





အင်္ဂလန်အသင်းတောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ
ဝေးလ်စ်အသင်းကို (၃-ဝ)ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ အသင်းအတွက်





အဖွင့်ဂိုးကို ဖရီးကစ်ကနေ လှလှပပကန်သွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ (၂)ပွဲဆက်တိုက် အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရတဲ့
ရပ်ရှ်ဖို့ဒ်ဟာ အခု ဝေးလ်စ်နဲ့ပွဲမှာတော့ ပွဲထွက်ကစားခွင့်ရခဲ့သလို





ခြေစွမ်းပြပြီး အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမိနစ်(၅၀)မှာ ဝေးလ်စ်အသင်း ပယ်နယ်တီဧရိယာထိပ်နားမှာ





အင်္ဂလန်တို့ ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး ရပ်ရှ်ဖို့ဒ်က လှပတဲ့ကန်ချက်နဲ့
သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးက အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့
ပထမဆုံးဖရီးကစ်ဂိုးဖြစ်ပြီး ရပ်ရှ်ဖို့ဒ်ဟာ ဂန္ထဝင်ကစားသမား ဒေးဗစ်ဘက်ခမ်၊





လက်ရှိအသင်းဖော်ထရစ်ပီယာတို့ပြီးရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
အင်္ဂလန်အသင်းအတွက် ဖရီးကစ်ကနေ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက်





ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ရဲ့ကစားသမားဘဝမှာ
ကလပ်နဲ့နိုင်ငံအသင်းအတွက် သွင်းခဲ့တဲ့ ဖရီးကစ်ဂိုးအရေအတွက်က
(၅)ဂိုးအထိရှိလာပါပြီ။ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက်





ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အီရန်နဲ့အဖွင့်ပွဲတုန်းကလည်း
လူစားဝင်လာပြီး (၄၉)စက္ကန့်အကြာမှာပဲ ဂိုးသွင်းနိုင်တာကြောင့်





ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် လူစားဝင်ပြီးတော့ အမြန်ဆုံး
ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အခုဆိုရင် ရပ်ရှ်ဖို့ဒ်ရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးက (၃)ဂိုးရှိလာပြီဖြစ်တဲ့အတွက်





အင်္ဂလန်အသင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့
ဂန္ထဝင်တိုက်စစ်မှူးရွန်နီ(၁ဂိုး)ထက် ပိုများနေသလို လက်ရှိ





အင်္ဂလန်ကစားသမားတွေထဲမှာ ဟယ်ရီကိန်း(၆ဂိုး)ပြီးရင်
လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးအဖြစ်
ရပ်တည်နိုင်ပြီဖြစ်ပါတယ်။ ဒါတင်မကဘဲ ရပ်ရှ်ဖို့ဒ်ဟာ





အခု ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ
ဘာပေ၊ ဂတ်ပို၊ အန်နာဗလင်စီယာတို့နဲ့အတူ (၃)ဂိုးစီနဲ့ အပြိုင်ဖြစ်နေပါတယ်။





zawgyi
လွပတဲ့ ဖရီးကစ္ဂိုးနဲ႔အတူ မွတ္တမ္းေကာင္းေတြ ထပ္ၿပီးပိုင္ဆိုင္ခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္





အဂၤလန္အသင္းေတာင္ပံတိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ
ေဝးလ္စ္အသင္းကို (၃-ဝ)ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္





အဖြင့္ဂိုးကို ဖရီးကစ္ကေန လွလွပပကန္သြင္းယူခဲ့ပါတယ္။
ၿပီးခဲ့တဲ့ (၂)ပြဲဆက္တိုက္ အရန္ကစားသမားအျဖစ္သာ ပါဝင္ကစားခဲ့ရတဲ့
ရပ္ရွ္ဖို႔ဒ္ဟာ အခု ေဝးလ္စ္နဲ႔ပြဲမွာေတာ့ ပြဲထြက္ကစားခြင့္ရခဲ့သလို





ေျခစြမ္းျပၿပီး အသင္းအတြက္ (၂)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒုတိယပိုင္းမိနစ္(၅၀)မွာ ေဝးလ္စ္အသင္း ပယ္နယ္တီဧရိယာထိပ္နားမွာ





အဂၤလန္တို႔ ဖရီးကစ္ကန္ခြင့္ရခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္က လွပတဲ့ကန္ခ်က္နဲ႔
သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီဂိုးက အခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕
ပထမဆုံးဖရီးကစ္ဂိုးျဖစ္ၿပီး ရပ္ရွ္ဖို႔ဒ္ဟာ ဂႏၴဝင္ကစားသမား ေဒးဗစ္ဘက္ခမ္၊





လက္ရွိအသင္းေဖာ္ထရစ္ပီယာတို႔ၿပီးရင္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
အဂၤလန္အသင္းအတြက္ ဖရီးကစ္ကေန ဂိုးသြင္းယူႏိုင္တဲ့ တတိယေျမာက္





ကစားသမားျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ရဲ႕ကစားသမားဘဝမွာ
ကလပ္နဲ႔ႏိုင္ငံအသင္းအတြက္ သြင္းခဲ့တဲ့ ဖရီးကစ္ဂိုးအေရအတြက္က
(၅)ဂိုးအထိရွိလာပါၿပီ။ လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္





ေျခစြမ္းျပဂိုးေတြသြင္းေနတဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အီရန္နဲ႔အဖြင့္ပြဲတုန္းကလည္း
လူစားဝင္လာၿပီး (၄၉)စကၠန႔္အၾကာမွာပဲ ဂိုးသြင္းႏိုင္တာေၾကာင့္





ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ လူစားဝင္ၿပီးေတာ့ အျမန္ဆုံး
ဂိုးသြင္းႏိုင္တဲ့ တတိယေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
အခုဆိုရင္ ရပ္ရွ္ဖို႔ဒ္ရဲ႕ ကမာၻ႔ဖလားသြင္းဂိုးက (၃)ဂိုးရွိလာၿပီျဖစ္တဲ့အတြက္





အဂၤလန္အသင္း သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့
ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီ(၁ဂိုး)ထက္ ပိုမ်ားေနသလို လက္ရွိ





အဂၤလန္ကစားသမားေတြထဲမွာ ဟယ္ရီကိန္း(၆ဂိုး)ၿပီးရင္
လက္ေ႐ြးစင္အသင္းအတြက္ ကမာၻ႔ဖလားသြင္းဂိုးအမ်ားဆုံးအျဖစ္
ရပ္တည္ႏိုင္ၿပီျဖစ္ပါတယ္။ ဒါတင္မကဘဲ ရပ္ရွ္ဖို႔ဒ္ဟာ





အခု ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ
ဘာေပ၊ ဂတ္ပို၊ အန္နာဗလင္စီယာတို႔နဲ႔အတူ (၃)ဂိုးစီနဲ႔ အၿပိဳင္ျဖစ္ေနပါတယ္။