လောင်းကစားကုမပဏီမှာ ရှယ်ယာပိုင်ထားတဲ့ အေဗရာဟီမိုဗစ်တစ်ယောက် ၃နှစ်ပွဲပယ် ခံရနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ ဆွီဒင်နတ်ဘုဘရားကြီး အီဘာရာဟီမိုဗစ်ဟာ အခုချိန်မှာတော့ အခန့်မသင့်ရင် ဘောလုံးကစားသမားဘဝကနေ ၃နှစ်ပွဲပယ်ကျခံနိုင်ရတဲ့ အနေအထားကို ရင်ဆိုင်နေရပါတယ်။ တကယ်လို့လာ ၃နှစ်ပွဲပယ်ခံလိုက်ရပြီဆိုရင် လက်ရှိမှာ အသက် ၃၉နှစ်ရှိနေပြီဖြစ်တဲ့ မိုဗစ်အနေနဲ့ ကစားသမားဘ၀ အဆုံးသတ်သွားဖို့ ရှိနေပါတယ်။

ဆွီဒင်အခြေစိုက် Aftonbladet သတင်းစာရဲ့ ဖော်ပြချက်အရ မိုဗစ်ချ်ဟာ မော်လ်တာအခြေစိုက် လောင်းကစားကုပမဏီတစ်ခုဖြစ်တဲ့ Bethard မှာ ရှယ်ယာ ၁၀% နှုန်း ရင်းနှီးမြုပ်နှံထားတဲ့အတွက် ကြောင့်ပါပဲ။
ဆွီဒင်လက်ရွေးစင်အသင်းကလည်း ဒီကိစ္စကြောင့် မိုဗစ်ကို ဆွီဒင်လက်ရွေးစင်အသင်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြန်မခေါ်ခဲ့တာလို့လည်း သိရပါတယ်။ ဒါပေမယ့် မိုဗစ်ဟာ ၂၀၁၆ နှစိကုန်ပိုင်းကတည်းက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပေမယ့် နိုင်ငံ့သင်းအတွက် လိုအပ်ရင် ပြန်ကစားပေးမယ်လို့ ပြောခဲ့ပြီးသားပါ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး မိုဗစ်က ” ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ လောင်းကစားကုမပဏီတွေနဲ့ ပတ်သတ်ခဲ့တယ်ဆိုတာ မရှိပါဘူး။ Bethard နဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင်တော့ အနေအထားမတူဘူးလို့ ပြောရမှပါ။ ဒီကုပမဏီက ဆွီဒင်လူမျိုးတွေနဲ့ စုဖွဲထားတာပါ။ ဒီအဖွဲ့အစည်းကို စတင်တည်ထောင်သူတွေကလည်း ကျွန်တော့်ဇာတမြို့က သူတွေပါ။ သူတို့ဟာ စီးပွားရေးနယ်ပယ်မှာ စွန့်စားချင်သူတွေဖြစ်ပြီး ဒါဟာ လုံးဝကွဲပြားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဇီဖာကထုတ်ပြန်ထားတဲ့ စည်းမျဥ်းတွေအရ ဘောလုံးသမားတစ်ယောက်အနေနဲ့ လောင်းကစားခြင်းကို တားမြစ်ထားသလို လောင်းကစားကုမပဏီတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံ ပါဝင်ပတ်သတ်တာမျိုးကိုလည်း ခွင့်မပြုထားပါဘူး။ သတင်းစာမှာ ဖော်ပြချက်အရ မိုဗစ်ပိုင်ဆိုင်တဲ့ ကုမပဏီဟာ Bethard မှာ စတုထ္ထရှယ်ယာအများဆုံးပိုင်ဆိုင်ထားပြီး ၂၀၁၉ခုနှစ်အတွင်း ငွေစာရင်းရှင်းတမ်းတွေအရ အခွန်ဆောင်ပြီး အသားတင် ပေါင် ၂၅.၇၉သန်း မြတ်စွန်းခဲ့တယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေလာင္းကစားကုမပဏီမွာ ရွယ္ယာပိုင္ထားတဲ့ ေအဗရာဟီမိုဗစ္တစ္ေယာက္ ၃ႏွစ္ပြဲပယ္ ခံရႏိုင္

ၿပီးခဲ့တဲ့ ရက္သတၱပတ္ကပဲ ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ စီစဥ္ေနတဲ့ ဆြီဒင္နတ္ဘုဘရားႀကီး အီဘာရာဟီမိုဗစ္ဟာ အခုခ်ိန္မွာေတာ့ အခန႔္မသင့္ရင္ ေဘာလုံးကစားသမားဘဝကေန ၃ႏွစ္ပြဲပယ္က်ခံႏိုင္ရတဲ့ အေနအထားကို ရင္ဆိုင္ေနရပါတယ္။ တကယ္လို႔လာ ၃ႏွစ္ပြဲပယ္ခံလိုက္ရၿပီဆိုရင္ လက္ရွိမွာ အသက္ ၃၉ႏွစ္ရွိေနၿပီျဖစ္တဲ့ မိုဗစ္အေနနဲ႔ ကစားသမားဘ၀ အဆုံးသတ္သြားဖို႔ ရွိေနပါတယ္။

ဆြီဒင္အေျခစိုက္ Aftonbladet သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ မိုဗစ္ခ်္ဟာ ေမာ္လ္တာအေျခစိုက္ ေလာင္းကစားကုပမဏီတစ္ခုျဖစ္တဲ့ Bethard မွာ ရွယ္ယာ ၁၀% ႏႈန္း ရင္းႏွီးျမဳပ္ႏွံထားတဲ့အတြက္ ေၾကာင့္ပါပဲ။

ဆြီဒင္လက္ေ႐ြးစင္အသင္းကလည္း ဒီကိစၥေၾကာင့္ မိုဗစ္ကို ဆြီဒင္လက္ေ႐ြးစင္အသင္းက ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ျပန္မေခၚခဲ့တာလို႔လည္း သိရပါတယ္။ ဒါေပမယ့္ မိုဗစ္ဟာ ၂၀၁၆ ႏွစိကုန္ပိုင္းကတည္းက လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူခဲ့ေပမယ့္ ႏိုင္ငံ့သင္းအတြက္ လိုအပ္ရင္ ျပန္ကစားေပးမယ္လို႔ ေျပာခဲ့ၿပီးသားပါ။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး မိုဗစ္က ” ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္လုံးမွာ ေလာင္းကစားကုမပဏီေတြနဲ႔ ပတ္သတ္ခဲ့တယ္ဆိုတာ မရွိပါဘူး။ Bethard နဲ႔ပတ္သတ္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ အေနအထားမတူဘူးလို႔ ေျပာရမွပါ။ ဒီကုပမဏီက ဆြီဒင္လူမ်ိဳးေတြနဲ႔ စုဖြဲထားတာပါ။ ဒီအဖြဲ႕အစည္းကို စတင္တည္ေထာင္သူေတြကလည္း ကြၽန္ေတာ့္ဇာတၿမိဳ႕က သူေတြပါ။ သူတို႔ဟာ စီးပြားေရးနယ္ပယ္မွာ စြန႔္စားခ်င္သူေတြျဖစ္ၿပီး ဒါဟာ လုံးဝကြဲျပားပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဇီဖာကထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းေတြအရ ေဘာလုံးသမားတစ္ေယာက္အေနနဲ႔ ေလာင္းကစားျခင္းကို တားျမစ္ထားသလို ေလာင္းကစားကုမပဏီေတြနဲ႔ တိုက္႐ိုက္ ဒါမွမဟုတ္ တဆင့္ခံ ပါဝင္ပတ္သတ္တာမ်ိဳးကိုလည္း ခြင့္မျပဳထားပါဘူး။ သတင္းစာမွာ ေဖာ္ျပခ်က္အရ မိုဗစ္ပိုင္ဆိုင္တဲ့ ကုမပဏီဟာ Bethard မွာ စတုထၳရွယ္ယာအမ်ားဆုံးပိုင္ဆိုင္ထားၿပီး ၂၀၁၉ခုႏွစ္အတြင္း ေငြစာရင္းရွင္းတမ္းေတြအရ အခြန္ေဆာင္ၿပီး အသားတင္ ေပါင္ ၂၅.၇၉သန္း ျမတ္စြန္းခဲ့တယ္လို႔ သိရပါတယ္။