လွန်ခဲ့တဲ့ ၆ လက မော်ရင်ဟိုနဲ့ပတ်သက်ပြီး အာတီတာရဲ့ဟောကိန်း မှန်ကန်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်နည်းပြ အာတီတာကတော့ ဇူလိုင်က မော်ရင်ဟိုဟာ တော့တင်ဟမ်မှာ အလုပ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ အဆိုပါစပိန်သားရဲ့ပြောကြားချက်က လက်ရှိအချိန်မှာ မှန်ကန်နေခဲ့တာဖြစ်ပါတယ်။

 

အာတီတာရဲ့အာဆင်နယ်အသင်းကတော့ အခုအပတ်မှာ တော့တင်ဟမ်အသင်းနဲ့ အဝေးကွင်းရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရိသတ် ၂၀၀၀ ကွင်းထဲပြန်လာပြီးနောက် ယူရိုပါလိဂ်မှာ ရက်ပစ်ဝီယံအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် တော့တင်ဟမ်ကတော့ လင့်ဇ်အသင်းကို ၃-၃ ဂိုးနဲ့ သရေသာကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ မော်ရင်ဟိုရဲ့တော့တင်ဟမ်အသင်းဟာ ၉ ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့ ရမှတ် ၂၁ မှတ်ရယူကာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားခဲ့ပါတယ်။

အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၅ ပွဲအထိအရေးနိမ့်ခဲ့ပြီး တော့တင်ဟမ်အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်နားကပ်နေပြီး တော့တင်ဟမ်ကတော့ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင်တို့ရဲ့တိုက်စစ်အတွဲအပြင် ခံစစ်ကလည်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခံစစ်နဲ့ ခြေစွမ်းပြနေပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၆ လလောက်တုန်းက စပိန်သားနည်းပြက မော်ရင်ဟိုဟာ တော့တင်ဟမ်မှာ အလုပ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး လက်ရှိအချိန်မှာတော့ အာတီတာရဲ့ဟောကိန်းက မှန်ကန်နေခဲ့တာဖြစ်ပါတယ်။

ဝိုက်ဟက်လိန်းမဟုတ်တော့တဲ့ တော့တင်ဟမ်ရဲ့ကွင်းအသစ်မှာကစားကြမယ့် စပါးနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြန်လည်စတင်ပြီးနောက် ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံတဲ့ မြောက် လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တွေ့ဆုံမှုမှာတော့ အာဆင်နယ်ကို တော့တင်ဟမ်က အယ်လ်ဒါဝီရယ်ရဲ့နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲကြိုသတင်းစာရှင်းပွဲမှာတော့ အာတီတာက မော်ရင်ဟိုဟာ ကမ္ဘာ့အဆင့်နည်းပြတစ်ဦးဖြစ်ပြီး ပိုချက်တီနိုရဲ့တော့တင်ဟမ်ကို အကောင်းဆုံးကိုင်တွယ်နေတယ်လို့ ဆိုခဲ့ပါတယ်။

“သူတို့ မော်ရင်ဟိုလက်အောက်မှာ အတက်အကျတွေရှိခဲ့ပေမယ့် အားလုံးကို ခြုံကြည့်ရင် မော်ရင်ဟိုက အကောင်းဆုံးစွမ်းဆောင်ပေးထားခဲ့ပါတယ်။ သူက တော့တင်ဟမ်မှာလိုအပ်နေတာဲ့အရာတွေကို ယုဆောင်လာခဲ့တာပါ။ လက်ရှိအချိန်မှာ တော့တင်ဟမ်ကလမ်းကြောင်းမှန်ပေါ်ရောက်နေသလို နွေရာသီခေါ်ယူမှုတွေကလည်း အလုပ်ဖြစ်ခဲ့တာကြောင့် သူအောင်မြင်မှာ သေချာပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

“မော်ရင်ဟိုရဲ့တော့တင်ဟမ်က ပေးဂိုးမရှိတဲ့ပွဲတွေများနေသလို တိုက်စစ်ကလည်း ဂိုးအများအပြားသွင်းထားပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတောင် စိန်ခေါ်လာနိုင်ပါတယ်။ မော်ရင်ဟိုက ထိပ်တန်းနည်းပြတစ်ဦးဆိုတာ သိပြီးသားပါ။ သူနောက်ထပ်တစ်ကြိမ် အောင်မြင်မှုရအောင်လုပ်ဆောင်မယ်ဆိုတာ သေချာနေပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ တော့တင်ဟမ်ကိုရောက်တာ တစ်နှစ်ခွဲလောက်ရှိနေပြီဖြစ်ကာ ပေါ်တူဂီသားက ဂွါဒီယိုလာရဲ့စီးတီးကိုလည်း ၂-၀ ဂိုးနဲ့ ကျော်ဖြတ်ပြခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာ လုံလောက်တဲ့အောင်မြင်မှုတွေမရရှိခဲ့လို့ အထုတ်ခံခဲ့ရတဲ့ မော်ရင်ဟိုဟာ တော့တင်ဟမ်အသင်း အတောင့်တင်းဆုံးလူစာရင်းနဲ့ အောင်မြင်လာပြီး နောက်ထပ်တစ်ကြိမ် အောင်မြင်မှုရယူဖို့ တာဆူနေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့အနေနဲ့ မော်ရင်ဟိုရဲ့တော့တင်ဟမ်အသင်းနဲ့ပွဲမှာ အနိုင်ရရှိဖို့ နည်းလမ်းရှာဖွနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လြန္ခဲ့တဲ့ ၆ လက ေမာ္ရင္ဟိုနဲ႔ပတ္သက္ျပီး အာတီတာရဲ႕ေဟာကိန္း မွန္ကန္ေန

အာဆင္နယ္နည္းျပ အာတီတာကေတာ့ ဇူလိုင္က ေမာ္ရင္ဟိုဟာ ေတာ့တင္ဟမ္မွာ အလုပ္ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းေျပာၾကားလိုက္ပါတယ္။ အဆိုပါစပိန္သားရဲ႕ေျပာၾကားခ်က္က လက္ရွိအခ်ိန္မွာ မွန္ကန္ေနခဲ့တာျဖစ္ပါတယ္။ အာတီတာရဲ႕အာဆင္နယ္အသင္းကေတာ့ အခုအပတ္မွာ ေတာ့တင္ဟမ္အသင္းနဲ႔ အေ၀းကြင္းရင္ဆိုင္ရမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ပရိသတ္ ၂၀၀၀ ကြင္းထဲျပန္လာျပီးေနာက္ ယူရိုပါလိဂ္မွာ ရက္ပစ္၀ီယံအသင္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ေတာ့တင္ဟမ္ကေတာ့ လင့္ဇ္အသင္းကို ၃-၃ ဂိုးနဲ႔ သေရသာကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ေမာ္ရင္ဟိုရဲ႕ေတာ့တင္ဟမ္အသင္းဟာ ၉ ပြဲဆက္ရံႈးပြဲမရွိစံခ်ိန္နဲ႔ ရမွတ္ ၂၁ မွတ္ရယူကာ ထိပ္ဆံုးေနရာကို သိမ္းပိုက္ထားခဲ့ပါတယ္။ အာဆင္နယ္ကေတာ့ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၅ ပြဲအထိအေရးနိမ့္ခဲ့ၿပီး ေတာ့တင္ဟမ္အသင္းနဲ႔ ၈ မွတ္အကြာ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနပါတယ္။

အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ တန္းဆင္းဇုန္နားကပ္ေနျပီး ေတာ့တင္ဟမ္ကေတာ့ ဟယ္ရီကိန္း ၊ ဆြန္ေဟာင္မင္တို႔ရဲ႕တိုက္စစ္အတြဲအျပင္ ခံစစ္ကလည္း ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးခံစစ္နဲ႔ ေျခစြမ္းျပေနပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၆ လေလာက္တုန္းက စပိန္သားနည္းျပက ေမာ္ရင္ဟိုဟာ ေတာ့တင္ဟမ္မွာ အလုပ္ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းခဲ့ျပီး လက္ရွိအခ်ိန္မွာေတာ့ အာတီတာရဲ႕ေဟာကိန္းက မွန္ကန္ေနခဲ့တာျဖစ္ပါတယ္။ ဝိုက္ဟက္လိန္းမဟုတ္ေတာ့တဲ့ ေတာ့တင္ဟမ္ရဲ႕ကြင္းအသစ္မွာကစားၾကမယ့္ စပါးနဲ႔ အာဆင္နယ္တို႔ရဲ႕ပြဲစဥ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ျပန္လည္စတင္ျပီးေနာက္ ပထမဆံုးအၾကိမ္ ထိပ္တိုက္ ေတြ႕ဆံုတဲ့ ေျမာက္ လန္ဒန္ဒါဘီပြဲျဖစ္ပါတယ္။

ျပီးခဲ့တဲ့ေတြ႕ဆံုမႈမွာေတာ့ အာဆင္နယ္ကို ေတာ့တင္ဟမ္က အယ္လ္ဒါ၀ီရယ္ရဲ႕ေနာက္က်ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ပြဲၾကိဳသတင္းစာရွင္းပြဲမွာေတာ့ အာတီတာက ေမာ္ရင္ဟိုဟာ ကမၻာ့အဆင့္နည္းျပတစ္ဦးျဖစ္ျပီး ပိုခ်က္တီႏိုရဲ႕ေတာ့တင္ဟမ္ကို အေကာင္းဆံုးကိုင္တြယ္ေနတယ္လို႔ ဆိုခဲ့ပါတယ္။“သူတို႔ ေမာ္ရင္ဟိုလက္ေအာက္မွာ အတက္အက်ေတြရွိခဲ့ေပမယ့္ အားလံုးကို ျခံဳၾကည့္ရင္ ေမာ္ရင္ဟိုက အေကာင္းဆံုးစြမ္းေဆာင္ေပးထားခဲ့ပါတယ္။ သူက ေတာ့တင္ဟမ္မွာလိုအပ္ေနတာဲ့အရာေတြကို ယုေဆာင္လာခဲ့တာပါ။ လက္ရွိအခ်ိန္မွာ ေတာ့တင္ဟမ္ကလမ္းေၾကာင္းမွန္ေပၚေရာက္ေနသလို ေႏြရာသီေခၚယူမႈေတြကလည္း အလုပ္ျဖစ္ခဲ့တာေၾကာင့္ သူေအာင္ျမင္မွာ ေသခ်ာပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

“ေမာ္ရင္ဟိုရဲ႕ေတာ့တင္ဟမ္က ေပးဂိုးမရွိတဲ့ပြဲေတြမ်ားေနသလို တိုက္စစ္ကလည္း ဂိုးအမ်ားအျပားသြင္းထားပါတယ္။ သူတို႔ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုေတာင္ စိန္ေခၚလာႏိုင္ပါတယ္။ ေမာ္ရင္ဟိုက ထိပ္တန္းနည္းျပတစ္ဦးဆိုတာ သိျပီးသားပါ။ သူေနာက္ထပ္တစ္ၾကိမ္ ေအာင္ျမင္မႈရေအာင္လုပ္ေဆာင္မယ္ဆိုတာ ေသခ်ာေနပါတယ္”လို႔ အာတီတာက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ ေတာ့တင္ဟမ္ကိုေရာက္တာ တစ္ႏွစ္ခြဲေလာက္ရွိေနျပီျဖစ္ကာ ေပၚတူဂီသားက ဂြါဒီယိုလာရဲ႕စီးတီးကိုလည္း ၂-၀ ဂိုးနဲ႔ ေက်ာ္ျဖတ္ျပခဲ့တာျဖစ္ပါတယ္။ ယူႏုိက္တက္မွာ လံုေလာက္တဲ့ေအာင္ျမင္မႈေတြမရရွိခဲ့လို႕ အထုတ္ခံခဲ့ရတဲ့ ေမာ္ရင္ဟိုဟာ ေတာ့တင္ဟမ္အသင္း အေတာင့္တင္းဆံုးလူစာရင္းနဲ႔ ေအာင္ျမင္လာျပီး ေနာက္ထပ္တစ္ၾကိမ္ ေအာင္ျမင္မႈရယူဖို႔ တာဆူေနပါတယ္။ အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူ႕အေနနဲ႔ ေမာ္ရင္ဟိုရဲ႕ေတာ့တင္ဟမ္အသင္းနဲ႔ပြဲမွာ အႏိုင္ရရွိဖို႔ နည္းလမ္းရွာဖြႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိေၾကာင္း ဆိုခဲ့ပါတယ္။