လေ့ကျင့်ရေးကွင်းကို သက်တော်စောင့်တွေခြံရံပြီး သွားရောက်လေ့ရှိတဲ့ ရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကွင်းအတွင်းမှာ လူကပ်ခံရတာ နှစ်ပေါင်းများစွာကြာမြင့်လာပြီဖြစ်ပေမယ့် ယခုအခါ ကွင်းပြင်ပမှာပါ အလားတူအခြေအနေ မြင်တွေ့လာရပါတယ်။

အသက် ( ၃၆ ) နှစ်အရွယ် တိုက်စစ်မှူးဟာ ကြာသပတေးနေ့ မနက်က သူ့ရဲ့ Bentley နဲ့အတူ ကာရင်တန်လေ့ကျင့်ရေးကွင်းကို သွားရောက်ရာမှာ ကိုယ်ပိုင် သက်တော်စောင့် ( ၂ ) ဦးက ပေါ်တူဂီ စူပါစတားရဲ့ နောက်ကနေ လိုက်ပါလာတာ တွေ့ရပါတယ်။

ဘရူနို ဖာနန်ဒက်စ် နှင့် အသင်းသာတွေက ဝက်စ်ဟမ်းကို ( ၁ -၀ ) အရေးနိမ့်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး နောက်နေ့မနက်မှာ ရော်နယ်ဒိုရဲ့ အဆိုပါ မြင်ကွင်းကို တွေ့ရှိရတာဖြစ်ပါတယ်။

Manuel Lanzini က ပွဲအစ ( ၉ ) မိနစ်မှာပဲ ဒေးဗစ် မိုယေးစ်ရဲ့ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး အိုလေ ဂန်နား ဆိုးရှားရဲ့အသင်းဟာ ချေပဂိုးပြန်လည်ရရှိဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့ပါတယ်။

အဆိုပါ Hammersတို့နဲ့ ကစားခဲ့ရတဲ့ပွဲစဉ်မှာ ရော်နယ်ဒိုကို ချန်လှပ်ထားခဲ့ပြီး နည်းပြ ဆိုးရှားက ယခုအပတ် အက်စတွန်ဗီလာနဲ့ပွဲစဉ်အတွက် တိုက်စစ်မှူးကို အနားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါက ရော်နယ်ဒိုကို ကိုယ်ရံတော်တွေနဲ့ ပထမဆုံးအကြိမ် မြင်တွေ့ရတာ မဟုတ်ပါဘူး။

ဓာတ်ပုံသမားတွေဟာ ယခုလအစောပိုင်းက ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ဆွစ်ဇာလန်နိုင်ငံသွားရောက်မယ့် ရော်နယ်ဒိုကို လေဆိပ်လိုက်ပါပို့ဆောင်ပေးနေတဲ့ သူတို့ ( ၂ ) ဦးရဲ့ ပုံတွေကို ရိုက်ကူးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုကို သက်တော်စောင့် ( ၂ ) ဦးနဲ့အတူ မကြာခဏ မြင်တွေ့ရပေမယ့် သတင်းတွေအရ ကစားသမားဟာ သူ့ရဲ့ နာမည်ကျော်ကြားမှုကြောင့် အကာအကွယ်ဖြစ်စေဖို့ လုံခြုံရေးအဖွဲ့တစ်ခုကို ဌားရမ်းထားတယ်လို့ သိရပါတယ်။

Daily Star အရ ရော်နယ်ဒိုရဲ့ သက်တော်စောင့်အဖွဲ့မှာ စစ်သားဟောင်းတွေ ၊ ရဲတွေ နှင့် အနီးကပ်လုံခြုံရေး တာဝန်ရှိသူတွေ ပါဝင်တယ်လို့သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေလ့က်င့္ေရးကြင္းကို သက္ေတာ္ေစာင့္ေတြၿခံရံၿပီး သြားေရာက္ေလ့ရွိတဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ကြင္းအတြင္းမွာ လူကပ္ခံရတာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္လာၿပီျဖစ္ေပမယ့္ ယခုအခါ ကြင္းျပင္ပမွာပါ အလားတူအေျခအေန ျမင္ေတြ႕လာရပါတယ္။

အသက္ ( ၃၆ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၾကာသပေတးေန႔ မနက္က သူ႔ရဲ႕ Bentley နဲ႔အတူ ကာရင္တန္ေလ့က်င့္ေရးကြင္းကို သြားေရာက္ရာမွာ ကိုယ္ပိုင္ သက္ေတာ္ေစာင့္ ( ၂ ) ဦးက ေပၚတူဂီ စူပါစတားရဲ႕ ေနာက္ကေန လိုက္ပါလာတာ ေတြ႕ရပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ ႏွင့္ အသင္းသာေတြက ဝက္စ္ဟမ္းကို ( ၁ -၀ ) အေရးနိမ့္ၿပီး ကာရာေဘာင္ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီး ေနာက္ေန႔မနက္မွာ ေရာ္နယ္ဒိုရဲ႕ အဆိုပါ ျမင္ကြင္းကို ေတြ႕ရွိရတာျဖစ္ပါတယ္။

Manuel Lanzini က ပြဲအစ ( ၉ ) မိနစ္မွာပဲ ေဒးဗစ္ မိုေယးစ္ရဲ႕ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး အိုေလ ဂန္နား ဆိုးရွားရဲ႕အသင္းဟာ ေခ်ပဂိုးျပန္လည္ရရွိဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ေပမယ့္ အဆုံးသတ္ပိုင္း အားနည္းခဲ့ပါတယ္။

အဆိုပါ Hammersတို႔နဲ႔ ကစားခဲ့ရတဲ့ပြဲစဥ္မွာ ေရာ္နယ္ဒိုကို ခ်န္လွပ္ထားခဲ့ၿပီး နည္းျပ ဆိုးရွားက ယခုအပတ္ အက္စတြန္ဗီလာနဲ႔ပြဲစဥ္အတြက္ တိုက္စစ္မႉးကို အနားေပးခဲ့တယ္လို႔ ဆိုပါတယ္။ ဒါက ေရာ္နယ္ဒိုကို ကိုယ္ရံေတာ္ေတြနဲ႔ ပထမဆုံးအႀကိမ္ ျမင္ေတြ႕ရတာ မဟုတ္ပါဘူး။

ဓာတ္ပုံသမားေတြဟာ ယခုလအေစာပိုင္းက ယန္းဘြိဳင္းစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ဆြစ္ဇာလန္ႏိုင္ငံသြားေရာက္မယ့္ ေရာ္နယ္ဒိုကို ေလဆိပ္လိုက္ပါပို႔ေဆာင္ေပးေနတဲ့ သူတို႔ ( ၂ ) ဦးရဲ႕ ပုံေတြကို ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။

လက္ရွိမွာ ေရာ္နယ္ဒိုကို သက္ေတာ္ေစာင့္ ( ၂ ) ဦးနဲ႔အတူ မၾကာခဏ ျမင္ေတြ႕ရေပမယ့္ သတင္းေတြအရ ကစားသမားဟာ သူ႔ရဲ႕ နာမည္ေက်ာ္ၾကားမႈေၾကာင့္ အကာအကြယ္ျဖစ္ေစဖို႔ လုံၿခဳံေရးအဖြဲ႕တစ္ခုကို ဌားရမ္းထားတယ္လို႔ သိရပါတယ္။ Daily Star အရ ေရာ္နယ္ဒိုရဲ႕ သက္ေတာ္ေစာင့္အဖြဲ႕မွာ စစ္သားေဟာင္းေတြ ၊ ရဲေတြ ႏွင့္ အနီးကပ္လုံၿခဳံေရး တာဝန္ရွိသူေတြ ပါဝင္တယ္လို႔သိရပါတယ္။