လော်ရိုရဲ့ ပရီးမီးယားလိဂ်ပွဲကြို သုံးသပ်ချက်များ

နည်းပြလောကကနေ ၁၁လကြာကင်းကွာခဲ့တဲ့နောက် မော်ရင်ညိုဟာ ပရီးမီးယားလိဂ်ကိုပြန်ရောက်လာခဲ့တယ်။

ဒါပေမဲ့ လန်ဒန်ပြိုင်ဘက်ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ စတင်နိုင်ပါ့မလား။“ ဝက်စ်ဟမ်းဟာ လက်ရှိအချိန်မှာ တကယ့်ကိုပင်ပန်းကြီးစွာရုန်းကန်နေရတယ်။မန်ယူကို အနိုင်ယူပြီးတဲ့နောက် ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲမှာ ၂မှတ်သာရခဲ့ခြင်းနဲ့အတူပေါ့။ဒီအနေအထားကို အဆုံးသတ်ဖို့ သူတို့ကြိုးစားလာမှာသေချာပေမယ့် ရလဒ်ပိုင်း ကကြောက်စရာ ကောင်းနေတယ်။နောက်ပြီး ဒီပွဲမှာ မော်ရင်ညိုဆိုတာကိုထည့်တွက်ရမှာက အခြေခံသဘောတရား တစ်ခုဖြစ်နေတယ်” လို့ BBC ဘောလုံးကျွမ်းကျင်သူ လော်ရိုက ဆိုထားတယ်။သူ့ရဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲ ကြိုခန့်မှန်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

PC ; Internet

ဝက်စ်ဟမ်း – စပါး

မော်ရင်ညိုကို နည်းပြသစ်အဖြစ်ခန့်လိုက်တာဟာ စပါးအတွက် အလောင်းအစားလုပ်လိုက်တာပဲ။ဒီလိုပဲ ကျွန်တော် တကယ်တွေးမိတယ်။သူတို့ဟာ သိပ်ကိုကျော်ကြားတဲ့နည်းပြတစ်ဦးကို အစားထိုးလိုက်တာပါ။ ဒါပေမဲ့ မန်ယူ မှာဖြစ် ပျက်ခဲ့တာတွေအရ မော်ရင်ညိုဟာ သူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်ရနေပြီလားဆိုတာတော့ အသေအချာမပြောနိုင်သေး ဘူး။

PC ; Internet

နောက်ပြီး သူ့ကြောင့် စပါးရဲ့ကစားပုံအပြောင်းအလဲဖြစ်သွားမလား။သေချာတာကတော့ ခြားနားတဲ့ပုံစံတွေ၊ နည်းဗျူဟာ တွေနဲ့ စပါးကို မြင်ရဖို့ရှိနေတာပါပဲ။ဒါပေမဲ့ သင့်တော်တဲ့ပြောင်းလဲမှုတွေကိုတော့ သူ လုပ်ရလိမ့်မယ်။ စပါး ဘယ်လို ကစားမလဲဆိုတာ စိတ်ဝင်စားစရာပဲ။

လော်ရိုရဲ့ခန့်မှန်းရလဒ် ( ၁-၁ )

PC ; Internet

ပဲလေ့စ် – လီဗာပူး
ပဲလေ့စ်နည်းပြရွိုင်းဟော့ဆန်ဟာ အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမယ့်ပွဲမှာ စိန်ခေါ်မှုတွေ လုပ်လာ ဖို့ရှိနေတယ်။ ပဲလေ့စ်ဟာ ပြိုင်ဘက်ကိုဖိအားပေးနိုင်တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် လီဗာပူးကို နာကျင်စေဖို့အထိ ပစ်အားမရှိတာတော့ ကျွန်တော် စိုးရိမ်မိတယ်။ကြိုးကြာနီတွေအတွက် သိပ်ကိုခက်ခဲတဲ့ ပွဲဖြစ်အောင် ဟော့ဆန်လုပ်မှာသေချာတယ်။

PC ; Internet

လူတစ်ချို့ထင်တာထက် ပိုပြီးကြမ်းတမ်းမယ်ပွဲလည်းဖြစ်လာဖို့ရှိနေတယ်။ဒါပေမဲ့ ပဲလေ့စ် အမှတ်ရသွားမှာကိုတော့ ကျွန်တော်မမြင်မိပါဘူး။
လော်ရိုရဲ့ခန့်မှန်းရလဒ် ( ဝ-၂ )

PC ; Internet

မန်စီးတီး – ချဲလ်ဆီး

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲဆက် အနိုင်ရခဲ့တယ်။ဒါဟာ မြင့်မားတဲ့စွမ်းဆောင်မှုပါပဲ။ဒါပေမဲ့ တစ်ခြားအသင်းကြီးတွေကို အိမ်ကွင်းမှာ မန်စီးတီးရင်ဆိုင်ပြီဆို ကျွန်တော်ကတော့ သူတို့ကိုပဲ အမြဲတမ်း ထောက်ခံနေမိတယ်။ အဲဒီလိုပွဲတွေမှာ သူတို့ရှုံးတာမရှိသလောက်နည်းပါးသလို အပိုဂီယာမျိုးတွေကိုလည်း မကြာခဏဆိုသလိုရှာတွေ့တတ်တယ်။

PC ; Internet

၆-၀ ဂိုးနဲ့အနိုင်ရတဲ့ မနှစ်ကလိုရလဒ်မျိုး ထပ်လုပ်ပြဖို့မလွယ်ပေမယ့် ဂွါဒီယိုလာရဲ့အသင်းအနိုင်ရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်နေတုန်းပဲ။

လော်ရိုရဲ့ခန့်မှန်းရလဒ် ( ၂-၀ )

PC ; Internet

ရှက်ဖီး – မန်ယူ

BBC ရေဒီယို 5 Live အတွက် ဒီပွဲမှာ ကျွန်တော်ရှိနေမှာပါ။ရှက်ဖီးဟာ တောက်ပတဲ့ခြေစွမ်းမျိုး ဒီရာသီမှာပိုင်ဆိုင်ထားပေမယ့် မန်ယူဟာ ပိုကောင်းတဲ့အသင်းအဖြစ် စတင်လာဖို့ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မာရှယ်ပြန်ကောင်းနေလို့ပါပဲ။တစ်ဦးချင်းစွမ်းဆောင်မှုအရ မာရှယ်ဟာ အတက်အကျတွေများနေတယ် လို့ပြောနိုင်ပေမယ့် ကွင်းထဲမှာ သူရှိနေတာဟာ ကွဲပြားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

PC ; Internet

ပြီးတော့ ရက်ရှ်ဖို့ဒ်နဲ့ဒန်နီရယ်ဂျိမ်းစ်တို့လည်း ပုံစံကောင်းရနေကြတယ်။ဒီတစ်ပတ်မှာ အသင်းဟောင်းတွေနဲ့ပြန်လည်ရင်ဆိုင်ရမယ့်နည်းပြတွေအကြောင်း ကျွန်တော်ပြောခဲ့ပြီးပြီ။ဒီပွဲမှာတော့ အသင်းဟောင်းနဲ့ပြန်တွေ့ရမယ့် ကစားသမားတစ်ယောက်ကို မြင်ရတော့မယ်။ ၃မှတ်နဲ့အတူ မက်ဂွိုင်းယား ပြန်သွားနိုင်ပါလိမ့်မယ်။

လော်ရိုရဲ့ခန့်မှန်းရလဒ် ( ဝ-၂ )

PC ; Internet

အခြားပွဲစဉ်ခန့်မှန်းမှုများ

အာဆင်နယ် – ဆောက်သမ်တန် ( ၂-၀ )

ဘုန်းမောက် – ဝုဗ် ( ၂-၁ )

ဘရိုက်တန် – လက်စတာ ( ၂-၁ )

အဲဗာတန် – နောဝှစ်ချ် ( ၂-၀ )

ဝက်ဖို့ဒ် – ဘန်လေ ( ၂-၀ )

ဗီလာ – နယူးကာဆယ် ( ၂-၀ )

(zawgyi)

နည္းျပေလာကကေန ၁၁လၾကာကင္းကြာခဲ့တဲ့ေနာက္ ေမာ္ရင္ညိဳဟာ ပရီးမီးယားလိဂ္ကိုျပန္ေရာက္လာခဲ့တယ္။ဒါေပမဲ့ လန္ဒန္ၿပိဳင္ဘက္၀က္စ္ဟမ္းနဲ႔ပြဲစဥ္မွာ ႏိုင္ပြဲနဲ႔အတူ စတင္ႏိုင္ပါ့မလား။“ ၀က္စ္ဟမ္းဟာ လက္ရွိအခ်ိန္မွာ တကယ့္ကို ပင္ပန္းႀကီးစြာရုန္းကန္ေနရတယ္။ မန္ယူကို အႏိုင္ယူၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္ေနာက္ဆံုး ၆ပြဲမွာ ၂မွတ္သာရခဲ့ျခင္းနဲ႔ အတူေပါ့။ ဒီအေနအထားကို အဆံုးသတ္ဖို႔ သူတို႔ႀကိဳးစားလာမွာေသခ်ာေပမယ့္ ရလဒ္ပိုင္း ကေၾကာက္စရာ ေကာင္းေန တယ္။ ေနာက္ၿပီး ဒီပြဲမွာ ေမာ္ရင္ညိဳဆိုတာကိုထည့္တြက္ရမွာက အေျခခံသေဘာတရားတစ္ခုျဖစ္ေနတယ္” လို႔ BBC ေဘာလံုးကၽြမ္းက်င္သူ ေလာ္ရိုက ဆိုထားတယ္။သူ႔ရဲ႕ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲႀကိဳခန္႔မွန္းေတြကို ေဖၚျပေပးလိုက္ ပါတယ္။

၀က္စ္ဟမ္း – စပါး

ေမာ္ရင္ညိဳကို နည္းျပသစ္အျဖစ္ခန္႔လိုက္တာဟာ စပါးအတြက္ အေလာင္းအစားလုပ္လိုက္တာပဲ။ ဒီလိုပဲ ကၽြန္ေတာ္ တကယ္ေတြးမိတယ္။ သူတို႔ဟာ သိပ္ကိုေက်ာ္ၾကားတဲ့နည္းျပတစ္ဦးကို အစားထိုးလိုက္တာပါ။ ဒါေပမဲ့ မန္ယူမွာ ျဖစ္ပ်က္ ခဲ့ တာေတြအရ ေမာ္ရင္ညိဳဟာ သူ႔ရဲ႕အေကာင္းဆံုးပံုစံကိုျပန္ရေနၿပီလားဆိုတာေတာ့ အေသအခ်ာမေျပာႏိုင္ေသးဘူး။ ေနာက္ၿပီး သူ႔ေၾကာင့္ စပါးရဲ႕ကစားပံုအေျပာင္းအလဲျဖစ္သြားမလား။ေသခ်ာတာကေတာ့ ျခားနားတဲ့ပံုစံေတြ၊ နည္းဗ်ဴဟာ ေတြနဲ႔ စပါးကို ျမင္ရဖို႔ရွိေနတာပါပဲ။ဒါေပမဲ့ သင့္ေတာ္တဲ့ေျပာင္းလဲမႈေတြကိုေတာ့ သူ လုပ္ရလိမ့္မယ္။ စပါး ဘယ္လို ကစားမလဲဆိုတာ စိတ္၀င္စားစရာပဲ။

ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၁-၁ )

ပဲေလ့စ္ – လီဗာပူး

ပဲေလ့စ္နည္းျပရြိဳင္းေဟာ့ဆန္ဟာ အသင္းေဟာင္းနဲ႔ျပန္လည္ရင္ဆိုင္ရမယ့္ပြဲမွာ စိန္ေခၚမႈေတြလုပ္လာဖို႔ရွိေနတယ္။ ပဲေလ့စ္ဟာ ၿပိဳင္ဘက္ကိုဖိအားေပးႏိုင္တဲ့ အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္ လီဗာပူးကိုနာက်င္ေစဖို႔အထိ ပစ္အား မရွိ တာေတာ့ ကၽြန္ေတာ္ စိုးရိမ္မိတယ္။ႀကိဳးၾကာနီေတြအတြက္ သိပ္ကိုခက္ခဲတဲ့ပြဲျဖစ္ေအာင္ ေဟာ့ဆန္လုပ္မွာ ေသခ်ာတယ္။ လူတစ္ခ်ိဳ႔ထင္တာထက္ ပိုၿပီးၾကမ္းတမ္းမယ္ပြဲလည္းျဖစ္လာဖို႔ရွိေနတယ္။ဒါေပမဲ့ ပဲေလ့စ္ အမွတ္ရသြားမွာကိုေတာ့ ကၽြန္ေတာ္ မျမင္မိပါဘူး။

ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၀-၂ )

မန္စီးတီး – ခ်ဲလ္ဆီး
ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၆ပြဲဆက္ အႏိုင္ရခဲ့တယ္။ဒါဟာ ျမင့္မားတဲ့စြမ္းေဆာင္မႈပါပဲ။ ဒါေပမဲ့ တစ္ျခား အသင္းႀကီးေတြကို အိမ္ကြင္းမွာ မန္စီးတီးရင္ဆိုင္ၿပီဆို ကၽြန္ေတာ္ကေတာ့ သူတို႔ကိုပဲအၿမဲတမ္းေထာက္ခံေနမိတယ္။ အဲဒီလိုပြဲေတြမွာ သူတို႔ရံႈးတာမရွိသေလာက္နည္းပါးသလို အပိုဂီယာမ်ိဳးေတြကိုလည္း မၾကာခဏဆိုသလို ရွာေတြ႔တတ္ တယ္။ ၆-၀ ဂိုးနဲ႔အႏိုင္ရတဲ့ မႏွစ္ကလိုရလဒ္မ်ိဳး ထပ္လုပ္ျပဖို႔မလြယ္ေပမယ့္ ဂြါဒီယိုလာရဲ႕အသင္းအႏိုင္ရလိမ့္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ေနတုန္းပဲ။

ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၂-၀ )

ရွက္ဖီး – မန္ယူ
BBC ေရဒီယို 5 Live အတြက္ ဒီပြဲမွာ ကၽြန္ေတာ္ရွိေနမွာပါ။ရွက္ဖီးဟာ ေတာက္ပတဲ့ေျခစြမ္းမ်ိဳး ဒီရာသီမွာ ပိုင္ဆိုင္ထား ေပမယ့္ မန္ယူဟာ ပိုေကာင္းတဲ့အသင္းအျဖစ္ စတင္လာဖို႔ရွိေနပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ မာရွယ္ျပန္ေကာင္းေနလို႔ ပါပဲ။ တစ္ဦးခ်င္းစြမ္းေဆာင္မႈအရ မာရွယ္ဟာ အတက္အက်ေတြမ်ားေနတယ္လို႔ေျပာႏိုင္ေပမယ့္ ကြင္းထဲမွာ သူရွိေနတာ ဟာ ကြဲျပားမႈေတြကို ျဖစ္ေပၚေစပါတယ္။ၿပီးေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ဒန္နီရယ္ဂ်ိိမ္းစ္တို႔လည္း ပံုစံေကာင္းရေနၾကတယ္။ ဒီတစ္ပတ္မွာ အသင္းေဟာင္းေတြနဲ႔ျပန္လည္ရင္ဆိုင္ရမယ့္နည္းျပေတြအေၾကာင္း ကၽြန္ေတာ္ေျပာခဲ့ၿပီးၿပီ။ဒီပြဲမွာေတာ့ အသင္းေဟာင္းနဲ႔ျပန္ေတြ႔ရမယ့္ ကစားသမားတစ္ေယာက္ကို ျမင္ရေတာ့မယ္။ ၃မွတ္နဲ႔အတူ မက္ဂိြဳင္းယား ျပန္သြားႏိုင္ ပါလိမ့္မယ္။

ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၀-၂ )

အျခားပြဲစဥ္ခန္႔မွန္းမႈမ်ား

အာဆင္နယ္ – ေဆာက္သမ္တန္ ( ၂-၀ )

ဘုန္းေမာက္ – ၀ုဗ္ ( ၂-၁ )

ဘရိုက္တန္ – လက္စတာ ( ၂-၁ )

အဲဗာတန္ – ေနာ၀ွစ္ခ်္ ( ၂-၀ )

၀က္ဖို႔ဒ္ – ဘန္ေလ ( ၂-၀ )

ဗီလာ – နယူးကာဆယ္ ( ၂-၀ )