ဝက်စ်ဘရွန်းကို ကပ်ပြီး အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး ဆိုးလ်ရှားရဲ့ ပွဲပြီးပြောစကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝက်စ်ဘရွန်းကို (၁-ဝ)နဲ့ ကပ်ပြီးအနိုင်ရကာ ယခုနှစ်ရာသီ ပထမဆုံး အိမ်ကွင်းနိုင်ပွဲရခဲ့တဲ့အပေါ် ပျော်ရွှင် ဝမ်းသာနေကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီ အဝေးကွင်း ၃ပွဲစလုံး အနိုင်ရထားပေမဲ့ မနေ့ညက ဝက်စ်ဘရွန်းနဲ့ပွဲ မတိုင်ခင်ထိ အိမ်ကွင်း ၁ပွဲမှ မနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဖာနန်ဒက်စ် ကန်သွင်းရာမှာ ဝက်စ်ဘရွန်းဂိုးသမား ဂျွန်စတုန်း ကာကွယ်နိုင်ခဲ့ပေမဲ့ ဂိုးစည်းပေါ် ရှိမနေတာကြောင့် ဒုတိယအကြိမ် ပြန်ကန်ခိုင်းခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ ပေါ်တူဂီသားက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပင်နယ်တီကို ကန်သွင်းခဲ့ပြီး အနိုင်ဂိုး ရယူပေးသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဆိုးလ်ရှားက အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်တွေ အကြောင်း၊ နိုင်ငံတကာပွဲစဉ်တွေကြောင့် အသင်းမှာကစားသမားတွေ ကလပ်အသင်းပွဲတွေအတွက် ပြင်ဆင်မှုတွေကို ဘယ်လောက်ထိခိုက်ခဲ့တဲ့အကြောင်း အမြင်တွေကို ပြောပြသွားခဲ့ပါတယ်။

အိမ်ကွင်း ပထမဆုံးနိုင်ပွဲ ရခဲ့တဲ့အပေါ်ပြောစကား

“ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ရဖို့က အရေးကြီးပါတယ်။ ဒီရာသီမှာ အိမ်ကွင်းနိုင်ပွဲမရသေးတဲ့အကြောင့်ကို လူတွေက ပြေဆိုရေးသားနေခဲ့ကြတာတွေကို ဒီနေ့ပွဲက အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကို ဒီထက် လွယ်လွယ်ကူကူ အဆုံးသတ်နိုင်ဖို့ ဂိုးပိုသွင်းခဲ့သင့်ပါတယ်။ ၁-၀ ဆိုတဲ့ ရလဒ်က အချိန်မရွေးရလဒ်ပြောင်းသွားနိုင်ပါတယ်။ အနိုင်ရဖို့ မသေချာဘူးလေ ”

ပြင်ဆင်မှုတွေ ခက်ခဲခဲ့တဲ့အပေါ် သုံးသပ်ချက်

“သေချာတာပေါ့ဗျာ… နိုင်ငံတကာပွဲစဉ်တွေပြီးတော့ ကျွန်တော်တို့ အဝတ်လဲခန်းထဲ အဲ့ဒီအကြောင်း ပြောဖြစ်ပါသေးတယ်။ ကျွန်တော်တို့ အတူ အလုပ်မလုပ်ခဲ့ရပဲ ပွဲမတိုင်ခင် ပြင်ဆင်မှု ပြုလုပ်ဖို့ မနက်ထိ စောင့်ခဲ့ရပါတယ်။ အားလုံးက ၁၀ရက်လောက် အဝေးကို ရောက်နေတာကြောင့် ဒါက လွယ်ကူတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါကြောင့် ဒီ ၃မှတ်အတွက် ဝမ်းသာပါတယ်။ ဒီထက် ပိုလုပ်နိုင်မယ်ဆိုတာ သိပေမယ့် ၃မှတ်နဲ့ clean sheet ရခဲ့တာကလည်း ကျေနပ်စရာပါပဲ”

တည်ငြိမ်မှုအတွက် အဓိက သော့ချက်က

“ဒီနှစ်ရာသီမှာ လိဂ်က အတက်အကျတွေ၊ ခြေစွမ်းမတည်ငြိမ်တာတွေ အပြင် ခန့်မှန်းရခက်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ရလဒ်ကောင်း ရခဲ့ပြီး ခုချိန်မှာ အသင်းကလိဂ်မှာ အထိုင်မကျသေးပါဘူး။ မော်ရင်ဟို ပြောခဲ့တာ ကြားပါတယ်။ ၁ပွဲနိုင်ရင် အပေါ်ရောက်သွားပြီး နောက်တစ်ပွဲ ပြန်ရှုံးတာနဲ့ တန်းဆင်းဇုန်နား ရောက်သွားရော ဆိုတာလေ”

ဝက်စ်ဘရွန်း ဂိုးသမား ဆမ် ဂျွန်းစတုန်းအပေါ် ချီးကျူးခြင်း

“ကျွန်တော်တို့ရဲ့ ဂိုးသမားကောင်းတွေကို အခြားအသင်းတွေကို ပေးနေရတာ တစ်ကယ့်ကို အဆင်မပြေပါဘူး။ ကျွန်တော်တို့ သူတို့ကို အကောင်းဆုံး ပျိုးထောင်ပေးခဲ့ပြီး ဆမ့်အတွက်ကတော့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ရခဲ့တာပါ။ ”

VAR အငြင်းပွားမှုအပေါ် ဆိုးလ်ရှားရဲ့အမြင်

“ကျွန်တော် အဲ့ဒီအချိန်တုန်းက စဉ်းစားမိတာ ပင်နယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီဒီယိုကို ပြန်ကြည့်ရင် ဘရူနိုက ဘောလုံး အရင်ခဲ့တာ ဖြစ်ပြီး ဗီလာနဲ့ ဘရိုက်တန်ပွဲ နောက်ဆုံးမိနစ် အခြေအနေက ကွင်းလယ်ဒိုင်ရဲ့ စိတ်ထဲမှာ ရှိတယ် ထင်ပါတယ်။

ဒါကြောင့် သူ ဘောလုံးအရင်ရခဲ့ပြီး ပြိုင်ဘက်ကို အနည်းငယ်လေး ထိခဲ့တာကြောင့် မပေးခဲ့တာ မှန်ကန်တယ်လို့ ထင်ပါတယ်”

ဒီထက်ပိုကောင်းအောင် ကစားနိုင်သင့်တယ်

“ကျွန်တော်တို့ အမြဲတမ်း ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ကပ်ပြီး နိုင်နေပါတယ်။ ကျွန်တော်တို့ clean sheet ရခဲ့တဲ့အတွက် ဝမ်းသာပေမယ့် ဒီထက် ပိုသက်သောင့်သက်သာ ရှိခဲ့သင့်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေက အသင်းကြီးတွေမှာကစားနေတဲ့ ကစားသမားတွေအတွက် အခက်အခဲဖြစ်စေပါတယ်။

ကျွန်တော်တို့ အသင်းရဲ့ကစားသမားတွေအားလုံး မနေ့ကမှ ပူးပေါင်းပြီးလေ့ကျင့်ခန်းတွေလုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံပွဲတွေသွားကစားတဲ့ ကစားသမားတွေရဲ့ ကိုဗစ် စစ်ဆေးမှု ရလဒ်တွေကို မသိရသေးပဲ လေ့ကျင့်ခန်း အစီအစဉ်ကို မလုပ်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ဒီပွဲမတိုင်ခင် မိနစ်၂၀၊ နာရီဝက်လောက်ပဲ ပြင်ဆင်ချိန် ရခဲ့တာက အတော့်ကို မလွယ်ကူခဲ့တဲ့ဖြစ်ရပ်ပါပဲ။ ဒါပေမဲ့ အင်္ဂါနေ့ပွဲအတွက်တော့ အသင်းလိုက် လေ့ကျင့်မှုတွေလုပ်ပြီး ကစားရမှာဆိုတော့ အဆင်ပြေပါတယ်။”လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဝက္စ္ဘရြန္းကို ကပ္ျပီး အႏိုင္ရခဲ့တဲ့ ပဲြစဥ္အျပီး ဆုိးလ္ရွားရဲ႕ ပြဲၿပီးေျပာစကား

ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားက ၀က္စ္ဘရြန္းကို (၁-၀)နဲ႔ ကပ္ျပီးအႏိုင္ရကာ ယခုႏွစ္ရာသီ ပထမဆံုး အိမ္ကြင္းႏို္င္ပဲြရခဲ့တဲ့အေပၚ ေပ်ာ္ရႊင္ ၀မ္းသာေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ယခုႏွစ္ရာသီ အေ၀းကြင္း ၃ပဲြစလံုး အႏိုင္ရထားေပမဲ့ မေန႔ညက ၀က္စ္ဘရြန္းနဲ႕ပြဲ မတုိင္ခင္ထိ အိမ္ကြင္း ၁ပြဲမွ မႏိုင္ခဲ့ပါဘူး။

ဒုတိယပုိင္းမွာ ရရွိခဲ့တဲ့ ပင္နယ္တီကို ဖာနန္ဒက္စ္ ကန္သြင္းရာမွာ ၀က္စ္ဘရြန္းဂိုးသမား ဂြ်န္စတုန္း ကာကြယ္ႏိုင္ခဲ့ေပမဲ့ ဂိုးစည္းေပၚ ရွိမေနတာေၾကာင့္ ဒုတိယအၾကိမ္ ျပန္ကန္ခိုင္းခဲ့ပါတယ္။ ဒုတိယအၾကိမ္မွာေတာ့ ေပၚတူဂီသားက တည္တည္ျငိမ္ျငိမ္နဲ႕ပဲ ပင္နယ္တီကို ကန္သြင္းခဲ့ၿပီး အႏိုင္ဂိုး ရယူေပးသြားခဲ့ပါတယ္။

ပြဲအျပီးမွာေတာ့ ဆုိးလ္ရွားက အျငင္းပြားဖြယ္ VAR ဆံုးျဖတ္ခ်က္ေတြ အေၾကာင္း၊ ႏိုင္ငံတကာပြဲစဥ္ေတြေၾကာင့္ အသင္းမွာကစားသမားေတြ ကလပ္အသင္းပြဲေတြအတြက္ ျပင္ဆင္မႈေတြကို ဘယ္ေလာက္ထိခိုက္ခဲ့တဲ့အေၾကာင္း အျမင္ေတြကို ေျပာျပသြားခဲ့ပါတယ္။

အိမ္ကြင္း ပထမဆံုးႏိုင္ပဲြ ရခဲ့တဲ့အေပၚေျပာစကား

“ပထမဆံုး အိမ္ကြင္းႏိုင္ပဲြ ရဖို႔က အေရးၾကီးပါတယ္။ ဒီရာသီမွာ အိမ္ကြင္းႏိုင္ပြဲမရေသးတဲ့အေၾကာင့္ကို လူေတြက ေျပဆိုေရးသားေနခဲ့ၾကတာေတြကို ဒီေန႕ပြဲက အဆံုးသတ္ႏိုင္ခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ ပြဲကို ဒီထက္ လြယ္လြယ္ကူကူ အဆံုးသတ္ႏိုင္ဖို႔ ဂိုးပိုသြင္းခဲ့သင့္ပါတယ္။ ၁-၀ ဆုိတဲ့ ရလဒ္က အခ်ိန္မေရြးရလဒ္ေျပာင္းသြားႏိုင္ပါတယ္။ အႏိုင္ရဖို႕ မေသခ်ာဘူးေလ ”

ျပင္ဆင္မႈေတြ ခက္ခဲခဲ့တဲ့အေပၚ သံုးသပ္ခ်က္

“ေသခ်ာတာေပါ့ဗ်ာ… ႏုိင္ငံတကာပြဲစဥ္ေတြျပီးေတာ့ ကြ်န္ေတာ္တုိ႔ အ၀တ္လဲခန္းထဲ အဲ့ဒီအေၾကာင္း ေျပာျဖစ္ပါေသးတယ္။ ကြ်န္ေတာ္တို႔ အတူ အလုပ္မလုပ္ခဲ့ရပဲ ပဲြမတိုင္ခင္ ျပင္ဆင္မႈ ျပဳလုပ္ဖို႔ မနက္ထိ ေစာင့္ခဲ့ရပါတယ္။ အားလံုးက ၁၀ရက္ေလာက္ အေ၀းကို ေရာက္ေနတာေၾကာင့္ ဒါက လြယ္ကူတဲ့ အေျခအေန မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီ ၃မွတ္အတြက္ ၀မ္းသာပါတယ္။ ဒီထက္ ပုိလုပ္ႏိုင္မယ္ဆိုတာ သိေပမယ့္ ၃မွတ္နဲ႔ clean sheet ရခဲ့တာကလည္း ေက်နပ္စရာပါပဲ”

တည္ျငိမ္မႈအတြက္ အဓိက ေသာ့ခ်က္က

“ဒီႏွစ္ရာသီမွာ လိဂ္က အတက္အက်ေတြ၊ ေျခစြမ္းမတည္ျငိမ္တာေတြ အျပင္ ခန္႔မွန္းရခက္ပါတယ္။ ကြ်န္ေတာ္တုိ႔ ဒီေန႔ ရလဒ္ေကာင္း ရခဲ့ျပီး ခုခ်ိန္မွာ အသင္းကလိဂ္မွာ အထိုင္မက်ေသးပါဘူး။ ေမာ္ရင္ဟုိ ေျပာခဲ့တာ ၾကားပါတယ္။ ၁ပဲြႏိုင္ရင္ အေပၚေရာက္သြားျပီး ေနာက္တစ္ပြဲ ျပန္ရႈံးတာနဲ႔ တန္းဆင္းဇုန္နား ေရာက္သြားေရာ ဆုိတာေလ”

၀က္စ္ဘရြန္း ဂိုးသမား ဆမ္ ဂြ်န္းစတုန္းအေပၚ ခ်ီးက်ဴးျခင္း

“ကြ်န္ေတာ္တို႔ရဲ႕ ဂိုးသမားေကာင္းေတြကို အျခားအသင္းေတြကို ေပးေနရတာ တစ္ကယ့္ကို အဆင္မေျပပါဘူး။ ကြ်န္ေတာ္တို႔ သူတုိ႔ကို အေကာင္းဆံုး ပ်ိဳးေထာင္ေပးခဲ့ျပီး ဆမ့္အတြက္ကေတာ့ အေကာင္းဆံုး ပဲြစဥ္တစ္ပဲြကို ရခဲ့တာပါ။ ”

VAR အျငင္းပြားမႈအေပၚ ဆုိးလ္ရွားရဲ႕အျမင္

“ကြ်န္ေတာ္ အဲ့ဒီအခ်ိန္တုန္းက စဥ္းစားမိတာ ပင္နယ္လို႔ ထင္ခဲ့ပါတယ္။ ဒါေပမဲ့ ဗီဒီယိုကို ျပန္ၾကည့္ရင္ ဘရူႏိုက ေဘာလံုး အရင္ခဲ့တာ ျဖစ္ျပီး ဗီလာနဲ႔ ဘရိုက္တန္ပဲြ ေနာက္ဆံုးမိနစ္ အေျခအေနက ကြင္းလယ္ဒိုင္ရဲ႕ စိတ္ထဲမွာ ရွိတယ္ ထင္ပါတယ္။ ဒါေၾကာင့္ သူ ေဘာလံုးအရင္ရခဲ့ျပီး ျပိဳင္ဘက္ကို အနည္းငယ္ေလး ထိခဲ့တာေၾကာင့္ မေပးခဲ့တာ မွန္ကန္တယ္လို႔ ထင္ပါတယ္”

ဒီထက္ပုိေကာင္းေအာင္ ကစားႏုိင္သင့္တယ္

“ကြ်န္ေတာ္တုိ႔ အျမဲတမ္း ျပိဳင္ဆုိင္မႈ ျပင္းထန္ေနျပီး ကပ္ျပီး ႏိုင္ေနပါတယ္။ ကြ်န္ေတာ္တို႔ clean sheet ရခဲ့တဲ့အတြက္ ၀မ္းသာေပမယ့္ ဒီထက္ ပုိသက္ေသာင့္သက္သာ ရွိခဲ့သင့္ပါတယ္။ ႏုိ္င္ငံတကာပြဲစဥ္ေတြက အသင္းၾကီးေတြမွာကစားေနတဲ့ ကစားသမားေတြအတြက္ အခက္အခဲျဖစ္ေစပါတယ္။ ကြ်န္ေတာ္တို႔ အသင္းရဲ႕ကစားသမားေတြအားလံုး မေန႔ကမွ ပူးေပါင္းၿပီးေလ့က်င့္ခန္းေတြလုပ္ႏိုင္ခဲ့ပါတယ္။ ႏိုင္ငံပြဲေတြသြားကစားတဲ့ ကစားသမားေတြရဲ႕ ကိုဗစ္ စစ္ေဆးမႈ ရလဒ္ေတြကို မသိရေသးပဲ ေလ့က်င့္ခန္း အစီအစဥ္ကို မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဒီပဲြမတုိင္ခင္ မိနစ္၂၀၊ နာရီ၀က္ေလာက္ပဲ ျပင္ဆင္ခ်ိန္ ရခဲ့တာက အေတာ့္ကို မလြယ္ကူခဲ့တဲ့ျဖစ္ရပ္ပါပဲ။ ဒါေပမဲ့ အဂၤါေန႔ပြဲအတြက္ေတာ့ အသင္းလိုက္ ေလ့က်င့္မႈေတြလုပ္ၿပီး ကစားရမွာဆိုေတာ့ အဆင္ေျပပါတယ္။”လို႔ ေျပာခဲ့ပါတယ္။