
Photo Credit
Photo Credit
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ အဲဗာတန်နဲ့ စပါးပွဲမှာ အဲဗာတန်ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ဟာ ထိတ်လန့်စရာကောင်းတဲ့ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင် ဂိုမက်စ်ဟာ ဆွန်ဟောင်မင်၊ အော်ရီယာတို့နဲ့ထိကာ ညာဘက်ခြေကျင်းဝတ်အရိုးကျိုးသွားခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် လအတန်ကြာအနားယူရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
Photo Credit
ဒါပေမဲ့ သူဟာ ၁၁၁ ရက်အကြာမှာတော့ မြက်ခင်းစိမ်းတွေထက် ပြန်လည်ခြေချနိုင်ခဲ့ပြီး အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့တာပါ။ ၄လမပြည့်ခင် ပွဲပြန်ကစားနိုင်တာက သူရရှိခဲ့တဲ့ ဒဏ်ရာနဲ့ယှဉ်ရင် တကယ့်ကိုအံ့အားသင့်စရာကောင်းခဲ့ပြီး ယူနိုက်တက်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာလည်း ပထမဆုံးအကြိမ်အဖြစ် ဦးစားပေးစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
Photo Credit
သူဟာ ပွဲချိန် ၈၂ မိနစ်ရောက်မှ လူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းနဲ့ လူစားလဲခံခဲ့ရပြီး ဂိုမက်စ် ကွင်းထဲကနေ ထွက်လာချိန်မှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့ရဲ့ Class ကို ပြသခဲ့ပါတယ်။ ဂိုမက်စ် လူစားလဲခံရချိန်မှာ ပွဲက ၁-၁ ဖြစ်နေပြီး နှစ်သင်းစလုံး အနိုင်ဂိုးရဖို့ အားကုန်ကြိုးစားနေချိန်ဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ ပွဲအကြောင်းကို ခဏမေ့ထားပြီး ဂိုမက်စ်ကို တစ်ခုတ်တရနှုတ်ဆက်ခဲ့ပါတယ်။
Photo Credit
ဂိုမက်စ်တစ်ယောက် အဲဗာတန်နည်းပြ အန်ဆလော့တီ၊ အသင်းဝန်ထမ်းတွေနဲ့ နှုတ်ဆက်ခဲ့ပြီးနောက် အရန်ခုံတန်းဆီ သွားဖို့ပြင်ဆင်နေတုန်း သူ့အနောက်မှာရှိနေတဲ့ ဆိုးလ်ရှားက ပခုံးကို လှမ်းပုတ်ကာ ပွေ့ဖက်ဂုဏ်ပြုနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးလောကရဲ့တကယ့်ကိုလှပတဲ့ကာလတစ်ခုပါပဲ။
Photo Credit
ဒီလိုပြင်းထန်လွန်းတဲ့ဒဏ်ရာရရှိမှုကနေ မထင်မှတ်လောက်အောင် အချိန်တိုအတွင်း ပြန်ကစားနိုင်တာက ဂိုမက်စ်အတွက် အံ့အားသင့်စရာကောင်းတဲ့ကြိုးစားမှုဖြစ်ပြီး ဒီအတွက်လည်း ဆိုးလ်ရှားက ပွေ့ဖက်ဂုဏ်ပြုခဲ့တာပါ။
Video Credit
နော်ဝေနိုင်ငံသား ဆိုးလ်ရှားဟာ ပွဲမတိုင်ခင် ကျင်းပပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလည်း ”ဂိုမက်စ်က ဒီလိုဆိုးရွားတဲ့ဒဏ်ရာကနေ အမြန်ဆုံးပြန်ကစားနိုင်တာက တကယ့်ကို အံ့အားသင့်စရာကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားဘဝကနေ ဖြတ်သန်းလာသူဆိုတော့ ဒီလိုဒဏ်ရာမျိုးရတာက ဘယ်လောက်ခက်လဲဆိုတာ သိပါတယ်။ သူပြန်ကစားတာ မြင်တွေ့ရလို့ ဝမ်းသာမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Photo Credit
Zawgyi
ေလးစားအတုယူစရာေကာင္းတဲ့ ဆုိးလ္ရွားရဲ႕စိတ္ဓာတ္
ၿပီးခ့ဲ့တဲ့ႏုိ၀င္ဘာလအတြင္း ကစားခဲ့တဲ့ အဲဗာတန္နဲ႔ စပါးပဲြမွာ အဲဗာတန္ကြင္းလယ္လူ အန္ဒရီဂိုမက္စ္ဟာ ထိတ္လန္႔စရာေကာင္းတဲ့ ေျခက်င္း၀တ္ဒဏ္ရာရရွိခဲ့ပါတယ္။ ေပၚတူဂီလက္ေရြးစင္ ဂိုမက္စ္ဟာ ဆြန္ေဟာင္မင္၊ ေအာ္ရီယာတုိ႔နဲ႔ထိကာ ညာဘက္ေျခက်င္း၀တ္အ႐ိုးက်ိဳးသြားခဲ့တာျဖစ္ၿပီး ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးေနာက္ လအတန္ၾကာအနားယူရလိမ့္မယ္လုိ႔ ခန္႔မွန္းခဲ့ၾကပါတယ္။
ဒါေပမဲ့ သူဟာ ၁၁၁ ရက္အၾကာမွာေတာ့ ျမက္ခင္းစိမ္းေတြထက္ ျပန္လည္ေျခခ်ႏိုင္ခဲ့ၿပီး အာဆင္နယ္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ လူစား၀င္ကစားခဲ့တာပါ။ ၄လမျပည့္ခင္ ပဲြျပန္ကစားႏိုင္တာက သူရရွိခ့ဲတဲ့ ဒဏ္ရာနဲ႔ယွဥ္ရင္ တကယ့္ကိုအံ့အားသင့္စရာေကာင္းခဲ့ၿပီး ယူႏုိက္တက္နဲ႔ ၁-၁ ဂုိးသေရက်ခ့ဲတဲ့ပဲြမွာလည္း ပထမဆုံးအႀကိမ္အျဖစ္ ဦးစားေပးစာရင္းမွာ ပါ၀င္ခြင့္ရခဲ့ပါတယ္။
သူဟာ ပြဲခ်ိန္ ၈၂ မိနစ္ေရာက္မွ လူငယ္တုိက္စစ္မွဴး မြိဳက္စ္ကိန္းနဲ႔ လူစားလဲခံခဲ့ရၿပီး ဂိုမက္စ္ ကြင္းထဲကေန ထြက္လာခ်ိန္မွာ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားက သူ႕ရဲ႕ Class ကို ျပသခဲ့ပါတယ္။
ဂိုမက္စ္ လူစားလဲခံရခ်ိန္မွာ ပြဲက ၁-၁ ျဖစ္ေနၿပီး ႏွစ္္သင္းစလုံး အႏိုင္ဂိုးရဖုိ႔ အားကုန္ႀကိဳးစားေနခ်ိန္ျဖစ္ေပမယ့္ ဆုိးလ္ရွားကေတာ့ ပြဲအေၾကာင္းကို ခဏေမ့ထားၿပီး ဂိုမက္စ္ကို တစ္ခုတ္တရႏႈတ္ဆက္ခဲ့ပါတယ္။
ဂိုမက္စ္တစ္ေယာက္ အဲဗာတန္နည္းျပ အန္ဆေလာ့တီ၊ အသင္း၀န္ထမ္းေတြနဲ႔ ႏႈတ္ဆက္ခဲ့ၿပီးေနာက္ အရန္ခုံတန္းဆီ သြားဖို႔ျပင္ဆင္ေနတုန္း သူ႕အေနာက္မွာရွိေနတဲ့ ဆုိးလ္ရွားက ပခုံးကို လွမ္းပုတ္ကာ ေပြ႕ဖက္ဂုဏ္ျပဳႏႈတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ေဘာလုံးေလာကရဲ႕တကယ့္ကိုလွပတဲ့ကာလတစ္ခုပါပဲ။
ဒီလုိျပင္းထန္လြန္းတ့ဲဒဏ္ရာရရွိမႈကေန မထင္မွတ္ေလာက္ေအာင္ အခ်ိ္န္တိုအတြင္း ျပန္ကစားႏိုင္တာက ဂိုမက္စ္အတြက္ အံ့အားသင့္စရာေကာင္းတဲ့ႀကိဳးစားမႈျဖစ္ၿပီး ဒီအတြက္လည္း ဆုိးလ္ရွားက ေပြ႕ဖက္ဂုဏ္ျပဳခဲ့တာပါ။
ေနာ္ေ၀ႏိုင္ငံသား ဆုိးလ္ရွားဟာ ပဲြမတိုင္ခင္ က်င္းပျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပဲြမွာလည္း ”ဂိုမက္စ္က ဒီလုိဆုိးရြားတဲ့ဒဏ္ရာကေန အျမန္ဆုံးျပန္ကစားႏုိင္တာက တကယ့္ကို အံ့အားသင့္စရာေကာင္းပါတယ္။ ကၽြန္ေတာ္ကုိယ္တုိင္လည္း ကစားသမားဘ၀ကေန ျဖတ္သန္းလာသူဆုိေတာ့ ဒီလုိဒဏ္ရာမ်ိဳးရတာက ဘယ္ေလာက္ခက္လဲဆုိတာ သိပါတယ္။ သူျပန္ကစားတာ ျမင္ေတြ႕ရလုိ႔ ၀မ္းသာမိပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။