လွန်ခဲ့တဲ့ ၁၀ နှစ်က အမ်ဘက်ပီအပေါ်တင်နေတဲ့အကြွေးကို Ballon d’Or ဆုပေးပွဲမှာ ပြန်ဆပ်နိုင်ခဲ့တဲ့ဒရော့ဘာ

photo-france football

photo-EPA

Ballon d’Or ဆုပေးပွဲက စင်မြင့်ထက်မှာ အမ်ဘက်ပီနဲ့ဆယ်လ်ဖီဆွဲလိုက်ခြင်းအားဖြင့် ချဲလ်ဆီးဂန္ထဝင်ဒရော့ဘာတစ်ယောက် လွန်ခဲ့တဲ့ ၁၀ နှစ်က အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးအပေါ် အကြွေးတင်နေတာကို နောက်ဆုံးမှာ ပြန်ဆပ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ဖြစ်တဲ့ ၂၀၀၉ ခုနှစ်က ဒရော့ဘာရဲ့ချဲလ်ဆီးဟာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကစားခဲ့ရပြီး အဲဒီပွဲအပြီးမှာ ၁၀ နှစ်အရွယ်အမ်ဘက်ပီဟာ အတူဓာတ်ပုံတွဲရိုက်ခွင့်ရဖို့ ဒရော့ဘာကို တောင်းဆိုမှုလုပ်ခဲ့တာပါ။

photo-EPA

အဲဒီအချိန်က အမ်ဘက်ပီဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းလာရောက်စမ်းသပ်ခံနေချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်နီယေစတာရဲ့နောက်ကျဂိုးနဲ့ ဘာစီလိုနာကိုနှစ်ကျော့ပေါင်းရှုံးနိမ့်မှုအပြီး ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ဒေါသထွက်နေတဲ့ဒရော့ဘာဟာ ကလေးတစ်ယောက်ရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။ ၁၀ နှစ်ကြာသွားခဲ့ပြီးတဲ့နောက် ဒီနှစ် Ballon d’Or ဆုပေးပွဲရဲ့အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူခွင့်ရမှသာ ကြုံကြိုက်စွာနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က အမ်ဘက်ပီရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

photo-social media

”လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ပွဲစဉ်တစ်ပွဲအပြီးမှာ ကလေးတစ်ယောက်ဟာ ကျွန်တော့်ဆီရောက်လာပြီး ဓာတ်ပုံရိုက်ချင်တယ်လို့ ခွင့်တောင်းခဲ့ပါတယ်။ ရလဒ်ကြောင့် ဒေါသထွက်နေတဲ့အချိန်ဆိုတော့ ကျွန်တော်ငြင်းခဲ့ပါတယ်။ နောက်ပိုင်းမှ အဲဒီကလေးဟာ အမ်ဘက်ပီဖြစ်နေတာလို့ သိရတာပါ။ ကျွန်တော့်အကြွေးကို အခုပြန်ဆပ်ချင်ပါတယ်”လို့ စီစဉ်တင်ဆက်စဉ် ဒရော့ဘာက ပြောခဲ့တာပါ။ အဲဒီနောက် သူဟာ အမ်ဘက်ပီနဲ့ဆယ်လ်ဖီပုံမှာ ပါဝင်နိုင်ဖို့ ဆုပေးပွဲတက်ရောက်လာတဲ့ ဧည့်ပရိသတ်အပေါင်းကို မတ်တပ်ရပ်ပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။ ဒါကြောင့် တွဲဖက်အစီအစဉ်တင်ဆက်သူလည်းပါတဲ့ ဒရော့ဘာနဲ့အမ်ဘက်ပီတို့ရဲ့ဆယ်လ်ဖီပုံမှာ လူအုပ်ကြားထဲက ကြယ်ပွင့်ကစားသမားတွေကိုလည်း တွေ့မြင်ရတာ ဖြစ်ပါတယ်။ အမ်ဘက်ပီဟာ ကလေးဘဝက မာဆေးအကယ်ဒမီကိုမပြောင်းခင် ချဲလ်ဆီးမှာ တစ်ပတ်ကြာ ခြေစွမ်းစမ်းသပ်ခံခဲ့တာဖြစ်ကာ သူ့အရှေ့နာမည် KYLIAN ပါတဲ့ ကျောနံပါတ် ၁၀ နဲ့ ချဲလ်ဆီးအင်္ကျကိုလည်း အခုချိန်ထိ သိမ်းထားဆဲပါပဲ။

[Zawgyi]

လြန္ခဲ့တဲ့ ၁၀ ႏွစ္က အမ္ဘက္ပီအေပၚတင္ေနတဲ့အေၾကြးကို Ballon d’Or ဆုေပးပြဲမွာ ျပန္ဆပ္ႏိုင္ခဲ့တဲ့ဒေရာ့ဘာ

Ballon d’Or ဆုေပးပြဲက စင္ျမင့္ထက္မွာ အမ္ဘက္ပီနဲ႔ဆယ္လ္ဖီဆြဲလုိက္ျခငး္အားျဖင့္ ခ်ဲလ္ဆီးဂႏၳ၀င္ဒေရာ့ဘာတစ္ေယာက္ လြန္ခဲ့တဲ့ ၁၀ ႏွစ္က အဲဒီပီအက္စ္ဂ်ီတုိက္စစ္မႈးအေပၚ အေၾကြးတင္ေနတာကို ေနာက္ဆုံးမွာ ျပန္ဆပ္ႏိုင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၀ ႏွစ္ျဖစ္တဲ့ ၂၀၀၉ ခုႏွစ္က ဒေရာ့ဘာရဲ႕ခ်ဲလ္ဆီးဟာ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကစားခဲ့ရၿပီး အဲဒီပြဲအၿပီးမွာ ၁၀ ႏွစ္အရြယ္အမ္ဘက္ပီဟာ အတူဓာတ္ပုံတြဲရိုက္ခြင့္ရဖို႔ ဒေရာ့ဘာကို ေတာင္းဆုိမႈလုပ္ခဲ့တာပါ။

အဲဒီအခ်ိန္က အမ္ဘက္ပီဟာ ခ်ဲလ္ဆီးအသင္းမွာ ေျခစြမ္းလာေရာက္စမ္းသပ္ခံေနခ်ိန္ ျဖစ္ပါတယ္။ ဒါေပမဲ့ အင္နီေယစတာရဲ႕ေနာက္က်ဂိုးနဲ႔ ဘာစီလိုနာကိုႏွစ္ေက်ာ့ေပါင္းရႈံးနိမ့္မႈအၿပီး ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လို႔ ေဒါသထြက္ေနတဲ့ဒေရာ့ဘာဟာ ကေလးတစ္ေယာက္ရဲ႕ေတာင္းဆုိမႈကို ျငင္းပယ္ခဲ့ပါတယ္။ ၁၀ ႏွစ္ၾကာသြားခဲ့ၿပီးတဲ့ေနာက္ ဒီႏွစ္ Ballon d’Or ဆုေပးပြဲရဲ႕အစီအစဥ္တင္ဆက္သူအျဖစ္ တာ၀န္ယူခြင့္ရမွသာ ႀကဳံႀကိဳက္စြာနဲ႔ လြန္ခဲ့တဲ့ ၁၀ ႏွစ္က အမ္ဘက္ပီရဲ႕ဆႏၵကို ျဖည့္ဆည္းေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

”လြန္ခဲ့တဲ့ ၁၀ ႏွစ္တုန္းက ပြဲစဥ္တစ္ပြဲအၿပီးမွာ ကေလးတစ္ေယာက္ဟာ ကၽြန္ေတာ့္ဆီေရာက္လာၿပီး ဓာတ္ပုံရိုက္ခ်င္တယ္လို႔ ခြင့္ေတာင္းခဲ့ပါတယ္။ ရလဒ္ေၾကာင့္ ေဒါသထြက္ေနတဲ့အခ်ိန္ဆုိေတာ့ ကၽြန္ေတာ္ျငငး္ခဲ့ပါတယ္။ ေနာက္ပိုင္းမွ အဲဒီကေလးဟာ အမ္ဘက္ပီျဖစ္ေနတာလို႔ သိရတာပါ။ ကၽြန္ေတာ့္အေၾကြးကို အခုျပန္ဆပ္ခ်င္ပါတယ္”လို႔ စီစဥ္တင္ဆက္စဥ္ ဒေရာ့ဘာက ေျပာခဲ့တာပါ။ အဲဒီေနာက္ သူဟာ အမ္ဘက္ပီနဲ႔ဆယ္လ္ဖီပုံမွာ ပါ၀င္ႏိုင္ဖုိ႔ ဆုေပးပြဲတက္ေရာက္လာတဲ့ ဧည့္ပရိသတ္အေပါင္းကို မတ္တပ္ရပ္ေပးဖို႔ ခြင့္ေတာင္းခဲ့ပါတယ္။ ဒါေၾကာင့္ တြဲဖက္အစီအစဥ္တင္ဆက္သူလည္းပါတဲ့ ဒေရာ့ဘာနဲ႔အမ္ဘက္ပီတုိ႔ရဲ႕ဆယ္လ္ဖီပုံမွာ လူအုပ္ၾကားထဲက ၾကယ္ပြင့္ကစားသမားေတြကိုလည္း ေတြ႕ျမင္ရတာ ျဖစ္ပါတယ္။ အမ္ဘက္ပီဟာ ကေလးဘ၀က မာေဆးအကယ္ဒမီကိုမေျပာင္းခင္ ခ်ဲလ္ဆီးမွာ တစ္ပတ္ၾကာ ေျခစြမ္းစမ္းသပ္ခံခဲ့တာျဖစ္ကာ သူ႔အေရွ႕နာမည္ KYLIAN ပါတဲ့ ေက်ာနံပါတ္ ၁၀ နဲ႔ ခ်ဲလ္ဆီးအက်ၤကိုလည္း အခုခ်ိန္ထိ သိမ္းထားဆဲပါပဲ။