ၂၀၁၉ ) ဇွန်လက နောက်ဆုံး ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ယခု သွင်းဂိုး ( ၂ ) ဂိုးကြောင့် လင်ဂတ်အနေနဲ့ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသပြီး လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားခွင့်ရနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

ဂျေစီလင်ဂတ်က သောမတ် ဆိုးချက်ရဲ့ ဦးဆောင်ဂိုးအပြီး ပွဲကစားချိန် ( ၅၆ ) မိနစ်မှာ သူ့ရဲ ့ပထမဆုံး သွင်းယူခဲ့ပကာ ဝက်စ်ဟမ်းအသင်းကို ( ၂ -၀ ) ဦးဆောင်စေခဲ့ပါတယ်။ အဲ့ဒီ‌ေနာက်မှာ ဗီလာအသင်းက ဝတ်ကင်ရဲ့ သွင်းဂိုးနဲ့ အတူ ( ၂ – ၁ ) အနေအထား ရောက်ရှိလာခဲ့ပေမယ့် ဂျေစီ လင်ဂတ်က ဒုတိကမြောက်သွင်းဂိုးနဲ့အတူ ဝက်စ်ဟမ်းအသင်းကို အနိုင်( ၃ ) မှတ် ရယူပေးခဲ့ပါတယ်။

ဒေးဗစ်မိုယေးစ်က “သူ့အတွက် အရမ်းကောင်းမွန်တဲ့ ပထမဆုံးပွဲစဥ်ပါ။ သူအနေနဲ့ ယခုလို တစ်ပွဲ ( ၂ ) ဂိုး သွင်းယူနိုင်တဲ့ ခြေစွမ်းအတိုင်း ဆက်လက် ကစားနိုင်ပါက ဝက်စ်ဟမ်းအတွက် အရမ်းအကျိုးရှိပါလိမ့်မယ်။ ဒီပုံစံကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် အင်္ဂလန်လက်ရွေးစ်အသင်းမှာပါ ပြန်လည်ရေွးချယ်ခံရနိုင်ပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။

လင်ဂတ်ကလည်း “ သုံးမှတ် ရရှိဖို့က အရေးအကြီးဆုံး အရာပါ။ အသင်းက တက်ညီလက်ညီ ကြိုးစားကြပါတယ် ။ကျွန်တော်တို့အနေနဲ့ လာမယ့် ဖူလ်ဟမ်အသင်းနဲ့ ပွဲစဥ်ကို အာရုံစိုက်နေပါတယ်။ ကျွန်တော်က ဒီညမှာ ပွဲထွက်ခွင့်ရပြီး ( ၂ ) ဂိုး သွင်းယူခဲ့သလို အသင်းကလည်း ( ၃ ) မှတ်ရရှိခဲ့ပါတယ်။ တစ်ပွဲလုံး ကျွန်တော် ပြုံးပျော်နေခဲ့ပါတယ်။ ကျွန်တော် ဘောလုံးကစားရတာ ပျော်ရွှင်နေပါတယ်။ ဒီလို မခံစားရတာ အတော်ကြာနေပါပြီ။” ဟု ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဝက္စ္ဟမ္းအတြက္ ပထမဆုံးပြဲစဥ္မွာ ( ၂ ) ဂိုး သြင္းယူခဲ့တဲ့ လင္ဂတ္

ေဂ်စီလင္ဂတ္ဟာ ဇန္နဝါရီ အေျပာင္းအေရြ႕မွာ မန္ခ်က္စတာ ယူႏိုက္တက္ ကေန ဝက္စ္ဟမ္းအသင္းထံ ေရာက္ရွိလာၿပီးေနာက္ ပထမဆုံး ပြဲစဥ္မွာပဲ ( ၂ ) ဂိုး သြင္းယူကာ နည္းျပ မိုေယးစ္ရဲ႕ ယုံၾကည္မႈကို ရရွိခဲ့ပါတယ္။ ဝက္စ္ဟမ္းအသင္းဟာ လက္ရွိမွာ ရမွတ္ ( ၃၈ )မွတ္ ပိုင္ဆိုင္ထားၿပီး အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာက လီဗာပူးအသင္းေအာက္ ( ၂ ) မွတ္သာ ေလ်ာ့နည္းလ်က္ရွိပါတယ္။

လင္ဂတ္ဟာ ( ၁၃ ) လၾကာ ပရီးမီးယားလိဂ္ ပြဲထြက္ကစားခြင့္ ေပ်ာက္ဆုံးေနခဲ့ၿပီး ႏိုင္ငံ လက္ေရြးစင္အသင္းမွာလည္း ( ၂၀၁၉ ) ဇြန္လက ေနာက္ဆုံး ကစားခြင့္ရခဲ့တာ ျဖစ္ပါတယ္။ ယခု သြင္းဂိုး ( ၂ ) ဂိုးေၾကာင့္ လင္ဂတ္အေနနဲ႔ ေျခစြမ္းေကာင္းေတြ ဆက္လက္ျပသၿပီး လက္ေ႐ြးစင္အသင္းမွာ ျပန္လည္ကစားခြင့္ရႏိုင္မယ့္ အခြင့္အေရးရွိေနပါတယ္။

ေဂ်စီလင္ဂတ္က ေသာမတ္ ဆိုးခ်က္ရဲ႕ ဦးေဆာင္ဂိုးအၿပီး ပြဲကစားခ်ိန္ ( ၅၆ ) မိနစ္မွာ သူ႔ရဲ ့ပထမဆုံး သြင္းယူခဲ့ပကာ ဝက္စ္ဟမ္းအသင္းကို ( ၂ -၀ ) ဦးေဆာင္ေစခဲ့ပါတယ္။ အဲ့ဒီ‌ေနာက္မွာ ဗီလာအသင္းက ဝတ္ကင္ရဲ႕ သြင္းဂိုးနဲ႔ အတူ ( ၂ – ၁ ) အေနအထား ေရာက္ရွိလာခဲ့ေပမယ့္ ေဂ်စီ လင္ဂတ္က ဒုတိကေျမာက္သြင္းဂိုးနဲ႔အတူ ဝက္စ္ဟမ္းအသင္းကို အႏိုင္( ၃ ) မွတ္ ရယူေပးခဲ့ပါတယ္။

ေဒးဗစ္မိုေယးစ္က “သူ႔အတြက္ အရမ္းေကာင္းမြန္တဲ့ ပထမဆုံးပြဲစဥ္ပါ။ သူအေနနဲ႔ ယခုလို တစ္ပြဲ ( ၂ ) ဂိုး သြင္းယူႏိုင္တဲ့ ေျခစြမ္းအတိုင္း ဆက္လက္ ကစားႏိုင္ပါက ဝက္စ္ဟမ္းအတြက္ အရမ္းအက်ိဳးရွိပါလိမ့္မယ္။ ဒီပုံစံကို ဆက္ထိန္းထားႏိုင္မယ္ဆိုရင္ အဂၤလန္လက္ေ႐ြးစ္အသင္းမွာပါ ျပန္လည္ေရြးခ်ယ္ခံရႏိုင္ပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။

လင္ဂတ္ကလည္း “ သုံးမွတ္ ရရွိဖို႔က အေရးအႀကီးဆုံး အရာပါ ။ အသင္းက တက္ညီလက္ညီ ႀကိဳးစားၾကပါတယ္ ။ကြၽန္ေတာ္တို႔အေနနဲ႔ လာမယ့္ ဖူလ္ဟမ္အသင္းနဲ႔ ပြဲစဥ္ကို အာ႐ုံစိုက္ေနပါတယ္ ။ ကြၽန္ေတာ္က ဒီညမွာ ပြဲထြက္ခြင့္ရၿပီး ( ၂ ) ဂိုး သြင္းယူခဲ့သလို အသင္းကလည္း ( ၃ ) မွတ္ရရွိခဲ့ပါတယ္ ။ တစ္ပြဲလုံး ကြၽန္ေတာ္ ၿပဳံးေပ်ာ္ေနခဲ့ပါတယ္ ။ ကြၽန္ေတာ္ ေဘာလုံးကစားရတာ ေပ်ာ္႐ႊင္ေနပါတယ္ ။ ဒီလို မခံစားရတာ အေတာ္ၾကာေနပါၿပီ ။” ဟု ေျပာဆိုခဲ့ပါတယ္