လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကတည်းက ယူနိုက်တက်အသင်းမှာကစားခွင့်ရဖို့ အိပ်မက်,မက်ခဲ့ဖူးတယ်လို့ ဗာရန်းဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နောက်ခံလူသစ်ဗာရန်းက လွန်ခဲ့တဲ့(၁၀)နှစ်လောက်တုန်းက အသင်းဂန္ထဝင်နည်းပြကြီးဖာဂူဆန်ဟာ သူနဲ့သူ့မိခင်ဆီ အလည်လာရောက်တွေ့ဆုံခဲ့ချိန်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းမှာကစားခွင့်ရဖို့ အိပ်မက်,မက်ခဲ့ဖူးတာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြင်သစ်နောက်ခံလူဗာရန်းရဲ့အပြောင်းအရွှေ့အတွက် ပြီးခဲ့တဲ့လတွေကတည်းက ရီးယဲလ်အသင်းနဲ့သဘောတူညီမှုရခဲ့တာဖြစ်ပေမယ့် လိဒ်စ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှ ဗာရန်းကို ပရိသတ်နဲ့မိတ်ဆက်ပွဲပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ပေါင်(၄၂)သန်းပေးချေရမှာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုလောက်တုန်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့တဲ့ကစားသမားတစ်ဦးကို အခုအချိန်မှာ တရားဝင်ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်နဲ့တရားဝင်စာချုပ်ချုပ်ဆိုအပြီး ပထမဆုံးအင်တာဗျူးမှာ ဗာရန်းက

“၂၀၁၁ ခုနှစ်လောက်မှာ ကျွန်တော့်အမေရဲ့အိမ်ကို ဆာအဲလက်စ်ဖာဂူဆန် လာရောက်လည်ပတ်ခဲ့ပြီးတဲ့နောက် ကျွန်တော်နဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ လူတော်တော်များများက စိတ်ဝင်တစားနဲ့ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။

အဲဒီအချိန်ကတည်းက ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာကစားခွင့်ရဖို့က တကယ့်ကိုအရေးပါတဲ့အခွင့်အရေးဖြစ်တယ်လို့ ခံစားမိခဲ့တာပါ”ဆိုပြီးပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဖာဂူဆန်လက်ထက်ကတည်းက ဗာရန်းကိုခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် လာလီဂါထိပ်သီးရီးယဲလ်အသင်းက လက်ဦးမှုရယူပြီးတော့ ဗာရန်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဗာရန်းက ယူနိုက်တက်ကို ပြောင်းချင်ခဲ့တာက ဖာဂူဆန်ကြောင့်သာမဟုတ်ဘဲ နာမည်ကျော်ကစားသမားတွေပါဝင်ကစားခဲ့ကြတဲ့အတွက် ယူနိုက်တက်မှာကစားခွင့်ရဖို့ဆန္ဒရှိခဲ့တာဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။

“ဗီဒစ်နဲ့ ဖာဒီနန်တို့ဟာ ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်နောက်ခံလူတွေအဖြစ် သတ်မှတ်ရမယ့်ကစားသမားတွေဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်၊ ရိုင်ယန်ဂစ်၊ စီရော်နယ်လ်ဒိုတို့လို ထိပ်တန်းအဆင့်ကစားသမားတွေကလည်း ယူနိုက်တက်အသင်းမှာကစားခဲ့ကြတာပါ။

သူတို့တွေဟာ ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်တွေဖြစ်ကြပြီး အခု ကျွန်တော်လည်း ယူနိုက်တက်မိသားစုဝင်တစ်ဦးဖြစ်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်”လို့ ဗာရန်းက ပြောကြားခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဗာရန်းဟာ လိဒ်စ်အသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ အသင်းသစ်အတွက်ပွဲထွက်မကစားနိုင်ခဲ့ပေမယ့် လာမယ့်တစ်ပတ်ကျရင် ဆောက်သမ်တန်နဲ့ကစားမယ့်အဝေးကွင်းပွဲမှာ ပွဲဦးထွက်ကစားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လြန္ခဲ့တဲ့(၁၀)ႏွစ္ေလာက္ကတည္းက ယူႏိုက္တက္အသင္းမွာကစားခြင့္ရဖို႔ အိပ္မက္,မက္ခဲ့ဖူးတယ္လို႔ ဗာရန္းဝန္ခံ

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူသစ္ဗာရန္းက လြန္ခဲ့တဲ့(၁၀)ႏွစ္ေလာက္တုန္းက အသင္းဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ဟာ သူနဲ႔သူ႔မိခင္ဆီ အလည္လာေရာက္ေတြ႕ဆုံခဲ့ခ်ိန္ကတည္းက မန္ခ်က္စတာယူႏိုက္တက္အသင္းမွာကစားခြင့္ရဖို႔ အိပ္မက္,မက္ခဲ့ဖူးတာျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ျပင္သစ္ေနာက္ခံလူဗာရန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ၿပီးခဲ့တဲ့လေတြကတည္းက ရီးယဲလ္အသင္းနဲ႔သေဘာတူညီမႈရခဲ့တာျဖစ္ေပမယ့္ လိဒ္စ္အသင္းနဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွ ဗာရန္းကို ပရိသတ္နဲ႔မိတ္ဆက္ပြဲျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဗာရန္းအတြက္ ေပါင္(၄၂)သန္းေပးေခ်ရမွာျဖစ္ၿပီး ဆယ္စုႏွစ္တစ္ခုေလာက္တုန္းက ေခၚယူဖို႔စိတ္ဝင္စားခဲ့တဲ့ကစားသမားတစ္ဦးကို အခုအခ်ိန္မွာ တရားဝင္ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုအၿပီး ပထမဆုံးအင္တာဗ်ဴးမွာ ဗာရန္းက “၂၀၁၁ ခုႏွစ္ေလာက္မွာ ကြၽန္ေတာ့္အေမရဲ႕အိမ္ကို ဆာအဲလက္စ္ဖာဂူဆန္ လာေရာက္လည္ပတ္ခဲ့ၿပီးတဲ့ေနာက္ ကြၽန္ေတာ္နဲ႔မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္လို႔ လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္တစားနဲ႔ခန႔္မွန္းေျပာဆိုခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ကတည္းက ယူႏိုက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာကစားခြင့္ရဖို႔က တကယ့္ကိုအေရးပါတဲ့အခြင့္အေရးျဖစ္တယ္လို႔ ခံစားမိခဲ့တာပါ”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဖာဂူဆန္လက္ထက္ကတည္းက ဗာရန္းကိုေခၚယူႏိုင္ဖို႔နီးစပ္ခဲ့ေပမယ့္ လာလီဂါထိပ္သီးရီးယဲလ္အသင္းက လက္ဦးမႈရယူၿပီးေတာ့ ဗာရန္းကို ေခၚယူခဲ့တာျဖစ္ပါတယ္။ ဗာရန္းက ယူႏိုက္တက္ကို ေျပာင္းခ်င္ခဲ့တာက ဖာဂူဆန္ေၾကာင့္သာမဟုတ္ဘဲ နာမည္ေက်ာ္ကစားသမားေတြပါဝင္ကစားခဲ့ၾကတဲ့အတြက္ ယူႏိုက္တက္မွာကစားခြင့္ရဖို႔ဆႏၵရွိခဲ့တာျဖစ္တယ္လို႔ဝန္ခံခဲ့ပါတယ္။

“ဗီဒစ္နဲ႔ ဖာဒီနန္တို႔ဟာ ယူႏိုက္တက္အသင္းရဲ႕ဂႏၴဝင္ေနာက္ခံလူေတြအျဖစ္ သတ္မွတ္ရမယ့္ကစားသမားေတြျဖစ္ပါတယ္။ ေဒးဗစ္ဘက္ခမ္၊ ႐ိုင္ယန္ဂစ္၊ စီေရာ္နယ္လ္ဒိုတို႔လို ထိပ္တန္းအဆင့္ကစားသမားေတြကလည္း ယူႏိုက္တက္အသင္းမွာကစားခဲ့ၾကတာပါ။ သူတို႔ေတြဟာ ယူႏိုက္တက္အသင္းရဲ႕ဂႏၴဝင္ေတြျဖစ္ၾကၿပီး အခု ကြၽန္ေတာ္လည္း ယူႏိုက္တက္မိသားစုဝင္တစ္ဦးျဖစ္လာတဲ့အတြက္ ဂုဏ္ယူဝမ္းေျမာက္မိပါတယ္”လို႔ ဗာရန္းက ေျပာၾကားခဲ့ပါတယ္။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဗာရန္းဟာ လိဒ္စ္အသင္းကို (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ အသင္းသစ္အတြက္ပြဲထြက္မကစားႏိုင္ခဲ့ေပမယ့္ လာမယ့္တစ္ပတ္က်ရင္ ေဆာက္သမ္တန္နဲ႔ကစားမယ့္အေဝးကြင္းပြဲမွာ ပြဲဦးထြက္ကစားဖို႔ရွိေနပါၿပီ။