

” အဲဗာတန်ဟာ မနှစ်က ဒီလိုအချိန် ဒီအသင်းနဲ့ရင်ဆိုင်ခဲ့ရာမှာ ဖွတ်ဖွတ်ကြေခဲ့ပါတယ်။သူတို့ဟာ ၂၀၁၂ ကတည်းက အိမ်ကွင်းမှာ စပါးကို အနိုင်မရခဲ့ပါဘူး။ဒါဟာ ဒီတစ်ပတ်မှာ ရပ်တန့်သွားလိမ့်မယ်လို့လည်း ကျွန်တော် မမြင်မိပါဘူး” လို့ BBC ဘောလုံးကျွမ်းကျင်သူလော်ရိုက ဆိုပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲမှာ ၃မှတ်သာရခဲ့တဲ့နောက် အဲဗာတန်နည်းပြမာကိုဆေးလ်ဗားဟာ ဖိအားတွေအောက်ကမလွတ်မြောက်သေးပါဘူး။

ဒီတစ်ပတ် သူတို့ ရင်ဆိုင်ရမယ့်အသင်းကလည်း စပါးဖြစ်နေတယ်။စပါးဟာ မနှစ်က ဂွတ်ဒီဆင်ပါ့ခ်မှာ တော်ဖီတွေကို ၂-၆ ဂိုးနဲ့အနိုင်ယူထားတာပါ။ဒါကြောင့် မာကိုဆေးလ်ဗားအနေနဲ့ နောက်ထပ်နာကျင်စရာတစ်ခု ခံစားရတော့မလားဆိုတာ လော်ရိုက စိုးရိမ်နေတာပါ။အဲဗာတန်-စပါးပွဲစဉ်အပါအဝင် လော်ရိုရဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ခန့်မှန်းချက်တွေကို 90minutes ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဘုန်းမောက် – မန်ယူ
ဘုန်းမောက်ဟာ ဂိုးခန်းခြောက်မှုပြသနာနဲ့ ရင်ဆိုင်နေရတယ်။သူတို့ဟာ နောက်ဆုံး ၃ပွဲဆက် ဂိုးပေါက်ပျောက်ထားတယ်။နောက်ဆုံး ၅ပွဲမှာ ၁ပွဲသာရှုံးထားတဲ့ ရလဒ်ပိုင်းကမဆိုးပေမယ့် တိုက်စစ်မှာ အသက်မဲ့နေတာကတော့ နှစ်သက်ချင်စရာမရှိပါဘူး။ဒီလိုအချိန်မှာ မန်ယူက အန္တရာယ်ရှိတဲ့အသင်းပြန်ဖြစ်လာတယ်။ ၈ လနီးပါးလောက် ဘယ်လိုပြိုင်ပွဲမျိုးမှာမှ အဝေးကွင်းနိုင်ပွဲမရခဲ့တဲ့ သရဲနီတွေဟာ သူတို့ရဲ့ပုံမှန်အနေအထားကို ပြန်ရောက်လာတယ်။

မာရှယ်က သိပ်ကို အတက်အကျမြန်တဲ့ ကစားသမားတစ်ယောက်ပါ။သူဟာ ပွဲတစ်ပွဲမှာ ထင်ထင်ရှားရှားခြေစွမ်းပြတတ်သလို မဖြစ်စလောက်ခြေစွမ်းမျိုးလည်းပြတတ်တယ်။ဒါပေမဲ့ သူဟာ မန်ယူရဲ့တိုက်စစ်ကိုပြန်လည်ဦးဆောင်လာချိန်ကတည်းက ကွဲပြားခြားနားသွားခဲ့တယ်။ဒီအချိန်မှာ မန်ယူဟာ ယုံကြည်မှုအပြည့်အဝရှိနေပါတယ်။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၁-၂ )
အာဆင်နယ် – ဝုဗ်
ဝုဗ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ နောက်ကျချေပဂိုးကြောင့် နယူးကာဆယ်ဆီက တစ်မှတ်ရခဲ့တယ်။ဒါပေမဲ့ သူတို့ကစားပုံကောင်းခဲ့သလို အနိုင်ရဖို့ လုံလောက်တဲ့ခြေစွမ်းမျိုးရှိခဲ့တာပါ။ဆန်တိုရဲ့အသင်းဟာ အက်စ်တွန်ဗီလာကိုရှုံးပြီး လိဂ်ဖလားပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ နောက်ဆုံး ၅ပွဲဆက် မရှုံးခဲ့ဘူး။သူတို့ရဲ့ နွမ်းပါးတဲ့ရာသီအစရလဒ်တွေဟာ နောက်မှာကျန်ရစ်ခဲ့ပါပြီ။အာဆင်နယ်ကတော့ ကွင်းလယ်ကစားသမားရှာကာနဲ့ပရိသတ်တွေကြား တင်းမာမှုပြသနာနဲ့ရင်ဆိုင်နေရတယ်။ဒါပေမဲ့ သူတို့ရဲ့အိမ်ကွင်းပုံစံကလည်း အရင်လိုမဟုတ်ဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပဲလေ့စ်ကို ၂ဂိုးပြတ်ဦးဆောင်နိုင်ပြီးမှ သရေကျခဲ့တယ်။သူတို့ရဲ့ ခံစစ်တည်ငြိမ်မှုမရှိတာ ကျွန်တော်တို့သိတယ်။ဒါပေမဲ့ ဒါဟာ အမ်းမရိတ်စ်မှာ တစ်ခါတလေမှမြင်တွေ့ရတာမျိုးပါ။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၂-၀ )
အက်စ်တွန်ဗီလာ – လီဗာပူး
မန်စီးတီးနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာ ဗီလာဟာ ကစားပုံကောင်းခဲ့ပေမယ့် ၃-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တယ်။လီဗာပူးနဲ့ပွဲမှာလည်း ပွဲသိမ်းခရာမှုတ်ချိန်မှာ ဒီလိုရလဒ်မျိုးထွက်ပေါ်လေမလားလို့ ကျွန်တော်ခံစားမိနေတယ်။တကယ်လို့ ဂရီရယ်လစ်ရှ်သာ ဒဏ်ရာကပြန်ကောင်းလာရင် ဒန်းစမစ်ရဲ့အသင်းအတွက် အကူအညီပေးနိုင်မှာဖြစ်ပေမယ့် မန်ယူ၊စပါးတို့နဲ့ပွဲစဉ်တွေမှာ ပြသခဲ့တဲ့ခြေစွမ်းအရ လီဗာပူးဟာ တားဆီးဖို့ခက်တဲ့အသင်းဖြစ်နေပါတယ်။စနေညမှာ လီဗာပူးနိုင်မယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ကြိုးကြာနီတွေဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ စပါးကိုနောက်ကလိုက်ကစားခဲ့ရပေမယ့် အနိုင်ရလဒ်နဲ့တကယ် ထိုက်တန်ခဲ့တာပါ။ဒါဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြန်လာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို သူတို့ရရှိစေခဲ့တာပါ။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ဝ-၂ )
ဘရိုက်တန် – နောဝှစ်ချ်
နောဝှစ်ချ်ဟာ အထိန်းအကွပ်မရှိထိုးဆင်းလုနီးပါးပဲ။သူတို့ရဲ့ ဒဏ်ရာကပ်ဆိုက်နေမှုဟာ အားအင်ချိနဲ့ဖို့အတွက် လွယ်ကူစေခဲ့တယ်။ပက်ကီ ဂိုးပေါက်ပျောက်နေတာ အပါအဝင်ပေါ့။နောဝှစ်ချ်ဟာ ရှုံးပွဲဆက်မှုကို ဘုန်းမောက်နဲ့ဂိုးမရှိသရေကျတဲ့ပွဲမှာ ရပ်တန့်နိုင်ခဲ့ပေမယ့် ကာရိုးရုဒ်မှာ မန်ယူကိုအရှုံးပေးခဲ့ရပြန်တယ်။ဘရိုက်တန်ဟာ ဒီလိုနောဝှစ်ချ်မျိုးကို အနိုင်ယူဖို့ အသေအချာပြင်ဆင်လာလိမ့်မယ်။ဟုတ်ပါတယ်။သူတို့ရဲ့ အဲဗာတန်ကို အနိုင်ရတဲ့ပွဲမှာ VAR အကူအညီပါဝင်ခဲ့ပေမယ့် အခွင့်အရေးဖန်တီးနိုင်စွမ်းအများကြီးရှိတဲ့ အသင်းတစ်သင်းပါ။ပင်လယ်စင်ရော်တွေဟာ စွန့်စားမှုအနည်းငယ်ကို ယူဆောင်လာတဲ့ပုံစံမျိုးတွေနဲ့ ရှုံးပွဲအနည်းငယ်ကြုံတွေ့လိမ့်မယ်။ဒါပေမဲ့ သူတို့ ပရိသတ်တွေကတော့ ပျော်ရွှင်ကြလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ နိုင်ပွဲအနည်းငယ်လည်း ရမှာမို့ပါပဲ။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၂-၁ )
မန်စီးတီး – ဆောက်သမ်တန်
ဟာဆန်ဟတ်ရဲ့လက်ထောက် ဒန်နီရိုလ်ဟာ နွေရာသီတုန်းက ဘိုင်ယန်ကိုထွက်ခွာသွားခဲ့တာ ကျွန်တော်မသိဘူး။သူမရှိတဲ့နောက်ပိုင်း စိန့်တွေရဲ့ အဝေးကွင်းရလဒ်ဆိုးရွားသွားတာဟာ တိုက်ဆိုင်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။မဖြစ်နိုင်ဘူးလို့လည်း ဆိုနိုင်တယ်။လက်စတာကို အိမ်ကွင်းမှာ ဝ-၉ ဂိုးနဲ့ရှုံးတာဟာ ဟာဆန်ဟတ်အပေါ် ဖိအားတွေပိုများလာစေတယ်။အသင်းရဲ့ခံစစ်ပိုင်းကိုပြင်ဆင်ဖို့က သူ့အတွက် ဦးစားပေးဖြစ်လာခဲ့တယ်။နောက်ဆုံး ၄ပွဲမှာ သူတို့ပေးခဲ့ရတဲ့ ဂိုးစုစုပေါင်းက ၁၇ဂိုးရှိခဲ့တယ်။

၄ ရက်အတွင်းမှာ အီတီဟတ်ကို ဒုတိယအကြိမ်ခရီးထွက်ရမှာက သူတို့အတွက်အကူအညီဖြစ်စေမှာ မဟုတ်ဘူး။ဒီတစ်ကြိမ်မှာ ဂွါဒီယိုလာဟာ လိဂ်ဖလားနဲ့မတူဘဲ တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်လာလိမ့်မယ်။လိဂ်ဖလားတုန်းက ၃-၁ ဂိုးဆိုတာထက်ပိုတဲ့ ရလဒ်မျိုးနဲ့ မန်စီးတီးအနိုင်ရသွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၄-၀ )
ရှက်ဖီး/ယူ – ဘန်လေ
ကြိုးစားမှုမရှိဘူး ဒါမှမဟုတ် လေးနက်မှုမရှိဘူးလို့ ဒီအသင်းတွေကို ခင်ဗျားဘယ်တော့မှ စွပ်စွဲလို့မရနိုင်ဘူး။ဒါဟာ ပြိုင်ပွဲကို အက်ကြောင်းထင်စေတယ်လို့ ကျွန်တော်ယူဆတယ်။ဝက်စ်ဟမ်းနဲ့သရေကျတဲ့ပွဲစဉ် အစောပိုင်းမှာ ရှက်ဖီးကစားပုံအားနည်းခဲ့တာမှန်ပေမယ့် သူတို့ဟာ ဒုတိယပိုင်းမှာ ပြောင်းလဲနိုင်ခဲ့တယ်။ခရစ္စဝိုင်ဒါရဲ့ အဝတ်လဲခန်းညွှန်ကြားမှုကြောင့်လို့ ကျွန်တော် အသေအချာပြောရဲတယ်။ဘန်လေကတော့ ချဲလ်ဆီးနဲ့ပွဲမှာ ပုံမှန်အနေအထားအောက်ရောက်ခဲ့တယ်။ဒါပေမဲ့ ဒီလိုစွမ်းဆောင်မှုမျိုးပြီးတဲ့နောက်မှာ ဘန်လေဆီက တုံ့ပြန်မှုတစ်ခုရတတ်တာကို ခင်ဗျားလည်း အသိပဲ။ရှက်ဖီးရဲ့ အိမ်ကွင်းရလဒ်တွေကလည်း သိပ်ပြီးကြီးမြတ်နေတာမှမဟုတ်တာ။ဒီရာသီ ဘရာမောလိန်းက လိဂ် ၅ပွဲမှာ ၃ပွဲရှုံးခဲ့တာပါ။အဲဒီမှာ နိုင်ပွဲရရှိတဲ့ နောက်တစ်သင်းဟာ ဘန်လေဖြစ်သွားပါလိမ့်မယ်။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၁-၂ )
ဝက်စ်ဟမ်း – နယူးကာဆယ်
ဝက်စ်ဟမ်းဟာ နောက်ဆုံး ၄ပွဲမှာ ၂မှတ်သာရခဲ့တယ်။ဒါပေမဲ့ ဟမ်းမားတွေက ထိတ်လန့်စရာကောင်းလောက်အောင် ခြေမငြိမ်ဖြစ်နေချိန်မှာ နယူးကာဆယ်ဆီက ဘာကိုမျှော်လင့်နိုင်သလဲဆိုတာကိုလည်း ကျွန်တော်တို့ သိနေပြန်ရော။သူတို့ဟာ လန်ဒန်ကွင်းဆီလာပြီး ဘတ်စ်ကားရပ်ဖို့ ကြိုးစားလိမ့်မယ်။စတိဗရုစ်ရဲ့အသင်းဟာ တကယ့်ကိုပဲ အဲဒါထက် ဘာမှထပ်လုပ်နိုင်စွမ်းမရှိဘူး။သူတို့ရဲ့ တိုက်စစ်ကအားနည်းနေတယ်။ခြေကျနေပေမယ့် ကျွန်တော်ဘာကြောင့် ဝက်စ်ဟမ်းကိုရွေးသလဲဆိုတဲ့ အဖြေလို့လည်းဆိုနိုင်တယ်။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၂-၁ )
ဝက်ဖို့ဒ် – ချဲလ်ဆီး
ဝက်ဖို့ဒ်ဟာ သရေပွဲတွေအတော်လေးများခဲ့သလို ဂိုးတွေအများကြီးပေးခဲ့ရတာမျိုးလည်းမရှိဘူး။ဒါပေမဲ့ ပြိုင်ဘက်ကိုရပ်တန့်ခြင်းမှသည် အနိုင်ယူခြင်းဆီသို့ဆိုတဲ့ အနေအထားဖြစ်လားမလားဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်။အထူးသဖြင့် ချဲလ်ဆီးလို အသင်းကောင်းနဲ့အတွေ့မှာပေါ့။ဝက်ဖို့ဒ်ဟာ မကြာခင်မှာ ပထမဆုံးနိုင်ပွဲရလိမ့်မယ်လို့ ကျွန်တော် အသေအချာပြောရဲတယ်။ဒါပေမဲ့ ဒီတစ်ပတ်ဖြစ်လာလိမ့်မယ်ဆိုတာတော့ ကျွန်တော်သိပ်ကိုသံသယရှိနေပါတယ်။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၁-၂ )
ပဲလေ့စ် – လက်စတာ
လက်စတာဟာ လက်ရှိအခိုက်အတန့်မှာ လုံးဝကိုအမြင့်ပျံနေတယ်။ကျွန်တော်ကြည့်မိတဲ့အချိန်တိုင်း သူတို့ကောင်းနေတာမြင်ရတယ်။သူတို့ဟာ စွမ်းအင်၊သွက်လက်မှု၊ကျယ်ပြန့်မှုတွေနဲ့ အားအင်အပြည့်ရှိတဲ့အသင်းပါ။အဲဒီမှာရှိတဲ့လူတိုင်းကလည်း ကိုယ့်အလုပ်ကိုယ်သိကြတယ်။ပဲလေ့စ်ကလည်း ထူးခြားတဲ့ရာသီအစမျိုး မဖန်တီးနိုင်ခဲ့ပေမယ့် ထိပ်ဆုံး ၆သင်းထဲမှာ ရှိနေပြီး ကစားဟန်လည်းကောင်းနေတယ်။အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်ကောင်းကိုလည်း အာဆင်နယ်နဲ့ပွဲမှာပြသခဲ့ပြီးပြီ။လင်းယန်တွေအတွက် သင့်တော်တဲ့ပွဲလို့ ကျွန်တော်မျှော်လင့်ထားတယ်။လက်စတာရဲ့တိုက်ခိုက်မှုတွေ ခံရတဲ့တိုင်အောင်ပေါ့။တနင်္ဂနွေမှာ သူတို့ ပျော်စရာအချို့ပိုင်ဆိုင်သွားမယ်ထင်ပါတယ်။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၁-၁ )
အဲဗာတန် – စပါး
လီဗာပူးကိုရှုံးတဲ့ပွဲမှာ စပါးဟာ အမှားတွေအများကြီး မလုပ်ခဲ့ပါဘူး။ဒုတိယပိုင်းအစမှာ ဆွန်ဟောင်မင်ရဲ့ကန်ချက်သာ ဘားတန်းမထိခဲ့ရင် သူတို့ ၁-၀ ဂိုးနဲ့ ဦးဆောင်နိုင်မှာပါ။ဒါပေမဲ့ ဂတ်ဇာနီဂါရဲ့ လက်စွမ်းပြကာကွယ်နိုင်ခဲ့မှုတွေကြောင့်ဆိုတာလည်း ကျွန်တော်တို့ မေ့ထားလို့မရဘူး။အကောင်းဆုံးပုံစံမရသေးတဲ့ စပါးအနေနဲ့ဒီပွဲမှာအတော်လေးအားစိုက်ရဖို့ရှိနေတယ်။ ဖိအားတွေအောက်က မာကိုဆေးလ်ဗားကို ပိုပြီးအခက်တွေ့စေမယ့်ပွဲလားဆိုတာတော့ ကျွန်တော်မသိဘူး။သူ့အနာဂတ်က အသင်းပိုင်ရှင်တွေအပေါ်မှာပဲ မူတည်တယ်။ဒါပေမဲ့ ဒီပွဲမနိုင်ရင် ဆောက်သမ်တန်နဲ့ လာမယ့်အဝေးကွင်းပွဲစဉ်မှာ ဆေးလ်ဗားရှုံးလို့မရဘူးဆိုတာတော့ ကျွန်တော်ပြောနိုင်ပါတယ်။
လော်ရိုရဲ့ရလဒ်ခန့်မှန်းချက်( ၁-၁ )
(zawgyi)
” အဲဗာတန္ဟာ မႏွစ္က ဒီလိုအခ်ိန္ ဒီအသင္းနဲ႔ရင္ဆိုင္ခဲ့ရာမွာ ဖြတ္ဖြတ္ေၾကခဲ့ပါတယ္။သူတို႔ဟာ ၂၀၁၂ ကတည္းက အိမ္ကြင္းမွာ စပါးကို အႏိုင္မရခဲ့ပါဘူး။ဒါဟာ ဒီတစ္ပတ္မွာ ရပ္တန္႔သြားလိမ့္မယ္လို႔လည္း ကၽြန္ေတာ္ မျမင္မိပါဘူး” လို႔ BBC ေဘာလံုးကၽြမ္းက်င္သူေလာ္ရိုက ဆိုပါတယ္။ပရီးမီးယားလိဂ္ေနာက္ဆံုး ၆ပြဲမွာ ၃မွတ္သာရခဲ့တဲ့ေနာက္ အဲဗာတန္နည္းျပမာကိုေဆးလ္ဗားဟာ ဖိအားေတြေအာက္ကမလြတ္ေျမာက္ေသးပါဘူး။ဒီတစ္ပတ္ သူတို႔ ရင္ဆိုင္ရမယ့္အသင္းကလည္း စပါးျဖစ္ေနတယ္။စပါးဟာ မႏွစ္က ဂြတ္ဒီဆင္ပါ့ခ္မွာ ေတာ္ဖီေတြကို ၂-၆ ဂိုးနဲ႔အႏိုင္ယူထားတာပါ။ဒါေၾကာင့္ မာကိုေဆးလ္ဗားအေနနဲ႔ ေနာက္ထပ္နာက်င္စရာတစ္ခု ခံစားရေတာ့မလားဆိုတာ ေလာ္ရိုက စိုးရိမ္ေနတာပါ။အဲဗာတန္-စပါးပြဲစဥ္အပါအ၀င္ ေလာ္ရိုရဲ႕ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ခန္႔မွန္းခ်က္ေတြကို 90minutes ပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္ပါတယ္။
ဘုန္းေမာက္ – မန္ယူ
ဘုန္းေမာက္ဟာ ဂိုးခန္းေျခာက္မႈျပသနာနဲ႔ ရင္ဆိုင္ေနရတယ္။သူတို႔ဟာ ေနာက္ဆံုး ၃ပြဲဆက္ ဂိုးေပါက္ေပ်ာက္ထားတယ္။ေနာက္ဆံုး ၅ပြဲမွာ ၁ပြဲသာရံႈးထားတဲ့ ရလဒ္ပိုင္းကမဆိုးေပမယ့္ တိုက္စစ္မွာ အသက္မဲ့ေနတာကေတာ့ ႏွစ္သက္ခ်င္စရာမရွိပါဘူး။ဒီလိုအခ်ိန္မွာ မန္ယူက အႏၱရာယ္ရွိတဲ့အသင္းျပန္ျဖစ္လာတယ္။ ၈ လနီးပါးေလာက္ ဘယ္လိုၿပိဳင္ပြဲမ်ိဳးမွာမွ အေ၀းကြင္းႏိုင္ပြဲမရခဲ့တဲ့ သရဲနီေတြဟာ သူတို႔ရဲ႕ပံုမွန္အေနအထားကို ျပန္ေရာက္လာတယ္။မာရွယ္က သိပ္ကို အတက္အက်ျမန္တဲ့ ကစားသမားတစ္ေယာက္ပါ။သူဟာ ပြဲတစ္ပြဲမွာ ထင္ထင္ရွားရွားေျခစြမ္းျပတတ္သလို မျဖစ္စေလာက္ေျခစြမ္းမ်ိဳးလည္းျပတတ္တယ္။ဒါေပမဲ့ သူဟာ မန္ယူရဲ႕တိုက္စစ္ကိုျပန္လည္ဦးေဆာင္လာခ်ိန္ကတည္းက ကြဲျပားျခားနားသြားခဲ့တယ္။ဒီအခ်ိန္မွာ မန္ယူဟာ ယံုၾကည္မႈအျပည့္အ၀ရွိေနပါတယ္။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၁-၂ )
အာဆင္နယ္ – ၀ုဗ္
၀ုဗ္ဟာ ၿပီးခဲ့တဲ့ပြဲစဥ္မွာ ေနာက္က်ေခ်ပဂိုးေၾကာင့္ နယူးကာဆယ္ဆီက တစ္မွတ္ရခဲ့တယ္။ဒါေပမဲ့ သူတို႔ကစားပံုေကာင္းခဲ့သလို အႏိုင္ရဖို႔ လံုေလာက္တဲ့ေျခစြမ္းမ်ိဳးရွိခဲ့တာပါ။ဆန္တိုရဲ႕အသင္းဟာ အက္စ္တြန္ဗီလာကိုရံႈးၿပီး လိဂ္ဖလားၿပိဳင္ပြဲက ထြက္ခဲ့ရေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ေနာက္ဆံုး ၅ပြဲဆက္ မရံႈးခဲ့ဘူး။သူတို႔ရဲ႕ ႏြမ္းပါးတဲ့ရာသီအစရလဒ္ေတြဟာ ေနာက္မွာက်န္ရစ္ခဲ့ပါၿပီ။အာဆင္နယ္ကေတာ့ ကြင္းလယ္ကစားသမားရွာကာနဲ႔ပရိသတ္ေတြၾကား တင္းမာမႈျပသနာနဲ႔ရင္ဆိုင္ေနရတယ္။ဒါေပမဲ့ သူတို႔ရဲ႕အိမ္ကြင္းပံုစံကလည္း အရင္လိုမဟုတ္ဘူး။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ပဲေလ့စ္ကို ၂ဂိုးျပတ္ဦးေဆာင္ႏိုင္ၿပီးမွ သေရက်ခဲ့တယ္။သူတို႔ရဲ႕ ခံစစ္တည္ၿငိမ္မႈမရွိတာ ကၽြန္ေတာ္တို႔သိတယ္။ဒါေပမဲ့ ဒါဟာ အမ္းမရိတ္စ္မွာ တစ္ခါတေလမွျမင္ေတြ႔ရတာမ်ိဳးပါ။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၂-၀ )
အက္စ္တြန္ဗီလာ – လီဗာပူး
မန္စီးတီးနဲ႔ၿပီးခဲ့တဲ့ပြဲစဥ္မွာ ဗီလာဟာ ကစားပံုေကာင္းခဲ့ေပမယ့္ ၃-၀ ဂိုးနဲ႔ရံႈးနိမ့္ခဲ့တယ္။လီဗာပူးနဲ႔ပြဲမွာလည္း ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ ဒီလိုရလဒ္မ်ိဳးထြက္ေပၚေလမလားလို႔ ကၽြန္ေတာ္ခံစားမိေနတယ္။တကယ္လို႔ ဂရီရယ္လစ္ရွ္သာ ဒဏ္ရာကျပန္ေကာင္းလာရင္ ဒန္းစမစ္ရဲ႕အသင္းအတြက္ အကူအညီေပးႏိုင္မွာျဖစ္ေပမယ့္ မန္ယူ၊စပါးတို႔နဲ႔ပြဲစဥ္ေတြမွာ ျပသခဲ့တဲ့ေျခစြမ္းအရ လီဗာပူးဟာ တားဆီးဖို႔ခက္တဲ့အသင္းျဖစ္ေနပါတယ္။စေနညမွာ လီဗာပူးႏိုင္မယ္လို႔ပဲ ကၽြန္ေတာ္ျမင္ပါတယ္။ႀကိဳးၾကာနီေတြဟာ ၿပီးခဲ့တဲ့ပြဲစဥ္မွာ စပါးကိုေနာက္ကလိုက္ကစားခဲ့ရေပမယ့္ အႏိုင္ရလဒ္နဲ႔တကယ္ ထိုက္တန္ခဲ့တာပါ။ဒါဟာ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ျပန္လာႏိုင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္ကို သူတို႔ရရွိေစခဲ့တာပါ။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၀-၂ )
ဘရိုက္တန္ – ေနာ၀ွစ္ခ်္
ေနာ၀ွစ္ခ်္ဟာ အထိန္းအကြပ္မရွိထိုးဆင္းလုနီးပါးပဲ။သူတို႔ရဲ႕ ဒဏ္ရာကပ္ဆိုက္ေနမႈဟာ အားအင္ခ်ိနဲ႔ဖို႔အတြက္ လြယ္ကူေစခဲ့တယ္။ပက္ကီ ဂိုးေပါက္ေပ်ာက္ေနတာ အပါအ၀င္ေပါ့။ေနာ၀ွစ္ခ်္ဟာ ရံႈးပြဲဆက္မႈကို ဘုန္းေမာက္နဲ႔ဂိုးမရွိသေရက်တဲ့ပြဲမွာ ရပ္တန္႔ႏိုင္ခဲ့ေပမယ့္ ကာရိုးရုဒ္မွာ မန္ယူကိုအရံႈးေပးခဲ့ရျပန္တယ္။ဘရိုက္တန္ဟာ ဒီလိုေနာ၀ွစ္ခ်္မ်ိဳးကို အႏိုင္ယူဖို႔ အေသအခ်ာျပင္ဆင္လာလိမ့္မယ္။ဟုတ္ပါတယ္။သူတို႔ရဲ႕ အဲဗာတန္ကို အႏိုင္ရတဲ့ပြဲမွာ VAR အကူအညီပါ၀င္ခဲ့ေပမယ့္ အခြင့္အေရးဖန္တီးႏိုင္စြမ္းအမ်ားႀကီးရွိတဲ့ အသင္းတစ္သင္းပါ။ပင္လယ္စင္ေရာ္ေတြဟာ စြန္႔စားမႈအနည္းငယ္ကို ယူေဆာင္လာတဲ့ပံုစံမ်ိဳးေတြနဲ႔ ရံႈးပြဲအနည္းငယ္ႀကံဳေတြ႔လိမ့္မယ္။ဒါေပမဲ့ သူတို႔ ပရိသတ္ေတြကေတာ့ ေပ်ာ္ရႊင္ၾကလိမ့္မယ္။ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ပြဲအနည္းငယ္လည္း ရမွာမို႔ပါပဲ။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၂-၁ )
မန္စီးတီး – ေဆာက္သမ္တန္
ဟာဆန္ဟတ္ရဲ႕လက္ေထာက္ ဒန္နီရိုလ္ဟာ ေႏြရာသီတုန္းက ဘိုင္ယန္ကိုထြက္ခြာသြားခဲ့တာ ကၽြန္ေတာ္မသိဘူး။သူမရွိတဲ့ေနာက္ပိုင္း စိန္႔ေတြရဲ႕ အေ၀းကြင္းရလဒ္ဆိုးရြားသြားတာဟာ တိုက္ဆိုင္မႈတစ္ခုျဖစ္ေကာင္းျဖစ္ႏိုင္တယ္။မျဖစ္ႏိုင္ဘူးလို႔လည္း ဆိုႏိုင္တယ္။လက္စတာကို အိမ္ကြင္းမွာ ၀-၉ ဂိုးနဲ႔ရံႈးတာဟာ ဟာဆန္ဟတ္အေပၚ ဖိအားေတြပိုမ်ားလာေစတယ္။အသင္းရဲ႕ခံစစ္ပိုင္းကိုျပင္ဆင္ဖို႔က သူ႔အတြက္ ဦးစားေပးျဖစ္လာခဲ့တယ္။ေနာက္ဆံုး ၄ပြဲမွာ သူတို႔ေပးခဲ့ရတဲ့ ဂိုးစုစုေပါင္းက ၁၇ဂိုးရွိခဲ့တယ္။၄ ရက္အတြင္းမွာ အီတီဟတ္ကို ဒုတိယအႀကိမ္ခရီးထြက္ရမွာက သူတို႔အတြက္အကူအညီျဖစ္ေစမွာ မဟုတ္ဘူး။ဒီတစ္ႀကိမ္မွာ ဂြါဒီယိုလာဟာ လိဂ္ဖလားနဲ႔မတူဘဲ ေတာင့္တင္းတဲ့လူစာရင္းနဲ႔ ပြဲထြက္လာလိမ့္မယ္။လိဂ္ဖလားတုန္းက ၃-၁ ဂိုးဆိုတာထက္ပိုတဲ့ ရလဒ္မ်ိဳးနဲ႔ မန္စီးတီးအႏိုင္ရသြားလိမ့္မယ္လို႔ ကၽြန္ေတာ္ထင္တယ္။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၄-၀ )
ရွက္ဖီး/ယူ – ဘန္ေလ
ႀကိဳးစားမႈမရွိဘူး ဒါမွမဟုတ္ ေလးနက္မႈမရွိဘူးလို႔ ဒီအသင္းေတြကို ခင္ဗ်ားဘယ္ေတာ့မွ စြပ္စြဲလို႔မရႏိုင္ဘူး။ဒါဟာ ၿပိဳင္ပြဲကို အက္ေၾကာင္းထင္ေစတယ္လို႔ ကၽြန္ေတာ္ယူဆတယ္။၀က္စ္ဟမ္းနဲ႔သေရက်တဲ့ပြဲစဥ္ အေစာပိုင္းမွာ ရွက္ဖီးကစားပံုအားနည္းခဲ့တာမွန္ေပမယ့္ သူတို႔ဟာ ဒုတိယပိုင္းမွာ ေျပာင္းလဲႏိုင္ခဲ့တယ္။ခရစၥ၀ိုင္ဒါရဲ႕ အ၀တ္လဲခန္းညႊန္ၾကားမႈေၾကာင့္လို႔ ကၽြန္ေတာ္ အေသအခ်ာေျပာရဲတယ္။ဘန္ေလကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပံုမွန္အေနအထားေအာက္ေရာက္ခဲ့တယ္။ဒါေပမဲ့ ဒီလိုစြမ္းေဆာင္မႈမ်ိဳးၿပီးတဲ့ေနာက္မွာ ဘန္ေလဆီက တံု႔ျပန္မႈတစ္ခုရတတ္တာကို ခင္ဗ်ားလည္း အသိပဲ။ရွက္ဖီးရဲ႕ အိမ္ကြင္းရလဒ္ေတြကလည္း သိပ္ၿပီးႀကီးျမတ္ေနတာမွမဟုတ္တာ။ဒီရာသီ ဘရာေမာလိန္းက လိဂ္ ၅ပြဲမွာ ၃ပြဲရံႈးခဲ့တာပါ။အဲဒီမွာ ႏိုင္ပြဲရရွိတဲ့ ေနာက္တစ္သင္းဟာ ဘန္ေလျဖစ္သြားပါလိမ့္မယ္။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၁-၂ )
၀က္စ္ဟမ္း – နယူးကာဆယ္
၀က္စ္ဟမ္းဟာ ေနာက္ဆံုး ၄ပြဲမွာ ၂မွတ္သာရခဲ့တယ္။ဒါေပမဲ့ ဟမ္းမားေတြက ထိတ္လန္႔စရာေကာင္းေလာက္ေအာင္ ေျခမၿငိမ္ျဖစ္ေနခ်ိန္မွာ နယူးကာဆယ္ဆီက ဘာကိုေမွ်ာ္လင့္ႏိုင္သလဲဆိုတာကိုလည္း ကၽြန္ေတာ္တို႔ သိေနျပန္ေရာ။သူတို႔ဟာ လန္ဒန္ကြင္းဆီလာၿပီး ဘတ္စ္ကားရပ္ဖို႔ ႀကိဳးစားလိမ့္မယ္။စတိဗရုစ္ရဲ႕အသင္းဟာ တကယ့္ကိုပဲ အဲဒါထက္ ဘာမွထပ္လုပ္ႏိုင္စြမ္းမရွိဘူး။သူတို႔ရဲ႕ တိုက္စစ္ကအားနည္းေနတယ္။ေျခက်ေနေပမယ့္ ကၽြန္ေတာ္ဘာေၾကာင့္ ၀က္စ္ဟမ္းကိုေရြးသလဲဆိုတဲ့ အေျဖလို႔လည္းဆိုႏိုင္တယ္။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၂-၁ )
၀က္ဖို႔ဒ္ – ခ်ဲလ္ဆီး
၀က္ဖို႔ဒ္ဟာ သေရပြဲေတြအေတာ္ေလးမ်ားခဲ့သလို ဂိုးေတြအမ်ားႀကီးေပးခဲ့ရတာမ်ိဳးလည္းမရွိဘူး။ဒါေပမဲ့ ၿပိဳင္ဘက္ကိုရပ္တန္႔ျခင္းမွသည္ အႏိုင္ယူျခင္းဆီသို႔ဆိုတဲ့ အေနအထားျဖစ္လားမလားဆိုတာေတာ့ ေမးခြန္းထုတ္စရာျဖစ္ေနတယ္။အထူးသျဖင့္ ခ်ဲလ္ဆီးလို အသင္းေကာင္းနဲ႔အေတြ႔မွာေပါ့။၀က္ဖို႔ဒ္ဟာ မၾကာခင္မွာ ပထမဆံုးႏိုင္ပြဲရလိမ့္မယ္လို႔ ကၽြန္ေတာ္ အေသအခ်ာေျပာရဲတယ္။ဒါေပမဲ့ ဒီတစ္ပတ္ျဖစ္လာလိမ့္မယ္ဆိုတာေတာ့ ကၽြန္ေတာ္သိပ္ကိုသံသယရွိေနပါတယ္။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၁-၂ )
ပဲေလ့စ္ – လက္စတာ
လက္စတာဟာ လက္ရွိအခိုက္အတန္႔မွာ လံုး၀ကိုအျမင့္ပ်ံေနတယ္။ကၽြန္ေတာ္ၾကည့္မိတဲ့အခ်ိန္တိုင္း သူတို႔ေကာင္းေနတာျမင္ရတယ္။သူတို႔ဟာ စြမ္းအင္၊သြက္လက္မႈ၊က်ယ္ျပန္႔မႈေတြနဲ႔ အားအင္အျပည့္ရွိတဲ့အသင္းပါ။အဲဒီမွာရွိတဲ့လူတိုင္းကလည္း ကိုယ့္အလုပ္ကိုယ္သိၾကတယ္။ပဲေလ့စ္ကလည္း ထူးျခားတဲ့ရာသီအစမ်ိဳး မဖန္တီးႏိုင္ခဲ့ေပမယ့္ ထိပ္ဆံုး ၆သင္းထဲမွာ ရွိေနၿပီး ကစားဟန္လည္းေကာင္းေနတယ္။အႏိုင္မခံအရံႈးမေပးတဲ့ စိတ္ဓာတ္ေကာင္းကိုလည္း အာဆင္နယ္နဲ႔ပြဲမွာျပသခဲ့ၿပီးၿပီ။လင္းယန္ေတြအတြက္ သင့္ေတာ္တဲ့ပြဲလို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ထားတယ္။လက္စတာရဲ႕တိုက္ခိုက္မႈေတြ ခံရတဲ့တိုင္ေအာင္ေပါ့။တနဂၤေႏြမွာ သူတို႔ ေပ်ာ္စရာအခ်ို႔ပိုင္ဆိုင္သြားမယ္ထင္ပါတယ္။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၁-၁ )
အဲဗာတန္ – စပါး
လီဗာပူးကိုရံႈးတဲ့ပြဲမွာ စပါးဟာ အမွားေတြအမ်ားႀကီး မလုပ္ခဲ့ပါဘူး။ဒုတိယပိုင္းအစမွာ ဆြန္ေဟာင္မင္ရဲ႕ကန္ခ်က္သာ ဘားတန္းမထိခဲ့ရင္ သူတို႔ ၁-၀ ဂိုးနဲ႔ ဦးေဆာင္ႏိုင္မွာပါ။ဒါေပမဲ့ ဂတ္ဇာနီဂါရဲ႕ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့မႈေတြေၾကာင့္ဆိုတာလည္း ကၽြန္ေတာ္တို႔ ေမ့ထားလို႔မရဘူး။အေကာင္းဆံုးပံုစံမရေသးတဲ့ စပါးအေနနဲ႔ဒီပြဲမွာအေတာ္ေလးအားစိုက္ရဖို႔ရွိေနတယ္။ ဖိအားေတြေအာက္က မာကိုေဆးလ္ဗားကို ပိုၿပီးအခက္ေတြ႔ေစမယ့္ပြဲလားဆိုတာေတာ့ ကၽြန္ေတာ္မသိဘူး။သူ႔အနာဂတ္က အသင္းပိုင္ရွင္ေတြအေပၚမွာပဲ မူတည္တယ္။ဒါေပမဲ့ ဒီပြဲမႏိုင္ရင္ ေဆာက္သမ္တန္နဲ႔ လာမယ့္အေ၀းကြင္းပြဲစဥ္မွာ ေဆးလ္ဗားရံႈးလို႔မရဘူးဆိုတာေတာ့ ကၽြန္ေတာ္ေျပာႏိုင္ပါတယ္။
ေလာ္ရိုရဲ႕ရလဒ္ခန္႔မွန္းခ်က္( ၁-၁ )