လေ့ကျင့်ရေးအစီအစဉ်မှာ တီမိုဝါနာကို အသင်းကနေထွက်သွား ခိုင်းတဲ့ ပရိသတ်၊ သူကိုယ်တိုင် ချက်ချင်းဝဋ်ပြန်လည်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းရဲ့ နည်းပြတူချယ်နဲ့ အသင်းသားတွေအားလုံးဟာ လေ့ကျင့်ရေး အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပြီး၊အဲဒီလေ့ကျင့်ရေး အစီအစဉ်ကို ကြည့်ရှုခွင့်ရခဲ့တဲ့ ပရိသတ်တွေထဲက တစ်ယောက်ဟာ အသင်းရဲ့ တိုက်စစ်မှူး ဝါနာကို အသင်းကနေ ထွက်သွားဖို့ အော်ဟစ်တောင်းဆိုခဲ့ပြီး ဝေဖန်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။

လေ့ကျင့်ရေး အစီအစဉ်ကို လာရောက်ကြည့်ရှုခွင့်ရခဲ့တဲ့ ချဲလ်ဆီး အမျိုးသမီးပရိသတ်က “ဝါနာ အသင်းကနေ ထွက်သွား”ဆိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်ခဲ့ပါတယ်။

အခြားပရိသတ်များက အဲဒီအမျိုးသမီးရဲ့ အော်ဟစ်မှုကိုကြားရပြီးနောက် “မင်းပဲထွက်သွား၊ထွက်သွားစမ်း၊ဘယ်ကဘာကောင်တုန်း၊ကိုယ့်ကိုယ်ကိုဘာထင်နေလဲ။ မင်းထွက်သွားစမ်း”လို့ တုန့်ပြန်အော်ဟစ်ခဲ့ကြပါတယ်။

အဲဒီလေ့ကျင့်ခန်း အစီအစဉ်မှာ အင်တာဗျူး အစီအစဉ်လည်း ပါခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူအိုလီဗီယာဘူဇာဂလိုကလည်း “ချဲလ်ဆီးရဲ့တံခါးဖွင့်လေ့ကျင့်ခန်းအစီအစဉ်ကိုပူးပေါင်းလုပ်ခွင့်ရတာ ကောင်းပါတယ်။

ဒီမှာရှိတဲ့လူတိုင်းနဲ့စကားပြောခွင့်ရတာပျော်ပါတယ်။

တစ်ယောက်ကဖျက်လိုဖျက်ဆီးလုပ်ချင်ပေမယ့်အားလုံးပဲပျော်ကြမယ်လို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဝါနာဟာ လိုက်ဇစ်အသင်းကနေ ချဲလ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့ရာမှာတော့ အရင်က ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေ မပြသနိုင်တော့ဘဲ အင်္ဂလန်မြေမှာ ရုန်းကန်ခဲ့ရပေမယ့် ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်တစ်ကြိမ်နဲ့ ဥရောပ စူပါဖလားတစ်ကြိမ်စီ ရရှိထားပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာတော့ အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးလူကာကူဟာ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြုလုပ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေလ့က်င့္ေရးအစီအစဥ္မွာ တီမိုဝါနာကို အသင္းကေနထြက္သြား ခိုင္းတဲ့ ပရိသတ္၊ သူကိုယ္တိုင္ ခ်က္ခ်င္းဝဋ္ျပန္လည္

ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပတူခ်ယ္နဲ႔ အသင္းသားေတြအားလုံးဟာ ေလ့က်င့္ေရး အစီအစဥ္တစ္ခုျပဳလုပ္ခဲ့ၿပီး၊အဲဒီေလ့က်င့္ေရး အစီအစဥ္ကို ၾကည့္ရႈခြင့္ရခဲ့တဲ့ ပရိသတ္ေတြထဲက တစ္ေယာက္ဟာ အသင္းရဲ႕ တိုက္စစ္မႉး ဝါနာကို အသင္းကေန ထြက္သြားဖို႔ ေအာ္ဟစ္ေတာင္းဆိုခဲ့ၿပီး ေဝဖန္မႈေတြလည္းျပဳလုပ္ခဲ့ပါတယ္။

ေလ့က်င့္ေရး အစီအစဥ္ကို လာေရာက္ၾကည့္ရႈခြင့္ရခဲ့တဲ့ ခ်ဲလ္ဆီး အမ်ိဳးသမီးပရိသတ္က “ဝါနာ အသင္းကေန ထြက္သြား”ဆိုၿပီး က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ဟစ္ခဲ့ပါတယ္။

အျခားပရိသတ္မ်ားက အဲဒီအမ်ိဳးသမီးရဲ႕ ေအာ္ဟစ္မႈကိုၾကားရၿပီးေနာက္ “မင္းပဲထြက္သြား၊ထြက္သြားစမ္း၊ဘယ္ကဘာေကာင္တုန္း၊ကိုယ့္ကိုယ္ကိုဘာထင္ေနလဲ။ မင္းထြက္သြားစမ္း”လို႔ တုန႔္ျပန္ေအာ္ဟစ္ခဲ့ၾကပါတယ္။

အဲဒီ​ေလ့က်င့္ခန္း အစီအစဥ္မွာ အင္တာဗ်ဴး အစီအစဥ္လည္း ပါခဲ့ပါတယ္။ အစီအစဥ္တင္ဆက္သူအိုလီဗီယာဘူဇာဂလိုကလည္း “ခ်ဲလ္ဆီးရဲ႕တံခါးဖြင့္ေလ့က်င့္ခန္းအစီအစဥ္ကိုပူးေပါင္းလုပ္ခြင့္ရတာ ေကာင္းပါတယ္။ဒီမွာရွိတဲ့လူတိုင္းနဲ႔စကားေျပာခြင့္ရတာေပ်ာ္ပါတယ္။တစ္ေယာက္ကဖ်က္လိုဖ်က္ဆီးလုပ္ခ်င္ေပမယ့္အားလုံးပဲေပ်ာ္ၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္ (၂၅) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တိုက္စစ္မႉး ဝါနာဟာ လိုက္ဇစ္အသင္းကေန ခ်ဲလ္ဆီးအသင္းဆီကို ေရာက္ရွိလာခဲ့ရာမွာေတာ့ အရင္က ျပသႏိုင္ခဲ့တဲ့ ေျခစြမ္းေတြ မျပသႏိုင္ေတာ့ဘဲ အဂၤလန္ေျမမွာ ႐ုန္းကန္ခဲ့ရေပမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္တစ္ႀကိမ္နဲ႔ ဥေရာပ စူပါဖလားတစ္ႀကိမ္စီ ရရွိထားပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာေတာ့ အသင္းကို ျပန္လည္ ေရာက္ရွိလာခဲ့တဲ့ တိုက္စစ္မႉးလူကာကူဟာ ႀကိဳးႀကိဳးစားစားနဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြကို ျပဳလုပ္ခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။