ဝက်စ်ဘရွန်းနဲ့ သရေကျခဲ့လို့ ယူနိုက်တက်ရဲ့ ချန်ပီယံအိပ်မက် အဆုံးသတ်ခဲ့

ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးကို ဖိအားပေးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်ထဲက ဝက်စ်ဘရွန်းကို သရေသာကစားနိုင်ခဲ့လို့ ချန်ပီယံအိပ်မက်က အဆုံးသတ်သွားပြီလို့ပြောရမှာပါ။ သင်္ချာနည်းအရ ချန်ပီယံဆုမျော်လင့်ချက်ရှိနေဆဲဆိုပေမယ့် လက်တွေ့အရတော့ တောက်လျောက်ခြေတက်နေတဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး ယူနိုက်တက် ချန်ပီယံဖြစ်ဖို့က အရမ်းကို ပုံပြင်ဆန်သွားပါပြီ။

အခုဆိုရင် မန်စီးတီးထက် တစ်ပွဲပို ၇ မှတ်ကွာနေပြီး လက်စတာနဲ့ အမှတ်တူသွားတာကြောင့် အဆင့် ၂ နေရာကိုပါ မဆုံးရှုံးအောင် အဓိကပစ်မှတ်ထားရမယ့်အနေအထားပါပဲ။ တန်းဆင်းရဖို့ ရာခိုင်နှုန်းများနေတဲ့ ဝက်စ်ဘရွန်းအသင်းဟာ အိမ်ကွင်းမှာ ယူနိုက်တက်ကို ဒုက္ခပေးဖို့ ပြင်ဆင်ခဲ့ပြီး တကယ်လည်း အခက်တွေ့အောင် ဖန်တီးခဲ့သလို သရေတစ်မှတ်ခွဲယူနိုင်ခဲ့တယ်။

ဘီလစ်လက်ထက်တုန်းက မန်စီးတီးကို အဝေးကွင်းမှာ သရေ၊ အခု အလာဒွိုက်စ်လက်ထက်မှာလည်း လီဗာပူးလ်၊ ယူနိုက်တက်တို့ကို သရေကစားနိုင်ခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းဟာ အသင်းကြီးတွေနဲ့ဆို တမင်တကာ ဒုက္ခပေးနေသလားလို့တောင်ထင်ရပါတယ်။ အခုပွဲမှာ ပွဲစလို့ မိနစ်ပိုင်းအကြာမှာပဲ ဒီယန်းက ဝက်စ်ဘရွန်းအတွက် အဖွင့်ဂိုးသွင်းခဲ့လို့ ယူနိုက်တက်ရဲ့ Match Plan က ပျက်သွားပြီး ဖိအားလည်း ပိုများသွားခဲ့တယ်။

ယူနိုက်တက်အသင်းက ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ကစားနိုင်ပေမယ့် ဝက်စ်ဘရွန်းအသင်းရဲ့ Solid ဖြစ်နေတဲ့ ခံစစ်ပိုင်းက ယူနိုက်တက်ကို အခက်တွေ့စေခဲ့တယ်။ ၄၄ မိနစ်မှာ လုခ်ရှောရဲ့ ဖန်တီးမှုကနေ ဖာနန်ဒက်စ်က ချေပဂိုးပြန်သွင်းခဲ့လို့ ယူနိုက်တက်အနိုင်ရဖို့ မျော်လင့်ချက်ပြန်ရှင်သန်လာပြီး ဒုတိယပိုင်းတစ်လျောက်လုံး တိုက်စစ်ဖွင့်ကစားခဲ့တယ်။

ဒါပေမဲ့ ကံကြမ္မာက ယူနိုက်တက်ဘက်မှာ မရှိဘဲ အခွင့်အရေးတွေက ဂိုးအဖြစ် မပြောင်းလဲခဲ့ဘူး။ ဝက်စ်ဘရွန်းရဲ့ Counter တွေကလည်း ကြောက်ဖို့ကောင်းခဲ့ပြီး ဒီယန်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ပေမယ့် ဒီဂီယာ အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်လို့ ယူနိုက်တက် ကံကောင်းခဲ့တယ်လို့ပြောရမယ်။ ဆိုးလ်ရှားအတွက် အခက်အခဲဖြစ်စေတာက ဂိုးရဖို့ အသည်းအသန်လိုနေချိန်မှာ ပွဲအဖြေကိုပြောင်းလဲနိုင်တဲ့ ကစားသမားမျိုး အသင်းမှာ မရှိတာပါပဲ။

ဒီပွဲမှာ ကာဗာနီ ခြေစွမ်းမပြနိုင်သလို မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်တို့ကလည်း သာမန်လောက်ပဲကစားနိုင်ခဲ့တယ်။ ဂရင်းဝုဒ် ဝင်လာချိန်မှာ ညာခြမ်းက ပိုလှုပ်လာပေမယ့် ဂရင်းဝုဒ်ကလည်း ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့သူမျိုး မဟုတ်ပြန်ဘူး။ တစ်ချိန်က ဆိုးလ်ရှား နာမည်ကြီးခဲ့တဲ့ Super Sub ကစားသမားမျိုး အခု ယူနိုက်တက်အသင်းမှာ ပြန်ရဖို့တော့ လိုနေပါပြီ။

ဒီကြားထဲ ပယ်နယ်တီအခွင့်အရေး ရခဲ့ပေမယ့် မက်ဂွိုင်းယားလူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရသလို ပွဲပြီးခါနီး မက်ဂွိုင်းယားရဲ့ အပိုင်ခေါင်းတိုက်ချက် ဂိုးမဝင်ခဲ့လို့ ယူနိုက်တက်တို့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Zawgyi

ဝက္စ္ဘ႐ြန္းနဲ႔ သေရက်ခဲ့လို႔ ယူႏိုက္တက္ရဲ႕ ခ်န္ပီယံအိပ္မက္ အဆုံးသတ္ခဲ့

ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးကို ဖိအားေပးေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တန္းဆင္းဇုန္ထဲက ဝက္စ္ဘ႐ြန္းကို သေရသာကစားႏိုင္ခဲ့လို႔ ခ်န္ပီယံအိပ္မက္က အဆုံးသတ္သြားၿပီလို႔ေျပာရမွာပါ။ သခ်ၤာနည္းအရ ခ်န္ပီယံဆုေမ်ာ္လင့္ခ်က္ရွိေနဆဲဆိုေပမယ့္ လက္ေတြ႕အရေတာ့ ေတာက္ေလ်ာက္ေျခတက္ေနတဲ့ မန္စီးတီးကို ေက်ာ္ျဖတ္ၿပီး ယူႏိုက္တက္ ခ်န္ပီယံျဖစ္ဖို႔က အရမ္းကို ပုံျပင္ဆန္သြားပါၿပီ။ အခုဆိုရင္ မန္စီးတီးထက္ တစ္ပြဲပို ၇ မွတ္ကြာေနၿပီး လက္စတာနဲ႔ အမွတ္တူသြားတာေၾကာင့္ အဆင့္ ၂ ေနရာကိုပါ မဆုံးရႈံးေအာင္ အဓိကပစ္မွတ္ထားရမယ့္အေနအထားပါပဲ။

တန္းဆင္းရဖို႔ ရာခိုင္ႏႈန္းမ်ားေနတဲ့ ဝက္စ္ဘ႐ြန္းအသင္းဟာ အိမ္ကြင္းမွာ ယူႏိုက္တက္ကို ဒုကၡေပးဖို႔ ျပင္ဆင္ခဲ့ၿပီး တကယ္လည္း အခက္ေတြ႕ေအာင္ ဖန္တီးခဲ့သလို သေရတစ္မွတ္ခြဲယူႏိုင္ခဲ့တယ္။ ဘီလစ္လက္ထက္တုန္းက မန္စီးတီးကို အေဝးကြင္းမွာ သေရ၊ အခု အလာဒြိဳက္စ္လက္ထက္မွာလည္း လီဗာပူးလ္၊ ယူႏိုက္တက္တို႔ကို သေရကစားႏိုင္ခဲ့တဲ့ ဝက္စ္ဘ႐ြန္းအသင္းဟာ အသင္းႀကီးေတြနဲ႔ဆို တမင္တကာ ဒုကၡေပးေနသလားလို႔ေတာင္ထင္ရပါတယ္။ အခုပြဲမွာ ပြဲစလို႔ မိနစ္ပိုင္းအၾကာမွာပဲ ဒီယန္းက ဝက္စ္ဘ႐ြန္းအတြက္ အဖြင့္ဂိုးသြင္းခဲ့လို႔ ယူႏိုက္တက္ရဲ႕ Match Plan က ပ်က္သြားၿပီး ဖိအားလည္း ပိုမ်ားသြားခဲ့တယ္။ ယူႏိုက္တက္အသင္းက ထုံးစံအတိုင္း ေဘာလုံးပိုင္ဆိုင္မႈ အသာနဲ႔ကစားႏိုင္ေပမယ့္ ဝက္စ္ဘ႐ြန္းအသင္းရဲ႕ Solid ျဖစ္ေနတဲ့ ခံစစ္ပိုင္းက ယူႏိုက္တက္ကို အခက္ေတြ႕ေစခဲ့တယ္။ ၄၄ မိနစ္မွာ လုခ္ေရွာရဲ႕ ဖန္တီးမႈကေန ဖာနန္ဒက္စ္က ေခ်ပဂိုးျပန္သြင္းခဲ့လို႔ ယူႏိုက္တက္အႏိုင္ရဖို႔ ေမ်ာ္လင့္ခ်က္ျပန္ရွင္သန္လာၿပီး ဒုတိယပိုင္းတစ္ေလ်ာက္လုံး တိုက္စစ္ဖြင့္ကစားခဲ့တယ္။ ဒါေပမဲ့ ကံၾကမၼာက ယူႏိုက္တက္ဘက္မွာ မရွိဘဲ အခြင့္အေရးေတြက ဂိုးအျဖစ္ မေျပာင္းလဲခဲ့ဘူး။ ဝက္စ္ဘ႐ြန္းရဲ႕ Counter ေတြကလည္း ေၾကာက္ဖို႔ေကာင္းခဲ့ၿပီး ဒီယန္း လြတ္လြတ္ကြၽတ္ကြၽတ္ ကန္ခြင့္ရခဲ့ေပမယ့္ ဒီဂီယာ အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္ႏိုင္လို႔ ယူႏိုက္တက္ ကံေကာင္းခဲ့တယ္လို႔ေျပာရမယ္။

ဆိုးလ္ရွားအတြက္ အခက္အခဲျဖစ္ေစတာက ဂိုးရဖို႔ အသည္းအသန္လိုေနခ်ိန္မွာ ပြဲအေျဖကိုေျပာင္းလဲႏိုင္တဲ့ ကစားသမားမ်ိဳး အသင္းမွာ မရွိတာပါပဲ။ ဒီပြဲမွာ ကာဗာနီ ေျခစြမ္းမျပႏိုင္သလို မာစီယဲလ္၊ ရပ္ရွ္ဖို႔ဒ္တို႔ကလည္း သာမန္ေလာက္ပဲကစားႏိုင္ခဲ့တယ္။ ဂရင္းဝုဒ္ ဝင္လာခ်ိန္မွာ ညာျခမ္းက ပိုလႈပ္လာေပမယ့္ ဂရင္းဝုဒ္ကလည္း ပြဲအေျဖကို ေျပာင္းလဲႏိုင္တဲ့သူမ်ိဳး မဟုတ္ျပန္ဘူး။ တစ္ခ်ိန္က ဆိုးလ္ရွား နာမည္ႀကီးခဲ့တဲ့ Super Sub ကစားသမားမ်ိဳး အခု ယူႏိုက္တက္အသင္းမွာ ျပန္ရဖို႔ေတာ့ လိုေနပါၿပီ။ ဒီၾကားထဲ ပယ္နယ္တီအခြင့္အေရး ရခဲ့ေပမယ့္ မက္ဂြိဳင္းယားလူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရသလို ပြဲၿပီးခါနီး မက္ဂြိဳင္းယားရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ ဂိုးမဝင္ခဲ့လို႔ ယူႏိုက္တက္တို႔ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။