
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၁၀ နှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် တစ်ကျော့ပြန် ချန်ပီယံဖြစ်ထားတဲ့ အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်မှုး လူကာကူကို
နွေရာသီအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူနိုင်ဖို့ အသင်းဟောင်းချဲလ်ဆီးက အသည်းအသန် ကြိုးစားနေပေမယ့် ကာယကံရှင်ကတော့ အင်တာမှပဲ ဆက်ရှိနေချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က လူကာကူကို အခုနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာပါ။
လူကာကူ ကတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး “ကျွန်တော်ဒီမှာဆက်နေမှာပါ။
ကျွန်တော်ဟာ နည်းပြအသစ်ဖြစ်လာမယ့်သူနဲ့ ပုံမှန်အားဖြင့် အဆက်အသွယ်ရှိပါတယ်။
အရမ်းကို အပေါင်းလက္ခဏာဆောင်တဲ့ စကား ပြောဆိုမှုတွေရှိခဲ့တာပါ။
အင်တာနဲ့ စီးရီးအေဖလားကို ရပြီးသွားတော့ နောက်ထပ်ထပ်မံရရှိဖို့ စိန်ခေါ်မှုတွေရှိနေပါတယ်။
အင်တာမှာနေရတာ ပျော်ရွှင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
လူကာကူဟာ ကစားသမားဘဝ အစောပိုင်းက ချဲလ်ဆီး အသင်းမှာ ၃ရာသီ ကြာ ကစားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းအတွက် ၁၅ပွဲ သာပါဝင်ကစားခဲ့ပြီး အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။
အဲဒီနောက်မှာ လူကာကူဟာ ယူနိုက်တက် အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၉မှာတော့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတွေထဲက တစ်ဦးအဖြစ် သတ်သေပြခဲ့ပါတယ်။
လူကာကူ ဟာ အင်တာနည်းပြဟောင်း ကွန်တီလက်ထက်မှာ အသင်းအတွက် ၉၅ပွဲ ပါဝင်ကစားပြီး ၆၄ဂိုး အထိသွင်းယူနိုင်ခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကို စီးရီးအေဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး စီးရီးအေ တရာသီအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အတွက် ရှေ့တန်းမှာ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့
တီမိုဝါနာနဲ့ ပုံမှန်ခြေစွမ်းမရှိတဲ့ အေဗရာဟမ်တို့သာ ရှိနေပြီး ဂီရောက်ဒ့်ကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်တဲ့အတွက် လူကာကူ ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လြတ္တဲ့ငါး ႀကီးတယ္ျဖစ္ေနတဲ့ ခ်ဲလ္ဆီးဆီကို ျပန္လာဖို႔ စိတ္မဝင္စားတဲ့ လူကာကူ
၁၀ႏွစ္ေက်ာ္အတြင္းမွာ ပထမဆုံးအႀကိမ္ တစ္ေက်ာ့ျပန္ ခ်န္ပီယံျဖစ္ထားတဲ့ အင္တာမီလန္အသင္းရဲ႕ အဓိကတိုက္စစ္မႈး လူကာကူကို ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ျပန္လည္ေခၚယူႏိုင္ဖို႔ အသင္းေဟာင္းခ်ဲလ္ဆီးက အသည္းအသန္ ႀကိဳးစားေနေပမယ့္ ကာယကံရွင္ကေတာ့ အင္တာမွပဲ ဆက္ရွိေနခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ခ်ယ္လ္ဆီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က လူကာကူကို အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနခဲ့တာပါ။
လူကာကူ ကေတာ့ သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး “ကြၽန္ေတာ္ဒီမွာဆက္ေနမွာပါ။ကြၽန္ေတာ္ဟာ နည္းျပအသစ္ျဖစ္လာမယ့္သူနဲ႔ ပုံမွန္အားျဖင့္ အဆက္အသြယ္ရွိပါတယ္။ အရမ္းကို အေပါင္းလကၡဏာေဆာင္တဲ့ စကား ေျပာဆိုမႈေတြရွိခဲ့တာပါ။ အင္တာနဲ႔ စီးရီးေအဖလားကို ရၿပီးသြားေတာ့ ေနာက္ထပ္ထပ္မံရရွိဖို႔ စိန္ေခၚမႈေတြရွိေနပါတယ္။ အင္တာမွာေနရတာ ေပ်ာ္႐ႊင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။
လူကာကူဟာ ကစားသမားဘဝ အေစာပိုင္းက ခ်ဲလ္ဆီး အသင္းမွာ ၃ ရာသီ ၾကာ ကစားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီး အသင္းအတြက္ ၁၅ပြဲ သာပါဝင္ကစားခဲ့ၿပီး အဲဗာတန္အသင္းဆီ ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။ အဲဒီေနာက္မွာ လူကာကူဟာ ယူႏိုက္တက္ အသင္းကိုေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ၂၀၁၉မွာေတာ့ အင္တာမီလန္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးကမာၻ႔အေကာင္းဆုံးတိုက္စစ္မႈးေတြထဲက တစ္ဦးအျဖစ္ သတ္ေသျပခဲ့ပါတယ္။ လူကာကူ ဟာ အင္တာနည္းျပေဟာင္း ကြန္တီလက္ထက္မွာ အသင္းအတြက္ ၉၅ ပြဲ ပါဝင္ကစားၿပီး ၆၄ ဂိုး အထိသြင္းယူႏိုင္ခဲ့တာပါ။
သူဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းကို စီးရီးေအဖလားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး စီးရီးေအ တရာသီအေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီး အသင္းကေတာ့ လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ အတြက္ ေရွ႕တန္းမွာ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္တတ္တဲ့ တီမိုဝါနာနဲ႔ ပုံမွန္ေျခစြမ္းမရွိတဲ့ ေအဗရာဟမ္တို႔သာ ရွိေနၿပီး ဂီေရာက္ဒ့္ကလည္း အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မွာ ျဖစ္တဲ့အတြက္ လူကာကူ ကို ေခၚယူဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။