လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ပေမယ့် မန်စီးတီးနဲ့ပွဲမှာ ဗန်ဒိုက်ပါဝင်ကစားမယ်လို့ ကလော့ပ်အတည်ပြု

PC ; Internet

ပြီးခဲ့တဲ့ကြာသာပတေးနေ့လေ့ကျင့်ရေးအစီအစဉ်မှာ နောက်ခံလူဗန်ဒိုက်မပါဝင်နိုင်တာကြောင့် လီဗာပူးပရိသတ်တွေဟာ မန်စီးတီးနဲ့ပွဲအတွက် စိုးရိမ်ပူပန်ခဲ့ကြရပါတယ်။ဒီသံသယတွေကို လက်ရှိအချိန်မှာတော့ နည်းပြဂျာဂင်ကလော့ပ်ကိုယ်တိုင် အဆုံးသတ်ပေးလိုက်ပြီဖြစ်ပြီး မန်စီးတီးနဲ့ပွဲမှာ ဗန်ဒိုက်ပါဝင်ကစားမယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

PC ; Internet

အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်နဲ့လွဲချော်ခဲ့ရတာဟာ ဒဏ်ရာကြောင့်မဟုတ်ဘဲ ဒတ်ချ်တော်ဝင်မိသားစုနဲ့နေ့လည်စားစားဖို့အတွက် နယ်သာလန်ကို ပြန်သွားခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က “ဗန်ဒိုက်ဟာ အခြားသောအကြောင်းပြချက်နဲ့ မနေ့ကဒီမှာမရှိခဲ့ပါဘူး။ ဒါပေမယ့်အရာအားလုံးကောင်းမွန်ပါတယ်” လို့အတည်ပြုပေးလိုက်ပါတယ်။

PC ; Internet

ဒါ့အပြင် ဂျန့်နဲ့ကစားခဲ့တဲ့ဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အဖျားရောဂါကြောင့်လွဲချော်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆန်အနေနဲ့လည်း မန်စီးတီးနဲ့ပွဲမှာကစားနိုင်လိမ့်မယ်လို့ဆိုခဲ့ပါတယ်။

PC ; Internet

ဒါပေမယ့် မာတစ်၊ ရှာကွီရီနဲ့ ကလိုင်းတို့ကတော့ ဒဏ်ရာရစာရင်းမှာသာရှိနေသေးတယ်လို့ ကလော့ပ်ကအသိပေးလိုက်ပါတယ်။ “ဟန်ဒါဆန်ကတော့အားလုံးကောင်းပါတယ်။ မာတစ်ပါနိုင်မှာမဟုတ်ပါဘူး။ ရှာကွီရီနဲ့ ကလိုင်းတို့လည်းသူ့လိုပါပဲ” လို့ပြောသွားခဲ့ပါတယ်။

PC ; Internet

ဆက်လက်ပြီးကလော့ပ်က မန်စီးတီးနဲ့ပွဲစဉ်ကို အကောင်းဆုံးဖြစ်အောင်ကစားသွားမယ်လို့ဆိုခဲ့သလို ပွဲမတိုင်ခင်ကတည်းက တစ်ခုခုရရှိလိမ့်မယ်လို့ခံစားနေရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးအနေနဲ့အန်ဖီးလ်မှာ မန်စီးတီးကိုအနိုင်ယူကျော်ဖြတ်နိုင်ခဲ့ရင် လက်ရှိချန်ပီယံကို ၉မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကိုဦး ဆောင်ခွင့်ရမှာလည်းဖြစ်ပါတယ်။

(zawgyi)

ၿပီးခဲ့တဲ့ၾကာသာပေတးေန႔ေလ့က်င့္ေရးအစီအစဥ္မွာ ေနာက္ခံလူဗန္ဒိုက္မပါ၀င္ႏိုင္တာေၾကာင့္ လီဗာပူးပရိသတ္ေတြဟာ မန္စီးတီးနဲ႔ပြဲအတြက္ စိုးရိမ္ပူပန္ခဲ့ၾကရပါတယ္။ဒီသံသယေတြကို လက္ရွိအခ်ိန္မွာေတာ့ နည္းျပဂ်ာဂင္ကေလာ့ပ္ကိုယ္တိုင္ အဆံုးသတ္ေပးလိုက္ၿပီျဖစ္ၿပီး မန္စီးတီးနဲ႔ပြဲမွာ ဗန္ဒိုက္ပါ၀င္ကစားမယ္လို႔ အတည္ျပဳေပးလိုက္ပါတယ္။အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္နဲ႔လြဲေခ်ာ္ခဲ့ရတာဟာ ဒဏ္ရာေၾကာင့္မဟုတ္ဘဲ ဒတ္ခ်္ေတာ္၀င္မိသားစုနဲ႔ေန႔လည္စားစားဖို႔အတြက္ နယ္သာလန္ကို ျပန္သြားခဲ့တာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ မန္စီးတီးနဲ႔ပြဲၾကိဳသတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က “ဗန္ဒိုက္ဟာ အျခားေသာအေၾကာင္းျပခ်က္နဲ႔ မေန႔ကဒီမွာမရွိခဲ့ပါဘူး။ ဒါေပမယ့္အရာအားလံုးေကာင္းမြန္ပါတယ္” လို႔အတည္ျပဳေပးလိုက္ပါတယ္။ ဒါ့အျပင္ ဂ်န္႔နဲ႔ကစားခဲ့တဲ့ဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ကို အဖ်ားေရာဂါေၾကာင့္လြဲေခ်ာ္ခဲ့တဲ့ အသင္းေခါင္းေဆာင္ဟန္ဒါဆန္အေနနဲ႔လည္း မန္စီးတီးနဲ႔ပြဲမွာကစားႏိုင္လိမ့္မယ္လို႔ဆိုခဲ့ပါတယ္။ ဒါေပမယ့္ မာတစ္၊ ရွာကြီရီနဲ႔ ကလိုင္းတို႔ကေတာ့ ဒဏ္ရာရစာရင္းမွာသာရွိေနေသးတယ္လို႔ ကေလာ့ပ္ကအသိေပးလိုက္ပါတယ္။ “ဟန္ဒါဆန္ကေတာ့အားလံုးေကာင္းပါတယ္။ မာတစ္ပါႏိုင္မွာမဟုတ္ပါဘူး။ ရွာကြီရီနဲ႔ ကလိုင္းတို႔လည္းသူ႔လိုပါပဲ” လို႔ေျပာသြားခဲ့ပါတယ္။ ဆက္လက္ျပီးကေလာ့ပ္က မန္စီးတီးနဲ႔ပြဲစဥ္ကို အေကာင္းဆံုးျဖစ္ေအာင္ကစားသြားမယ္လို႔ဆိုခဲ့သလို ပြဲမတိုင္ခင္ကတည္းက တစ္ခုခုရရွိလိမ့္မယ္လို႔ခံစားေနရတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ လီဗာပူးအေနနဲ႔အန္ဖီးလ္မွာ မန္စီးတီးကိုအႏိုင္ယူေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ လက္ရွိခ်န္ပီယံကို ၉မွတ္အထိျဖတ္ျပီး အမွတ္ေပးဇယားကိုဦး ေဆာင္ခြင့္ရမွာလည္းျဖစ္ပါတယ္။