
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးလောကမှာ ပြိုင်ဘက်ဆိုတာ တဖက်အသင်းသားကိုတင် ပြောတာမဟုတ်ဘဲ အသင်းဖော် အချင်းချင်းအကြားမှာလည်း ရှိတတ်ပါတယ်။
နည်းပြရဲ့ စိတ်ကြိုက်ကစားသမားဖြစ်နေပြီး ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားနဲ့ အရန်ထိုင်ခုံမှာ ထိုင်နေရတဲ့ ဒုတိယဦးစားပေး ကစားသမားတို့က အသင်းဖော် တဖြစ်လဲ ပြိုင်ဘက်တွေပါပဲ။
ယူနိုက်တက်အသင်းရဲ့ ဂိုးသမား တစ်ဦးဖြစ်တဲ့ ရိုမီယိုကတော့ ဒီဂီယာအပေါ်မှာ ပြိုင်ဘက်လို့ သတ်မှတ်သဘောမထားတာ သေချာပါတယ်။
ရိုမီယိုဟာ ဒီဂီယာရဲ့ နောက်မှာ ဒုတိယဦးစားပေး ဂိုးသမားအဖြစ်ပဲ ကျေကျေနပ်နပ် နေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလိုဖြစ်လို့ ရိုမီယိုကို တိုးတက်လိုစိတ်မရှိတဲ့သူလို့ သွားပြောလို့ မရပါဘူး။
ရိုမီယိုဟာ သူ့ရဲ့ စွမ်းရည်ကို အမြဲတမ်းတိုးတက် ကောင်းမွန်နေအောင် အသင့်အမြဲပြင်ထားတာပါ။
ဒီဂီယာနေရာဝင်ဖို့ အမြဲ အဆင်သင့် Ready ရှိနေခဲ့အတယ်ဆိုတာ နည်းပြမော်ရင်ဟို လက်ထက်တုန်းက သူ့ကို ယူရိုပါလိဂ်နဲ့ လိဂ်ဖလား ပြိုင်ပွဲ ၂ခုမှာ ပွဲထွက် ဂိုးသမားအနေနဲ့ အသုံးပြုခဲ့တဲ့အချိန်မှာ ပြိုင်ပွဲ ၂ခုစလုံးမှာ လက်စွမ်းပြပြီး ဆုဖလား ရရှိခဲ့တာပါ။
ဒါဆိုရင် သူဘာကြောင့် နံပါတ် ၁ဂိုးသမားနေရာမယူလဲ မေးစရာရှိလာပါပြီ။
အဖြေကတော့ ယူနိုက်တက်ကို သူချစ်လွန်းလို့ပါ။
သူ့ရဲ့ လက်စွမ်းအပေါ် သူကိုယ်တိုင် အပြည့်အ၀ ယုံကြည်ပေမယ့် သူ့ကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေအပါအဝင် ပထမဦးစားပေးနေရာအတွက် နည်းပြတွေရဲ့ မယုံကြည်တဲ့ စိတ်ကြောင့်
သူသာ အတိုက်အခံသွားလုပ်လိုက်ရင် အသင်းက ရောင်းထုတ်ခံရမှာစိုးပြီး အခွင့်အရေးရတဲ့ ပွဲတိုင်းမှာ လက်စွမ်းပြနိုင်ဖို့သာ အမြဲအသင့်ပြင်ထားခဲ့တာပါ။
ရိုမီယိုအနေနဲ့ ယူနိုက်တက်ကို ဘယ်လောက်ချစ်သလဲဆိုရင် ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက အရန်ခုံမှာ ထိုင်နေမယ့်အစား ဒီမှာ ဂိုးလာဖမ်းပါဆိုပြီး ဗီလာအသင်းက လစာပိုပေးသလို ပွဲထွက်ခွင့် အာမခံချက်နဲ့ ကမ်းလှမ်းခဲ့တာကို မသွားခဲ့ပါဘူး။
ဗီလာက သူ့ကို ခေါ်မရလို့ အာဆင်နယ်နဲ့ မနှစ်က အက်ဖ်အေဖလားရခဲ့တဲ့ မာတီနက်ဇ်ကို ခေါ်ယူခဲ့လိုက်တာပါ။
ဒီလိုမျိုး အသင်းအပေါ် ခင်တွယ်ပြီး လက်စွမ်းလည်း မနိမ့်တဲ့ ရိုမီယိုကို ယူနိုက်တက်အသင်းဖက်က ပြန်ဆက်ဆံတဲ့ ပုံစံကတော့ လုံးဝလေးစားမှုမရှိပါဘူး။
ရာသီအစမှာ ဟန်ဒါဆန်ကို ပြန်ခေါ်ပြီး ရိုမီယိုကို တတိယဂိုးသမားနေရာတောင် မဟုတ်ဘဲ လီဂရန့်ရဲ့အနောက် နံပါတ် ၄ ဂိုးသမားနေရာအထိ ပို့လိုက်ပါတယ်။
ဆိုးလ်ရှား ပစားပေးလို့ အသင်းကို ပြန်ရောက်လာကတည်းက ဒီဂီယာကို ပခုံးချင်းယှဉ်တဲ့ ဟန်ဒါဆန်နဲ့ ရိုမီယိုရဲ့ အနေအထားနဲ့ စိတ်ဓါတ်က ကွားခြားပါတယ်။
ဆိုးလ်ရှားကိုယ်တိုင်က အသင်းမှာ အကောင်းဆုံးဂိုးသမား ၂ဦးရှိပါတယ်ဆိုပြီး ပြောကြားခဲ့တာကို ကြည့်ရင် ဟန်ဒါဆန်ကို ဒီဂီယာနဲ့ တတန်းတည်း ထားလိုက်တယ်ဆိုတာ ပေါ်လွင်ပါတယ်။
ဒီဂီယာလို နည်းပြကြီးဖာဂူဆန် လက်ထက်ကတည်းက ရောက်ရှိနေပြီး ဆုဖလားတွေရော လက်စွမ်းပါ ကမ္ဘာ့အဆင့် ပြသထားတဲ့ ဂိုးသမားနဲ့
ရှက်ဖီးလ်ယူနိုက်တက်လို တန်းဆင်းသွားရတဲ့ အသင်းမှာ အငှားသွားကစားပြီး ပြန်လာတဲ့ ဟန်ဒါဆန်ကို တန်းညှိလိုက်တာကိုကြည့်ရင် ရိုမီယိုလို အနေအေး စကားနည်းပြီး အလုပ်နဲ့ပဲ သက်သေပြတတ်တဲ့လူမျိုးကို ချောင်ထိုးလိုက်တာ သိပ်တော့ မဆန်းပါဘူး။
အခုတော့ ရိုမီယိုဟာ သူ့ရဲ့ ဇနီးဖြစ်သူပြောသလို လေးစားမှုမရှိတဲ့ အသင်းကို နှလုံးသားထဲက ချစ်တဲ့စိတ်တွေ လွှတ်ချပြီး စွန့်ခွာသွားတော့မှာပါ။
ယူနိုက်တက်အသင်းသားတွေ အကြားမှာလည်း အသင်းဖက်က ရိုမီယိုအပေါ် ထိုက်သင့်တဲ့ လေးစားမှု Respect မပေးဘူးဆိုတာ အားလုံးက သိနေကြပြီး စိတ်မကောင်းဖြစ်နေကြတာပါ။
ဂိုးသမားချင်း ရင်ဘတ်ချင်းတူတဲ့ ဒီဂီယာက ရိုမီယိုအတွက် နှုတ်ဆက်စကားမှာ “ကံကောင်းပါစေ ရိုမီယို။ မင်းအောင်မြင်ဖို့ ဆုတောင်းပေးပါတယ် သူငယ်ချင်း။
စိန်ခေါ်မှုအသစ်တွေမှာ မင်းနဲ့ ထိုက်တန်တဲ့ အကောင်းဆုံး ဆက်ဆံမှုတွေ ရပါစေ” လို့ပြောကြားခဲ့တာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေလးစားမႈမရွိတဲ့ ယူႏိုက္တက္ကို ခ်စ္တဲ့စိတ္ေတြ လႊတ္ခ်ၿပီး စြန႔္ခြာသြားေတာ့မယ့္ ႐ိုမီယို…. ေအာင္ျမင္ပါေစ
ေဘာလုံးေလာကမွာ ၿပိဳင္ဘက္ဆိုတာ တဖက္အသင္းသားကိုတင္ ေျပာတာမဟုတ္ဘဲ အသင္းေဖာ္ အခ်င္းခ်င္းအၾကားမွာလည္း ရွိတတ္ပါတယ္။ နည္းျပရဲ႕ စိတ္ႀကိဳက္ကစားသမားျဖစ္ေနၿပီး ပြဲထြက္လူစာရင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရတဲ့ ကစားသမားနဲ႔ အရန္ထိုင္ခုံမွာ ထိုင္ေနရတဲ့ ဒုတိယဦးစားေပး ကစားသမားတို႔က အသင္းေဖာ္ တျဖစ္လဲ ၿပိဳင္ဘက္ေတြပါပဲ။ ယူႏိုက္တက္အသင္းရဲ႕ ဂိုးသမား တစ္ဦးျဖစ္တဲ့ ႐ိုမီယိုကေတာ့ ဒီဂီယာအေပၚမွာ ၿပိဳင္ဘက္လို႔ သတ္မွတ္သေဘာမထားတာ ေသခ်ာပါတယ္။
႐ိုမီယိုဟာ ဒီဂီယာရဲ႕ ေနာက္မွာ ဒုတိယဦးစားေပး ဂိုးသမားအျဖစ္ပဲ ေက်ေက်နပ္နပ္ ေနခဲ့တာလည္း ျဖစ္ပါတယ္။ ဒီလိုျဖစ္လို႔ ႐ိုမီယိုကို တိုးတက္လိုစိတ္မရွိတဲ့သူလို႔ သြားေျပာလို႔ မရပါဘူး။ ႐ိုမီယိုဟာ သူ႔ရဲ႕ စြမ္းရည္ကို အၿမဲတမ္းတိုးတက္ ေကာင္းမြန္ေနေအာင္ အသင့္အၿမဲျပင္ထားတာပါ။ ဒီဂီယာေနရာဝင္ဖို႔ အၿမဲ အဆင္သင့္ Ready ရွိေနခဲ့အတယ္ဆိုတာ နည္းျပေမာ္ရင္ဟို လက္ထက္တုန္းက သူ႔ကို ယူ႐ိုပါလိဂ္နဲ႔ လိဂ္ဖလား ၿပိဳင္ပြဲ ၂ခုမွာ ပြဲထြက္ ဂိုးသမားအေနနဲ႔ အသုံးျပဳခဲ့တဲ့အခ်ိန္မွာ ၿပိဳင္ပြဲ ၂ခုစလုံးမွာ လက္စြမ္းျပၿပီး ဆုဖလား ရရွိခဲ့တာပါ။
ဒါဆိုရင္ သူဘာေၾကာင့္ နံပါတ္ ၁ဂိုးသမားေနရာမယူလဲ ေမးစရာရွိလာပါၿပီ။ အေျဖကေတာ့ ယူႏိုက္တက္ကို သူခ်စ္လြန္းလို႔ပါ။ သူ႔ရဲ႕ လက္စြမ္းအေပၚ သူကိုယ္တိုင္ အျပည့္အ၀ ယုံၾကည္ေပမယ့္ သူ႔ကို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္လို ၿပိဳင္ပြဲေတြအပါအဝင္ ပထမဦးစားေပးေနရာအတြက္ နည္းျပေတြရဲ႕ မယုံၾကည္တဲ့ စိတ္ေၾကာင့္ သူသာ အတိုက္အခံသြားလုပ္လိုက္ရင္ အသင္းက ေရာင္းထုတ္ခံရမွာစိုးၿပီး အခြင့္အေရးရတဲ့ ပြဲတိုင္းမွာ လက္စြမ္းျပႏိုင္ဖို႔သာ အၿမဲအသင့္ျပင္ထားခဲ့တာပါ။
႐ိုမီယိုအေနနဲ႔ ယူႏိုက္တက္ကို ဘယ္ေလာက္ခ်စ္သလဲဆိုရင္ ၂၀၁၉-၂၀ ေဘာလုံးရာသီတုန္းက အရန္ခုံမွာ ထိုင္ေနမယ့္အစား ဒီမွာ ဂိုးလာဖမ္းပါဆိုၿပီး ဗီလာအသင္းက လစာပိုေပးသလို ပြဲထြက္ခြင့္ အာမခံခ်က္နဲ႔ ကမ္းလွမ္းခဲ့တာကို မသြားခဲ့ပါဘူး။ ဗီလာက သူ႔ကို ေခၚမရလို႔ အာဆင္နယ္နဲ႔ မႏွစ္က အက္ဖ္ေအဖလားရခဲ့တဲ့ မာတီနက္ဇ္ကို ေခၚယူခဲ့လိုက္တာပါ။ ဒီလိုမ်ိဳး အသင္းအေပၚ ခင္တြယ္ၿပီး လက္စြမ္းလည္း မနိမ့္တဲ့ ႐ိုမီယိုကို ယူႏိုက္တက္အသင္းဖက္က ျပန္ဆက္ဆံတဲ့ ပုံစံကေတာ့ လုံးဝေလးစားမႈမရွိပါဘူး။
ရာသီအစမွာ ဟန္ဒါဆန္ကို ျပန္ေခၚၿပီး ႐ိုမီယိုကို တတိယဂိုးသမားေနရာေတာင္ မဟုတ္ဘဲ လီဂရန႔္ရဲ႕အေနာက္ နံပါတ္ ၄ ဂိုးသမားေနရာအထိ ပို႔လိုက္ပါတယ္။ ဆိုးလ္ရွား ပစားေပးလို႔ အသင္းကို ျပန္ေရာက္လာကတည္းက ဒီဂီယာကို ပခုံးခ်င္းယွဥ္တဲ့ ဟန္ဒါဆန္နဲ႔ ႐ိုမီယိုရဲ႕ အေနအထားနဲ႔ စိတ္ဓါတ္က ကြားျခားပါတယ္။ ဆိုးလ္ရွားကိုယ္တိုင္က အသင္းမွာ အေကာင္းဆုံးဂိုးသမား ၂ဦးရွိပါတယ္ဆိုၿပီး ေျပာၾကားခဲ့တာကို ၾကည့္ရင္ ဟန္ဒါဆန္ကို ဒီဂီယာနဲ႔ တတန္းတည္း ထားလိုက္တယ္ဆိုတာ ေပၚလြင္ပါတယ္။
ဒီဂီယာလို နည္းျပႀကီးဖာဂူဆန္ လက္ထက္ကတည္းက ေရာက္ရွိေနၿပီး ဆုဖလားေတြေရာ လက္စြမ္းပါ ကမာၻ႔အဆင့္ ျပသထားတဲ့ ဂိုးသမားနဲ႔ ရွက္ဖီးလ္ယူႏိုက္တက္လို တန္းဆင္းသြားရတဲ့ အသင္းမွာ အငွားသြားကစားၿပီး ျပန္လာတဲ့ ဟန္ဒါဆန္ကို တန္းညႇိလိုက္တာကိုၾကည့္ရင္ ႐ိုမီယိုလို အေနေအး စကားနည္းၿပီး အလုပ္နဲ႔ပဲ သက္ေသျပတတ္တဲ့လူမ်ိဳးကို ေခ်ာင္ထိုးလိုက္တာ သိပ္ေတာ့ မဆန္းပါဘူး။
အခုေတာ့ ႐ိုမီယိုဟာ သူ႔ရဲ႕ ဇနီးျဖစ္သူေျပာသလို ေလးစားမႈမရွိတဲ့ အသင္းကို ႏွလုံးသားထဲက ခ်စ္တဲ့စိတ္ေတြ လႊတ္ခ်ၿပီး စြန႔္ခြာသြားေတာ့မွာပါ။ ယူႏိုက္တက္အသင္းသားေတြ အၾကားမွာလည္း အသင္းဖက္က ႐ိုမီယိုအေပၚ ထိုက္သင့္တဲ့ ေလးစားမႈ Respect မေပးဘူးဆိုတာ အားလုံးက သိေနၾကၿပီး စိတ္မေကာင္းျဖစ္ေနၾကတာပါ။
ဂိုးသမားခ်င္း ရင္ဘတ္ခ်င္းတူတဲ့ ဒီဂီယာက ႐ိုမီယိုအတြက္ ႏႈတ္ဆက္စကားမွာ “ကံေကာင္းပါေစ ႐ိုမီယို။ မင္းေအာင္ျမင္ဖို႔ ဆုေတာင္းေပးပါတယ္ သူငယ္ခ်င္း။ စိန္ေခၚမႈအသစ္ေတြမွာ မင္းနဲ႔ ထိုက္တန္တဲ့ အေကာင္းဆုံး ဆက္ဆံမႈေတြ ရပါေစ” လို႔ေျပာၾကားခဲ့တာပါ။