
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာ အသင်း ကွင်းလယ်ကစားသမား ကော်တင်ဟိုကို အခု နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း၂၀ နဲ့ ခေါ်ယူဖို့ လက်စတာအသင်းက စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
ဒီဈေးနှုန်းဟာ ဈေးကွက်အနေအထားနဲ့ယှဉ်ရင် နည်းပါးနေပေမယ့် ဘာစီလိနာက ငွေလိုနေသလို လက်ရှိလက်စတာနည်းပြ ရော်ဂျာက ကော်တင်ဟိုကို လီဗာပူးမှာ အရောင်တင်ပေးခဲ့တဲ့သူဖြစ်တာကြောင့် မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။
ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသနာကြောင့် ဘာစီလိုနာအသင်းအတွက် ၁၄ပွဲသာ ပါဝင်ကစားခဲ့ရပြီး ဒီဇင်ဘာလကုန်ထဲက အနားယူနေရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကော်တင်ဟို ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေ ပိုပြီးထွက်ပေါ်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း
အခုအပြောင်းအရွှေ့မှာ သူတို့ရဲ့ ကြွေးမြီတွေကိုဖြေရှင်းဖို့ ကော်တင်ဟို အပါအဝင် အဓိက ကစားသမားအများအပြားကိုလည်း ရောင်းချဖို့ ပြင်ဆင်နေတာပါ။
ကော်တင်ကို ခေါ်ယူဖို့ ပြင်သစ်ကလပ် မာဆေးအသင်းကလည်း စိတ်ဝင်စားနေကြောင်း ပြသထားပေမယ့် ကာယံကံရှင် ကစားသမားက ဥရောပလိဂ်အဆင့်အတန်းမှာ တဆင့်နိမ့်တဲ့ ပြင်သစ်မြေကို ပြောင်းရွှေ့ဖို့ ခက်ပါတယ်။
ကော်တင်ဟို ကို ခေါ်ယူဖို့ အဲဗာတန်နဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားမှုတွေရှိပေမယ့် လက်စတာအသင်းကတော့ အမှန်တကယ်ခေါ်ယူဖို့ ချဉ်းကပ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လက်စတာနည်းပြ ရော်ဂျာနဲ့ ကော်တင်ဟိုတို့ဟာ လီဗာပူးအသင်းမှာ အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးပြီး ကော်တင်ဟို ကို ပေါင်သန်း ၂၀နဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Mondo Deportivo သတင်းက ဆိုထားပါတယ်။
ကော်တင်ဟို ဟာ လီဗာပူးအသင်းကနေ ရောက်ရှိလာတဲ့ ၂၀၁၈ထဲက ဘာစီလိုနာအသင်းမှာ အသားကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ကော်တင်ဟိုနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂နှစ်ကျန်ရှိနေသေးတယ်လို့ သိရပြီး ဘာစီလိုနာက လုပ်ခလစာမြင့်မားပြီး ဆေးကုနေရတာများတဲ့ ကော်တင်ဟိုကို ဘတ်ဂျက်အခြေအနေအရ ဝိတ်လျှော့ချင်နေတာပါ။
ဘရာဇီးကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း၉၀ ပါဝင်ကစားထားပြီး ၂၄ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
ကော်တင်ဟို ဟာ ၂၀၁၉-၂၀ ရာသီက ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ် အသင်းဆီ အငှားသွားရောက်ကစားခဲ့ပါသေးတယ်။
အငှားသွားရောက်စဉ်တုန်းက ဘာစီလိုနာမှာထက် ခြေစွမ်းပိုပြနိုင်ခဲ့သလို ပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဘွန်ဒစ်လီဂါ၊ ချန်ပီယံလိဂ်နဲ့ ပိုကယ်ဖလားစတဲ့ ဖလား၃လုံး ရယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းနဲ့အတူ ကော်တင်ဟိုဟာ လာလီဂါဖလား၂) ကြိမ်၊ ကိုပါဒယ်ရေးဖလား ၁ကြိမ် ရယူထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေလွ်ာ့ေဈးနဲ႔ရမယ့္ ေကာ္တင္ဟိုကို ေရာ္ဂ်ာမ်က္ႏွာနဲ႔ ေအာက္ေဈး ထပ္ႏႈိက္ခ်င္ေနတဲ့ လက္စတာ
ဘာစီလိုနာ အသင္း ကြင္းလယ္ကစားသမား ေကာ္တင္ဟိုကို အခု ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေပါင္သန္း၂၀ နဲ႔ ေခၚယူဖို႔ လက္စတာအသင္းက စဥ္းစားေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပေနပါတယ္။ ဒီေဈးႏႈန္းဟာ ေဈးကြက္အေနအထားနဲ႔ယွဥ္ရင္ နည္းပါးေနေပမယ့္ ဘာစီလိနာက ေငြလိုေနသလို လက္ရွိလက္စတာနည္းျပ ေရာ္ဂ်ာက ေကာ္တင္ဟိုကို လီဗာပူးမွာ အေရာင္တင္ေပးခဲ့တဲ့သူျဖစ္တာေၾကာင့္ မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔မရပါဘူး။ ေကာ္တင္ဟိုဟာ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပသနာေၾကာင့္ ဘာစီလိုနာအသင္းအတြက္ ၁၄ပြဲသာ ပါဝင္ကစားခဲ့ရၿပီး ဒီဇင္ဘာလကုန္ထဲက အနားယူေနရတာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ေကာ္တင္ဟို ရဲ႕အနာဂတ္နဲ႔ ပတ္သက္တဲ့ ထင္ျမင္ခ်က္ေတြ ပိုၿပီးထြက္ေပၚေနတာျဖစ္ၿပီး ဘာစီလိုနာအသင္းကလည္း အခုအေျပာင္းအေ႐ႊ႕မွာ သူတို႔ရဲ႕ ေႂကြးၿမီေတြကိုေျဖရွင္းဖို႔ ေကာ္တင္ဟို အပါအဝင္ အဓိက ကစားသမားအမ်ားအျပားကိုလည္း ေရာင္းခ်ဖို႔ ျပင္ဆင္ေနတာပါ။
ေကာ္တင္ကို ေခၚယူဖို႔ ျပင္သစ္ကလပ္ မာေဆးအသင္းကလည္း စိတ္ဝင္စားေနေၾကာင္း ျပသထားေပမယ့္ ကာယံကံရွင္ ကစားသမားက ဥေရာပလိဂ္အဆင့္အတန္းမွာ တဆင့္နိမ့္တဲ့ ျပင္သစ္ေျမကို ေျပာင္းေ႐ႊ႕ဖို႔ ခက္ပါတယ္။ ေကာ္တင္ဟို ကို ေခၚယူဖို႔ အဲဗာတန္နဲ႔ အာဆင္နယ္တို႔ကလည္း စိတ္ဝင္စားမႈေတြရွိေပမယ့္
လက္စတာအသင္းကေတာ့ အမွန္တကယ္ေခၚယူဖို႔ ခ်ဥ္းကပ္ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
လက္စတာနည္းျပ ေရာ္ဂ်ာနဲ႔ ေကာ္တင္ဟိုတို႔ဟာ လီဗာပူးအသင္းမွာ အတူလက္တြဲလုပ္ကိုင္ခဲ့ဖူးၿပီး ေကာ္တင္ဟို ကို ေပါင္သန္း ၂၀နဲ႔ ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ Mondo Deportivo သတင္းက ဆိုထားပါတယ္။ ေကာ္တင္ဟို ဟာ လီဗာပူးအသင္းကေန ေရာက္ရွိလာတဲ့ ၂၀၁၈ထဲက ဘာစီလိုနာအသင္းမွာ အသားက်ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ ေကာ္တင္ဟိုနဲ႔ ဘာစီလိုနာအသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ၂ႏွစ္က်န္ရွိေနေသးတယ္လို႔ သိရၿပီး ဘာစီလိုနာက လုပ္ခလစာျမင့္မားၿပီး ေဆးကုေနရတာမ်ားတဲ့ ေကာ္တင္ဟိုကို ဘတ္ဂ်က္အေျခအေနအရ ဝိတ္ေလွ်ာ့ခ်င္ေနတာပါ။ ဘရာဇီးကစားသမားဟာ ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း၉၀ ပါဝင္ကစားထားၿပီး ၂၄ဂိုး သြင္းယူထားတာျဖစ္ပါတယ္။
ေကာ္တင္ဟို ဟာ ၂၀၁၉-၂၀ ရာသီက ဘာစီလိုနာကေန ဘိုင္ယန္ျမဴးနစ္ အသင္းဆီ အငွားသြားေရာက္ကစားခဲ့ပါေသးတယ္။ အငွားသြားေရာက္စဥ္တုန္းက ဘာစီလိုနာမွာထက္ ေျခစြမ္းပိုျပႏိုင္ခဲ့သလို ပြဲေပါင္း ၃၀ ပါဝင္ကစားခဲ့ၿပီး ၁၁ဂိုး သြင္းယူႏိုင္ခဲ့ကာ ဘြန္ဒစ္လီဂါ၊ ခ်န္ပီယံလိဂ္နဲ႔ ပိုကယ္ဖလားစတဲ့ ဖလား၃လုံး ရယူႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းနဲ႔အတူ ေကာ္တင္ဟိုဟာ လာလီဂါဖလား၂) ႀကိမ္၊ ကိုပါဒယ္ေရးဖလား ၁ႀကိမ္ ရယူထားပါတယ္။