
photo-the sun
photo-the sun
ပိုလန်နောက်ခံလူတစ်ယောက်ဟာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်သွားခဲ့ဘဲ ကိုယ့်ဒူးနဲ့မျက်နှာမိတ်ဆက်ခဲ့တဲ့အပြင် အဲဒီအတွက် နှာခေါင်းရိုးကျိုးသွားခဲ့ပုံလည်း ရပါတယ်။ ဒါဘရောစကီးလို့အမည်ရတဲ့ အဲဒီနောက်ခံလူဟာ ပြီးခဲ့တဲ့တနင်္ဂနွေ ပိုလန်လိဂ်ပွဲစဉ်တစ်ပွဲမှာ ဗဟိုခံစစ်နေရာက ပွဲထွက်လာခဲ့တာပါ။ ဒါပေမဲ့ ထူးခြားဆန်းကြယ်စွာနဲ့ပဲ ကွင်းထဲမှာ ၆ မိနစ်သာ နေလိုက်ရပါတယ်။
photo-the sun
ပြိုင်ဘက်ဧရိယာထဲက ထောင့်ကန်ဘောတစ်ခုမှာ သူဟာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ အဲဒါက လုံးဝကို လွဲချော်သွားခဲ့ပြီး ဘောလုံးက သူ့ခေါင်းနားကနေ ဖြတ်သွားပါတယ်။ ကံဆိုးချင်တော့ မြှောက်လိုက်တဲ့ခြေထောက်က ဒူးဟာ သူ့နှာခေါင်းနဲ့ မိတ်ဆက်သွားပါတယ်။ အဲဒါကြောင့် နှာခေါင်းကနေ သွေးတွေအလိမ့်လိမ့်စီးကျလာပြီး သူလည်း လူစားလဲခံလိုက်ရပါတယ်။ အဲဒီအနေအထားအရ သူဟာ နှာခေါင်းရိုးကျိုးသွားတယ်လို့ ယုံကြည်ရပါတယ်။
https://twitter.com/i/status/1234119433016221698
ဆိုရှယ်မီဒီယာထက်မှာတော့ သူ့ရဲ့ဒဏ်ရာရပုံက ပရိသတ်တွေအတွက် လှောင်ရယ်စရာဖြစ်လို့နေပါတယ်။ သူက မှတ်မှတ်ရရသွင်းဂိုးတစ်ဂိုးအတွက် လုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးတော့ ကိုယ့်ဟာနဲ့ကိုယ် နှာခေါင်းရိုးချိုးမိတဲ့အဖြစ် ရောက်ခဲ့ရပါတယ်။
[Zawgyi]
လြဲသြားတဲ့ ေနာက္ျပန္ကန္ခ်က္ေၾကာင့္ ကိုယ့္ဒူးနဲ႔မ်က္ႏွာမိတ္ဆက္ခဲ့ရတဲ့ ေနာက္ခံလူတစ္ေယာက္
ပိုလန္ေနာက္ခံလူတစ္ေယာက္ဟာ ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးသြင္းဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အရာမထင္သြားခဲ့ဘဲ ကိုယ့္ဒူးနဲ႔မ်က္ႏွာမိတ္ဆက္ခဲ့တဲ့အျပင္ အဲဒီအတြက္ ႏွာေခါင္းရိုးက်ိဳးသြားခဲ့ပုံလည္း ရပါတယ္။ ဒါဘေရာစကီးလို႔အမည္ရတဲ့ အဲဒီေနာက္ခံလူဟာ ၿပီးခဲ့တဲ့တနဂၤေႏြ ပိုလန္လိဂ္ပြဲစဥ္တစ္ပြဲမွာ ဗဟိုခံစစ္ေနရာက ပြဲထြက္လာခဲ့တာပါ။ ဒါေပမဲ့ ထူးျခားဆန္းၾကယ္စြာနဲ႔ပဲ ကြင္းထဲမွာ ၆ မိနစ္သာ ေနလိုက္ရပါတယ္။
ၿပိဳင္ဘက္ဧရိယာထဲက ေထာင့္ကန္ေဘာတစ္ခုမွာ သူဟာ ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးသြင္းႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တာပါ။ ဒါေပမဲ့ အဲဒါက လုံး၀ကို လြဲေခ်ာ္သြားခဲ့ၿပီး ေဘာလုံးက သူ႔ေခါင္းနားကေန ျဖတ္သြားပါတယ္။ ကံဆိုးခ်င္ေတာ့ ေျမွာက္လိုက္တဲ့ေျခေထာက္က ဒူးဟာ သူ႔ႏွာေခါင္းနဲ႔ မိတ္ဆက္သြားပါတယ္။ အဲဒါေၾကာင့္ ႏွာေခါင္းကေန ေသြးေတြအလိမ့္လိမ့္စီးက်လာၿပီး သူလည္း လူစားလဲခံလိုက္ရပါတယ္။ အဲဒီအေနအထားအရ သူဟာ ႏွာေခါင္းရိုးက်ိဳးသြားတယ္လို႔ ယုံၾကည္ရပါတယ္။
ဆိုရွယ္မီဒီယာထက္မွာေတာ့ သူ႔ရဲ႕ဒဏ္ရာရပုံက ပရိသတ္ေတြအတြက္ ေလွာင္ရယ္စရာျဖစ္လုိ႔ေနပါတယ္။ သူက မွတ္မွတ္ရရသြင္းဂိုးတစ္ဂိုးအတြက္ လုပ္ခဲ့ေပမယ့္လည္း ေနာက္ဆုံးေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ ႏွာေခါင္းရိုးခ်ိဳးမိတဲ့အျဖစ္ ေရာက္ခဲ့ရပါတယ္။