လေ့ကျင့်ရေးကွင်းအနီး ကာရင်တန်မှာ ကားမတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရိုမဲရိုး

Photo Credit

Photo Credit

ယူနိုက်တက်အသင်းဂိုးသမား ဆာဂျီယိုရိုမဲရိုးဟာ ယနေ့နံနက်ပိုင်းက ကာရင်တန်မှာ သူ့ကား မတော်တဆဖြစ်ခဲ့ပေမယ့် သူကတော့ ဘာထိခိုက်ဒဏ်ရာရမှုမှမရှိဘဲ ကံသီလို့ လွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။

Photo Credit

ယူနိုက်တက်အသင်းရဲ့ဒုတိယဦးစားပေးဂိုးသမား ရိုမဲရိုးရဲ့ လမ်ဘော်ဂီနီကားဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းအနီးမှာ မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး ကားလမ်းဘေးရှိ အတားအဆီးကို ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

Photo Credit

သူဟာ အဲဒီလိုမတော်တဆဖြစ်ခဲ့ပေမယ့် ဘာမှမဖြစ်ခဲ့ဘဲ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် ရိုမဲရိုးဟာ ၂၀၁၇ ခုနှစ်က ဒီကားကို ဝယ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Photo Credit

အသက် ၃၂ နှစ်အရွယ်ရှိ ရိုမဲရိုးဟာ ၂၀၁၅ နွေရာသီက ဆမ်ဒိုးရီးယားအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၉ပွဲပါဝင်ကစားပေးထားပါတယ်။

Photo Credit

ရဲတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းရဲတွေ ရောက်လာပြီး ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသွားတဲ့ ကားကို ရှင်းလင်းဖယ်ရှားခဲ့ပြီး လမ်ဘော်ဂီနီကားရဲ့အနောက်ပိုင်းက ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ပါတယ်။

Photo Credit

Zawgyi

ေလ့က်င့္ေရးကြင္းအနီး ကာရင္တန္မွာ ကားမေတာ္တဆမႈျဖစ္ပြားခဲ့တဲ့ ႐ိုမဲ႐ိုး

ယူႏုိက္တက္အသင္းဂိုးသမား ဆာဂ်ီယို႐ိုမဲ႐ိုးဟာ ယေန႔နံနက္ပိုင္းက ကာရင္တန္မွာ သူ႕ကား မေတာ္တဆျဖစ္ခဲ့ေပမယ့္ သူကေတာ့ ဘာထိခုိက္ဒဏ္ရာရမႈမွမရွိဘဲ ကံသီလုိ႔ လြတ္ေျမာက္သြားခဲ့ေၾကာင္း သိရပါတယ္။
ယူႏုိက္တက္အသင္းရဲ႕ဒုတိယဦးစားေပးဂုိးသမား ႐ိုမဲ႐ိုးရဲ႕ လမ္ေဘာ္ဂီနီကားဟာ အသင္းရဲ႕ေလ့က်င့္ေရးကြင္းအနီးမွာ မေတာ္တဆျဖစ္ခဲ့တာျဖစ္ၿပီး ကားလမ္းေဘးရွိ အတားအဆီးကို ထိခိုက္မိခဲ့တာျဖစ္ပါတယ္။
သူဟာ အဲဒီလုိမေတာ္တဆျဖစ္ခဲ့ေပမယ့္ ဘာမွမျဖစ္ခဲ့ဘဲ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။ အာဂ်င္တီးနားလက္ေရြးစင္ ႐ိုမဲ႐ိုးဟာ ၂၀၁၇ ခုႏွစ္က ဒီကားကို ၀ယ္ယူခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
အသက္ ၃၂ ႏွစ္အရြယ္ရွိ ႐ိုမဲ႐ိုးဟာ ၂၀၁၅ ေႏြရာသီက ဆမ္ဒိုးရီးယားအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ယခုရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၉ပြဲပါ၀င္ကစားေပးထားပါတယ္။
ရဲတပ္ဖြဲ႕၀င္ေတြနဲ႔ ယာဥ္ထိန္းရဲေတြ ေရာက္လာၿပီး ဆုိးဆုိးရြားရြားထိခိုက္ပ်က္စီးသြားတဲ့ ကားကို ရွင္းလင္းဖယ္ရွားခဲ့ၿပီး လမ္ေဘာ္ဂီနီကားရဲ႕အေနာက္ပိုင္းက ထိခိုက္ပ်က္စီးမႈ ႀကီးမားခဲ့ပါတယ္။