လှပတဲ့ကိုယ်ခန္ဓာအယိမ်းအနွဲ့နဲ့ သပ်ရပ်တဲ့အဆုံးသတ်မှုတွေ ပေါင်းစပ်ထားတဲ့ ဘရန့်ဒ်ရဲ့သွင်းဂိုး လူမှုမီဒီယာမှာ ဟိုးလေးတကျော်ဖြစ်နေ

Photo Credit

 

Photo Credit

ဒေါ့မွန်အသင်းကွင်းလယ်တိုက်စစ်သမား ဂျူလီယန်ဘရန့်ဒ်ဟာ ယမန်နေ့ညက လိုက်ပ်ဇစ်နဲ့ ၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲမှာ လှပတဲ့ကိုယ်ခန္ဓာအယိမ်းအနွဲ့၊ လှည့်ထွက်မှုနဲ့ သပ်ရပ်တဲ့အဆုံးသတ်မှုတွေ ပေါင်းစပ်ထားတဲ့ဂိုး သွင်းယူကာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတာဖြစ်ပြီး ဂျူလီယန်ဝီးလ်ရဲ့သွင်းဂိုးနဲ့အတူ ပွဲချိန် ၂၃မိနစ်မှာ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ၂-၀ ဂိုးဖြစ်စေမယ့် ဘရန့်ဒ်ရဲ့သွင်းဂိုးက လူပြောများစရာဖြစ်ခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၃၄ မိနစ်မှာ ဘယ်တောင်ပံကနေ အတွင်းထဲ ဆွဲပြေးလာတဲ့ ဆန်ချိုရဲ့ပေးပို့မှုကနေ ဂိုးသမားကို ကျောပေးအနေအထားမှာ ရှိနေတဲ့ ဘရန့်ဒ်က အသာထိန်းကာ သူ့ကို ကပ်ထားတဲ့ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို လှလှပပကျော်ဖြတ်ပြီး ဂိုးသမားရဲ့ဘယ်ဘက်ကို ထောင့်ဖြတ်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒီနေရာမှာ ဘရန့်ဒ်ရဲ့တိကျတဲ့ကိုယ်ခန္ဓာလှည့်ထွက်မှုက အားလုံးကို အံ့အားသင့်စေခဲ့သလို ကိုယ်ခန္ဓာလှည့်လိုက်ချိန်နဲ့ အူပါမီကာနိုကို တစ်ချက်ခေါက်ကာ ကျော်ဖြတ်ချိန်က စက္ကန့်ပိုင်းတောင်မခြားဘဲ ကွက်တိဝင်သွားခဲ့တာဖြစ်ပြီး ဘယ်ခြေအပြင်းကန်သွင်းချက်ကလည်း တိကျခဲ့ပါတယ်။ အဲဒီနောက် လူမှုမီဒီယာမှာ ဂျာမနီကွင်းလယ်လူ ဘရန့်ဒ်ရဲ့စကေးက လူပြောများသွားပါတယ်။

Photo Credit

”ဒီလိုအနုပညာဖန်တီးမှုကို ခင်ဗျားတို့ သင်ယူလို့မရနိုင်ဘူး”။ ”ဘရန့်ဒ်အတွက် ယူရို ၂၅သန်းသုံးစွဲခဲ့တယ်။ ဒီလိုဂိုးမျိုးသွင်းဖို့အတွက်လား…တကယ့်ကို တန်ဖိုးဖြတ်မရသူပါ”။ ”ကမ္ဘာ့အကောင်းဆုံးဘဲလေးကချေသည်ကတော့ ခြေအနှုတ်အသိမ်းကောင်းကောင်းနဲ့ အနုပညာတစ်ခု ချပြသွားတဲ့ ဘရန့်ဒ်ဆီကနေ ပညာတွေသင်ကြားဖို့ ဆက်သွယ်နေပါပြီ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

ဒီပွဲက ပရိသတ်ကို ဖျော်ဖြေမှုအပြည့်ပေးစွမ်းနိုင်ခဲ့ပြီး အဆုံးသတ်မှာတော့ ၃-၃ ဂိုးသရေကျသွားပါတယ်။ လိုက်ပ်ဇစ်က တိုက်စစ်မှူးဝါနာရဲ့သွင်းဂိုးတွေကြောင့် ၂-၂ ဂိုးသရေလိုက်ကစားနိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီနောက် ဆန်ချိုက တတိယမြောက်ဂိုးသွင်းယူသွားခဲ့ပြီး ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ လူစားဝင်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်က လိုက်ပ်ဇစ်အတွက် အဖိုးတန်ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

https://twitter.com/Unitedevil1/status/1207243836453466112

Video Credit

Zawgyi

လွပတဲ့ကုိယ္ခႏၶာအယိမ္းအႏြဲ႕နဲ႔ သပ္ရပ္တဲ့အဆုံးသတ္မႈေတြ ေပါင္းစပ္ထားတဲ့ ဘရန္႔ဒ္ရဲ႕သြင္းဂိုး လူမႈမီဒီယာမွာ ဟိုးေလးတေက်ာ္ျဖစ္ေန

ေဒါ့မြန္အသင္းကြင္းလယ္တုိက္စစ္သမား ဂ်ဴလီယန္ဘရန္႔ဒ္ဟာ ယမန္ေန႔ညက လိုက္ပ္ဇစ္နဲ႔ ၃-၃ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ လွပတဲ့ကိုယ္ခႏၶာအယိမ္းအႏြဲ႕၊ လွည့္ထြက္မႈနဲ႔ သပ္ရပ္တဲ့အဆုံးသတ္မႈေတြ ေပါင္းစပ္ထားတဲ့ဂိုး သြင္းယူကာ အားလုံးကို အံ့အားသင့္ေစခဲ့ပါတယ္။ ေဒါ့မြန္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးက လုိက္ပ္ဇစ္ကို အိမ္ကြင္းမွာ ဧည့္ခံကစားခဲ့ရတာျဖစ္ၿပီး ဂ်ဴလီယန္၀ီးလ္ရဲ႕သြင္းဂိုးနဲ႔အတူ ပဲြခ်ိန္ ၂၃မိနစ္မွာ ဦးေဆာင္ကစားႏိုင္ခဲ့ေပမယ့္ ၂-၀ ဂိုးျဖစ္ေစမယ့္ ဘရန္႔ဒ္ရဲ႕သြင္းဂိုးက လူေျပာမ်ားစရာျဖစ္ခဲ့ပါတယ္။
ပြဲခ်ိန္ ၃၄ မိနစ္မွာ ဘယ္ေတာင္ပံကေန အတြင္းထဲ ဆြဲေျပးလာတဲ့ ဆန္ခ်ိဳရဲ႕ေပးပုိ႔မႈကေန ဂိုးသမားကို ေက်ာေပးအေနအထားမွာ ရွိေနတဲ့ ဘရန္႔ဒ္က အသာထိန္းကာ သူ႕ကို ကပ္ထားတဲ့ လုိက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို လွလွပပေက်ာ္ျဖတ္ၿပီး ဂိုးသမားရဲ႕ဘယ္ဘက္ကို ေထာင့္ျဖတ္ကန္သြင္းခဲ့တာျဖစ္ပါတယ္။
ဒီေနရာမွာ ဘရန္႔ဒ္ရဲ႕တိက်တဲ့ကုိယ္ခႏၶာလွည့္ထြက္မႈက အားလုံးကို အံ့အားသင့္ေစခဲ့သလုိ ကိုယ္ခႏၶာလွည့္လုိက္ခ်ိန္နဲ႔ အူပါမီကာႏိုကို တစ္ခ်က္ေခါက္ကာ ေက်ာ္ျဖတ္ခ်ိန္က စကၠန္႔ပိုင္းေတာင္မျခားဘဲ ကြက္တိ၀င္သြားခဲ့တာျဖစ္ၿပီး ဘယ္ေျခအျပင္းကန္သြင္းခ်က္ကလည္း တိက်ခဲ့ပါတယ္။ အဲဒီေနာက္ လူမႈမီဒီယာမွာ ဂ်ာမနီကြင္းလယ္လူ ဘရန္႔ဒ္ရဲ႕စေကးက လူေျပာမ်ားသြားပါတယ္။
”ဒီလုိအႏုပညာဖန္တီးမႈကို ခင္ဗ်ားတို႔ သင္ယူလုိ႔မရႏိုင္ဘူး”။ ”ဘရန္႔ဒ္အတြက္ ယူ႐ို ၂၅သန္းသုံးစြဲခဲ့တယ္။ ဒီလုိဂိုးမ်ိဳးသြင္းဖုိ႔အတြက္လား…တကယ့္ကို တန္ဖိုးျဖတ္မရသူပါ”။ ”ကမၻာ့အေကာင္းဆုံးဘဲေလးကေခ်သည္ကေတာ့ ေျခအႏႈတ္အသိမ္းေကာင္းေကာင္းနဲ႔ အႏုပညာတစ္ခု ခ်ျပသြားတဲ့ ဘရန္႔ဒ္ဆီကေန ပညာေတြသင္ၾကားဖို႔ ဆက္သြယ္ေနပါၿပီ”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
ဒီပြဲက ပရိသတ္ကို ေဖ်ာ္ေျဖမႈအျပည့္ေပးစြမ္းႏိုင္ခဲ့ၿပီး အဆုံးသတ္မွာေတာ့ ၃-၃ ဂိုးသေရက်သြားပါတယ္။ လုိက္ပ္ဇစ္က တုိက္စစ္မွဴး၀ါနာရဲ႕သြင္းဂိုးေတြေၾကာင့္ ၂-၂ ဂိုးသေရလုိက္ကစားႏိုင္ခဲ့ပါတယ္။
အဲဒီေနာက္ ဆန္ခ်ိဳက တတိယေျမာက္ဂိုးသြင္းယူသြားခဲ့ၿပီး ပြဲၿပီးဖို႔ ၁၅ မိနစ္အလုိမွာ လူစား၀င္တုိက္စစ္မွဴး ပက္ထရစ္ရွစ္ခ္က လုိက္ပ္ဇစ္အတြက္ အဖိုးတန္ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။