လေ့ကျင့်ရေးမှာ မက်ဆီနဲ့ဂရစ်ဇ်မန်း တစ်ယောက်နဲ့တစ်ယောက် စကားတောင်မပြောကြဘူးလို့သတင်းထွက်

Photo Credit

Photo Credit

စပိန်သတင်းစာတွေကတော့ ဘာစီလိုနာတိုက်စစ်မှူးတွေဖြစ်တဲ့ လီယိုနယ်မက်ဆီနဲ့ အန်တိုနီဂရစ်ဇ်မန်းတို့ဟာ လေ့ကျင့်ရေးမှာမျက်လုံးချင်းဆုံအောင် မကြည့်ကြတာကြောင့် တစ်ဦးနဲ့တစ်ဦးစကားမပြောကြဘူးလို့ အကျယ်တဝင့် ခန့်မှန်းရေးသားနေကြပါတယ်။

Photo Credit

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၁၀၇ သန်းနဲ့ ဘာစီလိုနာအသင်းကိုရောက်ရှိလာပြီးနောက် လက်ရှိအချိန်အထိမက်ဆီနဲ့ ဆက်ဆံရေးပြေလည်မှု မရှိသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ဆလားဗီယားပရာဟာအသင်းနဲ့ပွဲစဉ်မှာလည်းမက်ဆီနဲ့ ဂရစ်ဇ်န်းတို့ဟာတစ်ဦးနဲ့တစ်ဦးဟန်ချက်ညီညီကစားခဲ့ခြင်းမရှိဘဲဆက်ဆံရေးဆိုးရွားနေမှုကို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit

မက်ဆီက ဂရစ်ဇ်မန်းကိုမယုံကြည်တာကြောင့် ဘောလုံးတောင်ပေးမကစားဘူးလို့ ဘာစီပရိသတ်တွေ ထင်မှတ်တဲ့အထိပါပဲ။ မက်ဆီနဲ့ ဂရက်ဇ်မန်းတို့ဟာ လေ့ကျင့်ရေးမှာလည်း စကားပြောဆိုခြင်းမရှိတာကြောင့် အချင်းများထားကြတယ်လို့ သတင်းတွေကရေးသားနေကြပါတယ်။

Photo Credit

ပြီးခဲ့တဲ့လကလည်း ပြင်သစ်သားက မက်ဆီနဲ့ ဆက်ဆံရေးဆိုးဝါးနေမှုကိုဖွင့်ဟခဲ့ပါသေးတယ်။ ဂရစ်ဇ်မန်းက “မက်ဆီက ကျွန်တော့်လိုပဲစကားတွေအမျာကြီးပြောတတ်တဲ့သူမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တေ်ာတို့ရဲ့ဆက်ဆံရေးက အနည်းငယ်ခက်ခဲနေပါတယ်”

Photo Credit

”ကျွန်တော် သူ့အတွက် တောင်အမေရိကကော်ဖီယူပေးလေ့ရှိပါတယ်။ ဒါက ကျွန်တော်တို့ဆက်ဆံရေးကောင်းမွန်စေဖို့ လမ်းကြောင်းမှန်ပေါ်မှာလို့ ကျွန်တော်ထင်ပေမယ့် ကျွန်တော့်တို့ ပိုပြီးဆက်ဆံရေးကောင်းမွန်လာဖို့ ကြိုးစားရပါဦးမယ်“လို့ ပြောခဲ့ပါတယ်။

Photo Credit

ဒီလိုစိတ်ဝမ်းကွဲမှုတွေ ရှိနေခဲ့ပေမယ့် အသင်းဖော် ဂျရတ်ပီကေးကတော့ “သူတို့ ဆက်ဆံရေးက တကယ်ကောင်းမွန်ပါတယ်။ လီယိုနဲ့ အန်တိုနီတို့ဆက်ဆံရေးက လီယိုက ဒမ်ဘီလီ၊ ပက်ဒရိုနဲ့ ဗီလာတို့ကိုဆက်ဆံသလိုပါပဲ။ လူးဝစ်နဲ့လည်း ဆက်ဆံရေးကောင်းမွန်ကြပါတယ်”

Photo Credit

”သူတို့ကညီအကိုတွေလို့ပါပဲ။ ပြီးတော့ မတူညီတဲ့ ဆက်ဆံရေးတွေတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ လီယိုက လူးဝစ်ကိုဆက်ဆံသလို ဂရစ်ဇ်မန်းကို မဆက်ဆံတာနဲ့ပဲသူတို့ ဆက်ဆံရေးမကောင်းဘူးလို့တော့ ပြောလို့မရပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

Photo Credit

ဂရစ်ဇ်မန်းဟာ အသင်းသစ်အတွက် လက်ရှိမှာ ၄ ဂိုးသွင်းယူပေးထားပြီး ဘာစီလိုနာအသင်းရဲ့ အခရာဖြစ်တဲ့ မက်ဆီကတော့ ဒဏ်ရာပြဿနာတွေက ပြန်လည်သက်သာလာချိန်မှာ ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီး ၆ ဂိုးအထိသွင်းယူပေးထားပြီ ဖြစ်ပါတယ်။

Photo Credit

Zawgyi

ေလ့က်င့္ေရးမွာ မက္ဆီနဲ႔ဂရစ္ဇ္မန္း တစ္ေယာက္နဲ႔တစ္ေယာက္ စကားေတာင္မေျပာၾကဘူးလုိ႔သတင္းထြက္

စပိန္သတင္းစာေတြကေတာ့ ဘာစီလုိနာတုိက္စစ္မွဴးေတြျဖစ္တဲ့ လီယိုနယ္မက္ဆီနဲ႔ အန္တိုနီဂရစ္ဇ္မန္းတို႔ဟာ ေလ့က်င့္ေရးမွာမ်က္လံုးခ်င္းဆံုေအာင္ မၾကည့္ၾကတာေၾကာင့္ တစ္ဦးနဲ႔တစ္ဦးစကားမေျပာၾကဘူးလို႔ အက်ယ္တဝင့္ ခန္႔မွန္းေရးသားေနၾကပါတယ္။
ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၁၀၇ သန္းနဲ႔ ဘာစီလိုနာအသင္းကိုေရာက္ရွိလာၿပီးေနာက္ လက္ရွိအခ်ိန္အထိမက္ဆီနဲ႔ ဆက္ဆံေရးေျပလည္မႈ မရွိေသးတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ ဆလားဗီယားပရာဟာအသင္းနဲ႔ပြဲစဥ္မွာလည္းမက္ဆီနဲ႔ ဂရစ္ဇ္န္းတို႕ဟာတစ္ဦးနဲ႔တစ္ဦးဟန္ခ်က္ညီညီကစားခဲ့ျခင္းမရွိဘဲဆက္ဆံေရးဆိုးရြားေနမႈကို ျမင္ေတြ႔ခဲ့ရပါတယ္။
မက္ဆီက ဂရစ္ဇ္မန္းကိုမယံုၾကည္တာေၾကာင့္ ေဘာလံုးေတာင္ေပးမကစားဘူးလုိ႔ ဘာစီပရိသတ္ေတြ ထင္မွတ္တဲ့အထိပါပဲ ။
မက္ဆီနဲ႔ ဂရက္ဇ္မန္းတို႔ဟာ ေလ့က်င့္ေရးမွာလည္း စကားေျပာဆိုျခင္းမရွိတာေၾကာင့္ အခ်င္းမ်ားထားၾကတယ္လို႔ သတင္းေတြကေရးသားေနၾကပါတယ္။
ျပီးခဲ့တဲ့လကလည္း ျပင္သစ္သားက မက္ဆီနဲ႔ ဆက္ဆံေရးဆိုးဝါးေနမႈကိုဖြင့္ဟခဲ့ပါေသးတယ္။ ဂရစ္ဇ္မန္းက “မက္ဆီက ကၽြန္ေတာ့္လိုပဲစကားေတြအမ်ာႀကီးေျပာတတ္တဲ့သူမဟုတ္ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတ္ာတို႔ရဲ႕ဆက္ဆံေရးက အနည္းငယ္ခက္ခဲေနပါတယ္”
”ကၽြန္ေတာ္ သူ႕အတြက္ ေတာင္အေမရိကေကာ္ဖီယူေပးေလ့ရွိပါတယ္။ ဒါက ကၽြန္ေတာ္တို႔ဆက္ဆံေရးေကာင္းမြန္ေစဖို႔ လမ္းေၾကာင္းမွန္ေပၚမွာလို႔ ကၽြန္ေတာ္ထင္ေပမယ့္ ကၽြန္ေတာ့္တို႔ ပိုၿပီးဆက္ဆံေရးေကာင္းမြန္လာဖို႔ ၾကိဳးစားရပါဦးမယ္“လို႔ ေျပာခဲ့ပါတယ္။
ဒီလိုစိတ္ဝမ္းကြဲမႈေတြ ရွိေနခဲ့ေပမယ့္ အသင္းေဖာ္ ဂ်ရတ္ပီေကးကေတာ့ “သူတို႔ ဆက္ဆံေရးက တကယ္ေကာင္းမြန္ပါတယ္။ လီယိုနဲ႔ အန္တိုနီတို႔ဆက္ဆံေရးက လီယိုက ဒမ္ဘီလီ၊ ပက္ဒ႐ိုနဲ႔ ဗီလာတို႔ကိုဆက္ဆံသလိုပါပဲ။ လူးဝစ္နဲ႔လည္း ဆက္ဆံေရးေကာင္းမြန္ၾကပါတယ္”
”သူတို႔ကညီအကိုေတြလို႔ပါပဲ။ ၿပီးေတာ့ မတူညီတဲ့ ဆက္ဆံေရးေတြေတာ့ ရွိမွာေပါ့ေလ။ ဒါေပမဲ့ လီယိုက လူးဝစ္ကိုဆက္ဆံသလို ဂရစ္ဇ္မန္းကို မဆက္ဆံတာနဲ႔ပဲသူတို႔ ဆက္ဆံေရးမေကာင္းဘူးလို႔ေတာ့ ေျပာလို႔မရပါဘူး”လို႔ ေျပာသြားခဲ့ပါတယ္။
ဂရစ္ဇ္မန္းဟာ အသင္းသစ္အတြက္ လက္ရွိမွာ ၄ ဂိုးသြင္းယူေပးထားၿပီး ဘာစီလိုနာအသင္းရဲ႕ အခရာျဖစ္တဲ့ မက္ဆီကေတာ့ ဒဏ္ရာျပႆနာေတြက ျပန္လည္သက္သာလာခ်ိန္မွာ ၿပိဳင္ပြဲစံု ၁၀ ပြဲကစားၿပီး ၆ ဂိုးအထိသြင္းယူေပးထားၿပီ ျဖစ္ပါတယ္။