လေ့ကျင့်ရေးကွင်းမှာ စပိုက်ဒါးမင်းန်ကို ဘယ်သူမှ မကျော်နိုင်ဘူးတဲ့…

Photo Credit

Photo Credit

ယူနိုက်တက်ပရိသတ်တွေရဲ့ဖွင့်ဟချက်အရ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ အသင်းကို ရောက်ရှိလာချိန်ကတည်းက လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူ့ကို ဘယ်ကစားသမားကမှ ကျော်ဖြတ်နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ အဲဒီအဆိုမှန်ကန်ကြောင်း ၁၇၉ ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲမှာ ဝမ်ဘစ်ဆာကာက ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရယူပြရင်း သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit

ဝမ်ဘစ်ဆာကာဟာ ပြီးခဲ့တဲ့နွေရာသီက ပဲလေ့စ်ကနေ ယူနိုက်တက်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးနောက် အသင်းရဲ့တောက်ပတဲ့ကြယ်ပွင့်တစ်ပွင့်အဖြစ် ရပ်တည်နေပြီး တိုက်စစ်ပိုင်းကို လိုက်ပါပံ့ပိုးမှုမှာ လိုအပ်ချက်တွေရှိနေသေးတာမှန်ပေမယ့် အဓိကတာဝန်ဖြစ်တဲ့ ခံစစ်ပိုင်းကစားပုံကတော့ အကောင်းဆုံးဖြစ်နေပြီး ဥရောပရဲ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ချီးကျူးခံနရပါတယ်။

https://twitter.com/Ammadutd/status/1203946073108156417

Photo Credit

လျင်မြန်တိကျတဲ့လျှောထိုးဖျက်ထုတ်မှုတွေကြောင့် စပိုက်ဒါးမင်းန်လို့ နာမည်ပြောင်ပေးခံထားရတဲ့ ဝမ်ဘစ်ဆာကာဟာ ယခုရာသီမှာ ဘောလုံးဖျက်ထုတ်မှု ၆၂ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။ ယူနိုက်တက်ဂန္ထဝင်ကစားသမား ဒါရင်းဖလက်ချာက ဝမ်ဘစ်ဆာကာအနေနဲ့ တိုက်စစ်ပိုင်းလိုက်ပါကစားမှု တိုးတက်လာဖို့ လိုအပ်သေးပေမယ့် ခံစစ်အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit

”ဝမ်ဘစ်ဆာကာက ခံစစ်ကစားရတာကို သဘောကျသူပါ။ သူခံစစ်ကစားတာကို ကြည့်နေရတာက စိတ်အားတက်ကြွစရာပါပဲ။ ဒါပေမဲ့ ခြေထောက်ထဲ ဘောလုံးရှိနေချိန်မှာတော့ အခုထက်တိုးတက်လာဖို့ လိုပါသေးတယ်။ လေ့ကျင့်ရေးကွင်းမှာ ဘောလုံးလက်ခံရယူတာတွေ ပေးပို့တာတွေ များများလေ့ကျင့်မယ်လို့ မျှော်လင့်ရပါတယ်”လို့ ဖလက်ချာက ပြောပါတယ်။

Photo Credit

ဆက်လက်ပြီး ဖလက်ချာက လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဝမ်ဘစ်ဆာကာကို ကျော်ဖြတ်နိုင်သူမရှိသေးကြောင်း မိမိကို ယူနိုက်တက်အသင်းသားတွေက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ”ကျွန်တော်ဟာ ယူနိုက်တက်ကစားသမားတချို့နဲ့ စကားအေးဆေးပြောဖြစ်ခဲ့ပါတယ်။ ယခုရာသီ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဝမ်ဘစ်ဆာကာကို ကျော်ဖြတ်နိုင်သူ ဘယ်သူမှမရှိသေးဘူးလို့ ပြောပါတယ်”

Photo Credit

”ဝမ်ဘစ်ဆာကာက သူ့ကို ကျော်ဖြတ်ခွင့်ပေးမှ ရတယ်လု့ိ ဆိုပါတယ်။ နည်းစနစ်ပိုင်းအရ တိုးတက်လာဖို့ ရှိသေးပေမယ့် သူက အံ့အားသင့်စရာကောင်းတဲ့နောက်ခံလူပါ။ နည်းစနစ်ပိုင်းအရသာ ဒီထက်ပိုမိုတိုးတက်လာရင် ဝမ်ဘစ်ဆာကာရဲ့ခြေစွမ်းက ဒီထက်မြင့်မားတဲ့အဆင့် ရောက်သွားမှာပါ”လို့ ဖလက်ချာက ဆက်ပြောပါတယ်။

Photo Credit

ဝမ်ဘစ်ဆာကာဟာ ပရီးမီးယားလိဂ်မှာ ဘောလုံးဖျက်ထုတ်မှုအများဆုံးကစားသမားတွေအနက် ၆၂ ကြိမ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဘောလုံးဖျက်ထုတ်ပုံအောင်မြင်မှု ရာခိုင်နှုန်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Photo Credit

Zawgyi

ေလ့က်င့္ေရးကြင္းမွာ စပုိက္ဒါးမင္းန္ကို ဘယ္သူမွ မေက်ာ္ႏိုင္ဘူးတဲ့…

ယူႏိုက္တက္ပရိသတ္ေတြရဲ႕ဖြင့္ဟခ်က္အရ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာဟာ အသင္းကို ေရာက္ရွိလာခ်ိန္ကတည္းက ေလ့က်င့္ေရးအစီအစဥ္ေတြမွာ သူ႕ကို ဘယ္ကစားသမားကမွ ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။ အဲဒီအဆိုမွန္ကန္ေၾကာင္း ၁၇၉ ႀကိမ္ေျမာက္ မန္ခ်က္စတာဒါဘီပြဲမွာ ၀မ္ဘစ္ဆာကာက ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရယူျပရင္း သက္ေသျပႏိုင္ခဲ့ပါတယ္။
၀မ္ဘစ္ဆာကာဟာ ၿပီးခဲ့တဲ့ေႏြရာသီက ပဲေလ့စ္ကေန ယူႏုိက္တက္ကို ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာၿပီးေနာက္ အသင္းရဲ႕ေတာက္ပတဲ့ၾကယ္ပြင့္တစ္ပြင့္အျဖစ္ ရပ္တည္ေနၿပီး တုိက္စစ္ပိုင္းကို လုိက္ပါပံ့ပိုးမႈမွာ လိုအပ္ခ်က္ေတြရွိေနေသးတာမွန္ေပမယ့္ အဓိကတာ၀န္ျဖစ္တဲ့ ခံစစ္ပိုင္းကစားပုံကေတာ့ အေကာင္းဆုံးျဖစ္ေနၿပီး ဥေရာပရဲ႕အေကာင္းဆံုးေနာက္ခံလူတစ္ဦးအျဖစ္ ခ်ီးက်ဴးခံနရပါတယ္။
လ်င္ျမန္တိက်တဲ့ေလွ်ာထိုးဖ်က္ထုတ္မႈေတြေၾကာင့္ စပုိက္ဒါးမင္းန္လုိ႔ နာမည္ေျပာင္ေပးခံထားရတ့ဲ ၀မ္ဘစ္ဆာကာဟာ ယခုရာသီမွာ ေဘာလုံးဖ်က္ထုတ္မႈ ၆၂ႀကိမ္အထိ ျပဳလုပ္ေပးထားႏိုင္ပါတယ္။ ယူႏုိက္တက္ဂႏၳ၀င္ကစားသမား ဒါရင္းဖလက္ခ်ာက ၀မ္ဘစ္ဆာကာအေနနဲ႔ တုိက္စစ္ပိုင္းလိုက္ပါကစားမႈ တုိးတက္လာဖို႔ လိုအပ္ေသးေပမယ့္ ခံစစ္အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနၿပီျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။
”၀မ္ဘစ္ဆာကာက ခံစစ္ကစားရတာကို သေဘာက်သူပါ။ သူခံစစ္ကစားတာကို ၾကည့္ေနရတာက စိတ္အားတက္ႂကြစရာပါပဲ။ ဒါေပမ့ဲ ေျခေထာက္ထဲ ေဘာလုံးရွိေနခ်ိန္မွာေတာ့ အခုထက္တုိးတက္လာဖို႔ လိုပါေသးတယ္။ ေလ့က်င့္ေရးကြင္းမွာ ေဘာလုံးလက္ခံရယူတာေတြ ေပးပို႔တာေတြ မ်ားမ်ားေလ့က်င့္မယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္”လုိ႔ ဖလက္ခ်ာက ေျပာပါတယ္။
ဆက္လက္ၿပီး ဖလက္ခ်ာက ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ၀မ္ဘစ္ဆာကာကို ေက်ာ္ျဖတ္ႏိုင္သူမရွိေသးေၾကာင္း မိမိကို ယူႏုိက္တက္အသင္းသားေတြက ေျပာၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။ ”ကၽြန္ေတာ္ဟာ ယူႏုိက္တက္ကစားသမားတခ်ိဳ႕နဲ႔ စကားေအးေဆးေျပာျဖစ္ခဲ့ပါတယ္။ ယခုရာသီ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ၀မ္ဘစ္ဆာကာကို ေက်ာ္ျဖတ္ႏိုင္သူ ဘယ္သူမွမရွိေသးဘူးလုိ႔ ေျပာပါတယ္”
”၀မ္ဘစ္ဆာကာက သူ႕ကို ေက်ာ္ျဖတ္ခြင့္ေပးမွ ရတယ္လု႔ိ ဆုိပါတယ္။ နည္းစနစ္ပိုင္းအရ တုိးတက္လာဖို႔ ရိွေသးေပမယ့္ သူက အံ့အားသင့္စရာေကာင္းတဲ့ေနာက္ခံလူပါ။ နည္းစနစ္ပိုင္းအရသာ ဒီထက္ပုိမိုတုိးတက္လာရင္ ၀မ္ဘစ္ဆာကာရဲ႕ေျခစြမ္းက ဒီထက္ျမင့္မားတဲ့အဆင့္ ေရာက္သြားမွာပါ”လို႔ ဖလက္ခ်ာက ဆက္ေျပာပါတယ္။
၀မ္ဘစ္ဆာကာဟာ ပရီးမီးယားလိဂ္မွာ ေဘာလုံးဖ်က္ထုတ္မႈအမ်ားဆုံးကစားသမားေတြအနက္ ၆၂ ႀကိမ္နဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး ေဘာလုံးဖ်က္ထုတ္ပုံေအာင္ျမင္မႈ ရာခုိင္ႏႈန္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။