လှပတဲ့ ဖရီးကစ်ဂိုးနဲ့ ယူနိုက်တက်ကို ကယ်တင်ခဲ့တဲ့ ဘရူနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

FA ဖလား စတုတ္ထအဆင့်ပွဲစဥ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်ပွဲမှာ ယူနိုက်တက်အသင်းက ဘရူနိုဖာနန်ဒက်စ်ရဲ့ တိကျ​​သေသပ်တဲ့ ဖရီးကစ်ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားပုံက ပြီးခဲ့တဲ့တစ်ပတ်ကလိုမျိုး ကျစ်လစ်မှု မရှိခဲ့ဘဲ အထူးသဖြင့် တွမ်မီနေးဟာ ဘောလုံးအပျက်များပြီး Out Of Form ဖြစ်ခဲ့တယ်။

ဒီလိုပွဲမျိုးမှာ ဂိုးတွေ အလွယ်တကူခွင့်ပြုရတာက မဖြစ်သင့်ဘဲ လီဗာပူးလ်ကစားသမားတွေ Confidence Out နေတာရယ်၊ ခံစစ်ပိုင်းအားနည်း​နေတာရယ်ကြောင့် ခံသာခဲ့ရတယ်လို့ ပြောရမယ်။ ဆိုးလ်ရှားဟာ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းက ချန်လှပ်ပြီး ဗန်ဒီဘိခ်ကို No 10 role နေရာမှာ ပွဲထွက်ကစားစေခဲ့ပေမယ့် ဗန်ဒီဘိခ်ဟာ သိသာတဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ဘူး။

ဒီပွဲမှာ ချီးကျူးဖို့အကောင်းဆုံး ကစားသမားကတော့ ရပ်ရှ်ဖို့ဒ်ပဲဖြစ်ပြီး ဘယ်ခြမ်းမှာ လုခ်ရှောနဲ့ အကောင်းဆုံးတွဲဖက်ခဲ့သလို လီဗာပူးလ်နောက်တန်းကို အလုပ်များစေခဲ့ပါတယ်။ ပွဲအစ ၁၈ မိနစ်လောက်မှာပဲ လီဗာပူးလ် ဂိုးရခဲ့ပြီး ဖေမီနိုထိုးပေးတာကို ဆာလာက ပါးပါးနပ်နပ်အဆုံးသတ်ခဲ့တာပါ။ ဒီဂိုးက လင်ဒီလော့ဖ်နဲ့ လုခ်ရှောတို့ရဲ့ Marking လုပ်ပုံ အားနည်းချက်ကြောင့် ပေးခဲ့ရတာလို့ သတ်မှတ်ရမှာပါပဲ။

ဒါပေမဲ့ ၁၀ မိနစ်လောက်အကြာမှာပဲ ယူနိုက်တက် ချေပဂိုးပြန်ရခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့ တိကျတဲ့ဖြတ်တင်ဘောကနေ ဂရင်းဝုဒ်က ဆွဲပြေးကန်သွင်းခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ တိုက်စစ်လမ်းကြောင်းအတွက် အသက်သွေးကြောတွေဖြစ်တဲ့ ရော်ဘတ်ဆန်၊ အာနိုးလ်တို့ Performance ကျနေတဲ့အပြင် ဖေမီနိုပါ အခုနောက်ပိုင်း ပုံစံကောင်း မပြနိုင်လို့ အသင်းရဲ့ ရလဒ်ပိုင်းမှာ ထိခိုက်မှုတွေ ရှိလာခဲ့တယ်။

အခုပွဲမှာတော့ ဖေမီနိုဟာ ပုံမှန်ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစလို့ မကြာခင်မှာပဲ ယူနိုက်တက် ဦးဆောင်ဂိုးရခဲ့ပြီး ဒီတစ်ခါတော့ ဂရင်းဝုဒ်ရဲ့ ဖန်တီးမှုကနေ ရပ်ရှ်ဖို့ဒ်က အပိုင်သွင်းယူခဲ့တာပါ။ ယူနိုက်တက်ကွင်းလယ်မှာ ဖရက်ဒ် မပါလို့ ဘောလုံး ဖျက်အားနည်းခဲ့သလို လီဗာပူးလ်အတွက် space တွေ ဖန်တီးပေးသလိုဖြစ်ခဲ့တယ်။

၅၈ မိနစ်မှာ ကာဗာနီ လူပေးမှားတာကနေတစ်ဆင့် ဖေမီနို ထိုးပေးလိုက်တာကို ဆာလာကပဲ ချေပဂိုးသွင်းယူပြီး ယူနိုက်တက်နဲ့တွေ့ရင် ဂိုးသွင်းဖို့ ရုန်းကန်ရလေ့ရှိတာကို ချေဖျက်ပြခဲ့ပါတယ်။ ကွင်းလယ်မှာ ဘောလုံးဖျက်အားနည်းနေတာကို ပြင်ဆင်ဖို့နဲ့ Counter တွေ ပြန်ကစားဖို့အတွက် ဆိုးလ်ရှားဟာ ဖရက်ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့ နှစ်ဦးကို တစ်ပြိုင်တည်းလူစားထိုးခဲ့ပြီး ဒီလုပ်ရပ်ဟာ မှန်ကန်ခဲ့တယ်။

ဖရက်ဒ်ရဲ့ တိုးအားဖျက်အားကြောင့် ပထမပိုင်းကလို လီဗာပူးလ် Space တွေ မရတော့ပါဘူး။ ၇၈ မိနစ်မှာ ကာဗာနီကြောင့် ရတဲ့ ဖရီးကစ်ကနေ ဘရူနိုဖာနန်ဒက်စ်က လှလှပပကန်သွင်းပြီး ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

လက်ကျန်မိနစ်မှာ ကာဗာနီရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်သွားလို့ နစ်နာခဲ့သလို လီဗာပူးလ်အသင်းကလည်း အခွင့်အရေးတွေ မရတော့လို့ ၃-၂ ဂိုးရလဒ်နဲ့ ယူနိုက်တက် နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြဘဝ ယာဂန်ကလော့ပ်ကို အနိုင်မရခဲ့တဲ့မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ယာဂန်ကလော့ပ်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးလ်နဲ့ နိုင်ပွဲမယူနိုင်သေးတဲ့ အစဥ်အလာဆိုးကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လွပတဲ့ ဖရီးကစ္ဂိုးနဲ႔ ယူႏိုက္တက္ကို ကယ္တင္ခဲ့တဲ့ ဘ႐ူႏို

FA ဖလား စတုတၳအဆင့္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္ပြဲမွာ ယူႏိုက္တက္အသင္းက ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ တိက်​​ေသသပ္တဲ့ ဖရီးကစ္ဂိုးနဲ႔ အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္အသင္းရဲ႕ ခံစစ္ကစားပုံက ၿပီးခဲ့တဲ့တစ္ပတ္ကလိုမ်ိဳး က်စ္လစ္မႈ မရွိခဲ့ဘဲ အထူးသျဖင့္ တြမ္မီေနးဟာ ေဘာလုံးအပ်က္မ်ားၿပီး Out Of Form ျဖစ္ခဲ့တယ္။ ဒီလိုပြဲမ်ိဳးမွာ ဂိုးေတြ အလြယ္တကူခြင့္ျပဳရတာက မျဖစ္သင့္ဘဲ လီဗာပူးလ္ကစားသမားေတြ Confidence Out ေနတာရယ္၊ ခံစစ္ပိုင္းအားနည္း​ေနတာရယ္ေၾကာင့္ ခံသာခဲ့ရတယ္လို႔ ေျပာရမယ္။ ဆိုးလ္ရွားဟာ ဘ႐ူႏိုဖာနန္ဒက္စ္ကို ပြဲထြက္စာရင္းက ခ်န္လွပ္ၿပီး ဗန္ဒီဘိခ္ကို No 10 role ေနရာမွာ ပြဲထြက္ကစားေစခဲ့ေပမယ့္ ဗန္ဒီဘိခ္ဟာ သိသာတဲ့ စြမ္းေဆာင္ရည္မ်ိဳး မျပႏိုင္ခဲ့ဘူး။

ဒီပြဲမွာ ခ်ီးက်ဴးဖို႔အေကာင္းဆုံး ကစားသမားကေတာ့ ရပ္ရွ္ဖို႔ဒ္ပဲျဖစ္ၿပီး ဘယ္ျခမ္းမွာ လုခ္ေရွာနဲ႔ အေကာင္းဆုံးတြဲဖက္ခဲ့သလို လီဗာပူးလ္ေနာက္တန္းကို အလုပ္မ်ားေစခဲ့ပါတယ္။ ပြဲအစ ၁၈ မိနစ္ေလာက္မွာပဲ လီဗာပူးလ္ ဂိုးရခဲ့ၿပီး ေဖမီႏိုထိုးေပးတာကို ဆာလာက ပါးပါးနပ္နပ္အဆုံးသတ္ခဲ့တာပါ။ ဒီဂိုးက လင္ဒီေလာ့ဖ္နဲ႔ လုခ္ေရွာတို႔ရဲ႕ Marking လုပ္ပုံ အားနည္းခ်က္ေၾကာင့္ ေပးခဲ့ရတာလို႔ သတ္မွတ္ရမွာပါပဲ။ ဒါေပမဲ့ ၁၀ မိနစ္ေလာက္အၾကာမွာပဲ ယူႏိုက္တက္ ေခ်ပဂိုးျပန္ရခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္ရဲ႕ တိက်တဲ့ျဖတ္တင္ေဘာကေန ဂရင္းဝုဒ္က ဆြဲေျပးကန္သြင္းခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကေတာ့ တိုက္စစ္လမ္းေၾကာင္းအတြက္ အသက္ေသြးေၾကာေတြျဖစ္တဲ့ ေရာ္ဘတ္ဆန္၊ အာႏိုးလ္တို႔ Performance က်ေနတဲ့အျပင္ ေဖမီႏိုပါ အခုေနာက္ပိုင္း ပုံစံေကာင္း မျပႏိုင္လို႔ အသင္းရဲ႕ ရလဒ္ပိုင္းမွာ ထိခိုက္မႈေတြ ရွိလာခဲ့တယ္။ အခုပြဲမွာေတာ့ ေဖမီႏိုဟာ ပုံမွန္ေျခစြမ္း မျပႏိုင္ခဲ့ေပမယ့္ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းစလို႔ မၾကာခင္မွာပဲ ယူႏိုက္တက္ ဦးေဆာင္ဂိုးရခဲ့ၿပီး ဒီတစ္ခါေတာ့ ဂရင္းဝုဒ္ရဲ႕ ဖန္တီးမႈကေန ရပ္ရွ္ဖို႔ဒ္က အပိုင္သြင္းယူခဲ့တာပါ။ ယူႏိုက္တက္ကြင္းလယ္မွာ ဖရက္ဒ္ မပါလို႔ ေဘာလုံး ဖ်က္အားနည္းခဲ့သလို လီဗာပူးလ္အတြက္ space ေတြ ဖန္တီးေပးသလိုျဖစ္ခဲ့တယ္။ ၅၈ မိနစ္မွာ ကာဗာနီ လူေပးမွားတာကေနတစ္ဆင့္ ေဖမီႏို ထိုးေပးလိုက္တာကို ဆာလာကပဲ ေခ်ပဂိုးသြင္းယူၿပီး ယူႏိုက္တက္နဲ႔ေတြ႕ရင္ ဂိုးသြင္းဖို႔ ႐ုန္းကန္ရေလ့ရွိတာကို ေခ်ဖ်က္ျပခဲ့ပါတယ္။

ကြင္းလယ္မွာ ေဘာလုံးဖ်က္အားနည္းေနတာကို ျပင္ဆင္ဖို႔နဲ႔ Counter ေတြ ျပန္ကစားဖို႔အတြက္ ဆိုးလ္ရွားဟာ ဖရက္ဒ္၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ ႏွစ္ဦးကို တစ္ၿပိဳင္တည္းလူစားထိုးခဲ့ၿပီး ဒီလုပ္ရပ္ဟာ မွန္ကန္ခဲ့တယ္။ ဖရက္ဒ္ရဲ႕ တိုးအားဖ်က္အားေၾကာင့္ ပထမပိုင္းကလို လီဗာပူးလ္ Space ေတြ မရေတာ့ပါဘူး။ ၇၈ မိနစ္မွာ ကာဗာနီေၾကာင့္ ရတဲ့ ဖရီးကစ္ကေန ဘ႐ူႏိုဖာနန္ဒက္စ္က လွလွပပကန္သြင္းၿပီး ယူႏိုက္တက္အသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ လက္က်န္မိနစ္မွာ ကာဗာနီရဲ႕ ေခါင္းတိုက္ခ်က္ တိုင္ထိထြက္သြားလို႔ နစ္နာခဲ့သလို လီဗာပူးလ္အသင္းကလည္း အခြင့္အေရးေတြ မရေတာ့လို႔ ၃-၂ ဂိုးရလဒ္နဲ႔ ယူႏိုက္တက္ ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့ပါတယ္။ ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပဘဝ ယာဂန္ကေလာ့ပ္ကို အႏိုင္မရခဲ့တဲ့မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေပမယ့္ ယာဂန္ကေလာ့ပ္ကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးလ္နဲ႔ ႏိုင္ပြဲမယူႏိုင္ေသးတဲ့ အစဥ္အလာဆိုးကို အဆုံးမသတ္ႏိုင္ခဲ့ပါဘူး။