ဝက်စ်ဟမ်အသင်းကို ချက်ချင်း အကျိုးပြုနေတဲ့အပေါ် လင်ဂတ် သုံးသပ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျေစီ လင်ဂတ်ဟာ တော့တင်ဟမ် အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းနဲ့အတူ အထိုင်ကျနေပြီလို့ ယုံကြည်လျက်ရှိပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်နဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဥ် ( ၁ ) ပွဲမှ ကစားခွင့်မရခဲ့တဲ့ အတွက် ဇန်နဝါရီလမှာ ဝက်စ်ဟမ်းအသင်းထံ အငှားပြောင်းရွေ့ခဲ့ပါတယ်။ လက်ရှိမှာ ဝက်စ်ဟမ်းအသင်းနဲ့အတူ ပုံစံကောင်း ပြသထားပြီး ( ၄ ) ပွဲကစားထားရာ ( ၃ ) ဂိုးထိ သွင်းယူထားပါတယ်။
လင်ဂတ်ရဲ့ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွေ့မှုဟာ ကစားသမားရော ( ၂ ) ဖက်အသင်းတွေအတွက်ပါ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ လင်ဂတ်အနေနဲ့ လက်ရှိမှာ အသင်းသစ်ကို အဆင့် ( ၄ ) အတွင်းရောက်ရှိအောင် ကူညီ‌ေပးထားပါတယ်။ ရာသီကုန်ဆုံးဖို့ ပွဲစဥ်များစွာ ကျန်ရှိနေသေးပေမယ့် London Stadium ကတော့ ရလာဒ်ကောင်းတွေ ပိုင်ဆိုင်ဖို့ အလားအလာ ကောင်းနေပါတယ်။
စပါးကို အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်အပြီး လင်ဂတ်က Sky Sports နဲ့ တွေ့ဆုံရာမှာ “ ကောင်းမွန်တဲ့ နိုင်ပွဲတစ်ပွဲပါ။ အသင်းဖော်တွေအားလုံး ပျော်ရွင်စိတ်လှုပ်ရှားနေကြပါတယ်။ ဒီနေ့ ကံတရားကလည်း ကျွန်တော်တို့ဘက်မှာ ရှိနေခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။ “ ဒုတိယပိုင်းမှာ ပထမပိုင်းက အရှှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းက ( ၃ ) မှတ်ရရှိဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။”
အင်္ဂလန်လက်ရွေးစင်ဟာ အနာဂတ်နဲ့ ပတ်သက်လို့ သေချာမှုမရှိသေးပေမယ့် လက်ရှိအ‌ြေခအနေအပေါ် ပျော်ရွှင်လျက်ရှိပါတယ်။ “ အသင်းဖော်တွေက ကူညီကြပါတယ် ။ ကျွန်တော် အလျင်အမြန်ပဲ အမှန်တကယ် အထိုင်ကျနေပါပြီ။” “ ကျွန်တော်က ပွဲစဥ်တိုင်းကို အပြုံးတွေနဲ့ အတူရင်ဆိုင်ပြီး ဘောလုံးကစားရတာ ပျော်ရွှင်နေပါတယ်။ ဒါက ကျွန်တော့်အတွက် အရေးအကြီးဆုံး အရာပါ။”
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အင်္ဂလန်လက်ရွေးစင်ဟာ အနာဂတ်နဲ့ ပတ်သက်လို့ သေချာမှုမရှိသေးပေမယ့် လက်ရှိအ‌ခြေအနေအပေါ် ပျော်ရွှင်လျက်ရှိပါတယ်။