လေသန့်ကိရိယာထုတ်စက်ရုံမှာအလုပ်လုပ်နေရတဲ့ လီဗာပူးရဲ့ တစ်ချိန်က ပါရမီရှင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆာမက်ယီဆဲလ်ဆိုတဲ့အမည်ကိုလီဗာပူးပရိသတ်အများစုကြားဖူးမှာတောင်မဟုတ်ပါဘူး။

ဒါပေမယ့်သူဟာမဝေးသေးတဲ့ကာလတုန်းကလီဗာပူးရဲ့အလားအလာအကောင်းဆုံးပါရမီရှင်တွေထဲကတစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့သူပါ။

အတိအကျပြောရမယ်ဆိုရင်လွန်ခဲ့ငါးနှစ်တုန်းပါ။

ဒါပေမယ့်အခုအခါမှာတော့သူဟာစက်ရုံတစ်ရုံမှာအလုပ်သမားတစ်ဦးအဖြစ်လုပ်ကိုင်ရင်းဘဝကိုရုန်းကန်နေရပါတယ်။

ဂျာမနီပါရမီရှင်ဟောင်းဟာတချိန်တုန်းကသူ့ရဲံဂိုးသွင်းပါရမီပြောင်မြောက်လွန်းမှုကြောင့်ဂျာမနီဂန္ထဝင်တိုက်စစ်မှူးဂတ်မူလာနဲ့တောင်တင်စားခြင်းခံခဲ့ရတဲ့သူဖြစ်ပါတယ်။

သူဟာလူငယ်ကစားသမားဘဝတုန်းက၇၄ပွဲမှာ၅၈ဂိုးအထိသွင်းယူခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၂လေဗာကူအဆင်အသင်းအတွက်စီနီယာပွဲတစ်ပွဲကစားခွင့်ရရှိပြီးနောက်လီဗာပူးသို့ပြောင်းခွင့်ရခဲ့ပါတယ်။

အဲဒီတုန်းကဘရန်ဒန်ရော်ဂျာကိုင်တွယ်နေတဲ့လီဗာပူးဟာသူ့ကိုခေါ်ယူနိုင်ဖို့ပေါင်၁သန်းအထိသုံးစွဲခဲ့ရပါတယ်။

ဒါပေမယ့်သူဟာကံဆိုးချင်တော့သူဟာ၂နှစ်အတွင်းမှာဒူးအရွတ်ဒဏ်ရာ၂နှစ်ကြိမ်တိုင်တိုင်ရရှိပြီးနောက်သူမျှော်မှန်းခဲ့တဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ရေးအိပ်မက်ကလည်းပျက်ပြယ်သွားခဲ့ရပါတယ်။

သူဟာလီဗာပူးမှထွက်ခွာပြီးငါးနှစ်အကြာမှာတော့ဂျာမန်ပဉ္စမတန်းကလပ်တစ်ခုမှာကစားနေရတဲ့အပြင်စက်ရုံတစ်ခုမှာလေသန့်ကိရိယာထုတ်လုပ်ရေးအလုပ်သမားအဖြစ်ကျင်လည်နေရပါတယ်။

ယခုအခါအသက်၂၇နှစ်ရှိပြီဖြစ်တဲ့ဆာမက်ယီဆဲလ်ဟာလီဗာပူးသို့ရောက်ချိန်မှာနာမည်ကျော်ကစားသမားများဖြစ်ကြတဲ့စတီဗင်ဂျရတ်၊လူးဝစ်ဆွာရက်ဇ်တို့နှင့်တွဲခဲ့ရသူလည်းဖြစ်ပါတယ်။

၎င်းက “အိပ်မက်တစ်ခုလိုပါပဲ။သူတို့ကို Playstation မှာ တီဗွီကပြတဲ့ပွဲတွေမှာဘဲတွေ့ခဲ့ဖူးတာပါ”လို့ဆိုသွားပါတယ်။

ဒါပေမယ့်သူဟာ၂၀၁၃နှင့်၂၀၁၄ခုနှစ်တို့မှာဒူးအရွတ်ဒဏ်ရာနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပြီးရက်ပေါင်း၄၅၀ကြာအနားယူခဲ့ရကာလီဗာပူးအတွက်လည်းနောက်ထပ်ကစားခွင့်မရတော့ပါဘူး။

သူဟာ၂၀၁၅ခုနှစ်မှာဆွစ်ဇာလန်ကလပ်လူဇန်သို့အငှားချခြင်းခံခဲ့ရပါတယ်။

သူဟာလူဇန်အတွက်ပထမဆုံးကစားတဲ့ပွဲမှာဂိုးသွင်းနိုင်ခဲ့ပေမယ့်ကလပ်နည်းပြ၊ဥက္ကဌတို့နဲ့အဆင်မပြေမှုကြောင့်ရုန်းကန်ခဲ့ရပါတယ်။

ရာသီအကုန်မှာလီဗာပူးသို့ပြန်လာခဲ့ပေမယ့်ကလပ်ရဲ့စာချုပ်သက်တမ်းတိုးခြင်းမခံခဲ့ရပါဘူး။

သူဟာကလပ်လက်မဲ့အဖြစ်ခြောက်လကျင်လည်ပြီးနောက်ဂရိကလပ်ပါနီယိုနီယိုသို့ပြောင်းခဲ့ပါတယ်။

သူဟာကလပ်အတွက်ပထမရာသီမှာ၃၁ပွဲကစားပြီး၈ဂိုးသွင်းခဲ့ပါတယ်။

ဒါပေမယ့်သူဟာကလပ်မှာဘဏ္ဍာရေးပြဿနာရှိမှုကြောင့်လများစွာလုပ်ခမရဘဲ ထွက်ခဲ့ရပါတယ်။

ဒါပေမယ့်သူဟာသုံးနှစ်အကြာမှာကြွေးကျန်များအတွက်သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၈-၁၉ရာသီမှာဂျာမန်တတိယတန်းကလပ် KFC Uerdingen မှာကစားခဲ့ပြီးယင်းမှတဆင့်တူရကီကလပ်အန်ကာရာဒီမာစပေါ်သို့ပြောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကယီဆဲလ်ဟာဂျာမန်စတုတ္ထတန်းကလပ်ဟွမ်းဘတ်အတွက်၂၂ပွဲကစားကာ၂ဂိုးသွင်းခဲ့ပါတယ်။

ဒီနွေရာသီမှာတော့သူဟာပဉ္စမတန်းကလပ် DJK St.Tonis သို့ပြောင်းခဲ့ပါတယ်။

သူဟာယခုရာသီမှာခြေစွမ်းပြနိုင်ပါကကစားသမားဘဝတစ်ဆင့်ထပ်မြင့်တက်လာမယ်လို့ယုံကြည်နေပါတယ်။

၎င်းက “ပွဲ၃၀သာကစားရရင်၁၅ဂိုးကနေဂိုး၂၀အထိသွင်းနိုင်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။

အဲဒီလိုသာစွမ်းနိုင်ရင်လိဂ်နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ပါမယ်”လို့ပြောကြားသွားခဲ့ပါတယ်။

သူဟာဘောလုံးသမားဘဝနှောင်းပိုင်းမှာကြုံတွေ့လာရမယ့်အခက်အခဲများအတွက်ပြင်ဆင်တဲ့အနေဖြင့်ဘောလုံးကစားနေရင်းစက်ရုံမှာလည်းအလုပ်လုပ်ရင်းငွေရှာဖွေနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေလသန႔္ကိရိယာထုတ္စက္႐ုံမွာအလုပ္လုပ္ေနရတဲ့ လီဗာပူးရဲ႕ တစ္ခ်ိန္က ပါရမီရွင္

ဆာမက္ယီဆဲလ္ဆိုတဲ့အမည္ကိုလီဗာပူးပရိသတ္အမ်ားစုၾကားဖူးမွာေတာင္မဟုတ္ပါဘူး။ဒါေပမယ့္သူဟာမေဝးေသးတဲ့ကာလတုန္းကလီဗာပူးရဲ႕အလားအလာအေကာင္းဆုံးပါရမီရွင္ေတြထဲကတစ္ဦးအျဖစ္ရပ္တည္ခဲ့တဲ့သူပါ။

အတိအက်ေျပာရမယ္ဆိုရင္လြန္ခဲ့ငါးႏွစ္တုန္းပါ။ဒါေပမယ့္အခုအခါမွာေတာ့သူဟာစက္႐ုံတစ္႐ုံမွာအလုပ္သမားတစ္ဦးအျဖစ္လုပ္ကိုင္ရင္းဘဝကို႐ုန္းကန္ေနရပါတယ္။ ဂ်ာမနီပါရမီရွင္ေဟာင္းဟာတခ်ိန္တုန္းကသူ႔ရဲံဂိုးသြင္းပါရမီေျပာင္ေျမာက္လြန္းမႈေၾကာင့္ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉးဂတ္မူလာနဲ႔ေတာင္တင္စားျခင္းခံခဲ့ရတဲ့သူျဖစ္ပါတယ္။

သူဟာလူငယ္ကစားသမားဘဝတုန္းက၇၄ပြဲမွာ၅၈ဂိုးအထိသြင္းယူခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၁၂ေလဗာကူအဆင္အသင္းအတြက္စီနီယာပြဲတစ္ပြဲကစားခြင့္ရရွိၿပီးေနာက္လီဗာပူးသို႔ေျပာင္းခြင့္ရခဲ့ပါတယ္။ အဲဒီတုန္းကဘရန္ဒန္ေရာ္ဂ်ာကိုင္တြယ္ေနတဲ့လီဗာပူးဟာသူ႔ကိုေခၚယူႏိုင္ဖို႔ေပါင္၁သန္းအထိသုံးစြဲခဲ့ရပါတယ္။

ဒါေပမယ့္သူဟာကံဆိုးခ်င္ေတာ့သူဟာ၂ႏွစ္အတြင္းမွာဒူးအ႐ြတ္ဒဏ္ရာ၂ႏွစ္ႀကိမ္တိုင္တိုင္ရရွိၿပီးေနာက္သူေမွ်ာ္မွန္းခဲ့တဲ့ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ေရးအိပ္မက္ကလည္းပ်က္ျပယ္သြားခဲ့ရပါတယ္။

သူဟာလီဗာပူးမွထြက္ခြာၿပီးငါးႏွစ္အၾကာမွာေတာ့ဂ်ာမန္ပၪၥမတန္းကလပ္တစ္ခုမွာကစားေနရတဲ့အျပင္စက္႐ုံတစ္ခုမွာေလသန႔္ကိရိယာထုတ္လုပ္ေရးအလုပ္သမားအျဖစ္က်င္လည္ေနရပါတယ္။

ယခုအခါအသက္၂၇ႏွစ္ရွိၿပီျဖစ္တဲ့ဆာမက္ယီဆဲလ္ဟာလီဗာပူးသို႔ေရာက္ခ်ိန္မွာနာမည္ေက်ာ္ကစားသမားမ်ားျဖစ္ၾကတဲ့စတီဗင္ဂ်ရတ္၊လူးဝစ္ဆြာရက္ဇ္တို႔ႏွင့္တြဲခဲ့ရသူလည္းျဖစ္ပါတယ္။

၎က “အိပ္မက္တစ္ခုလိုပါပဲ။သူတို႔ကို Playstation မွာ တီဗြီကျပတဲ့ပြဲေတြမွာဘဲေတြ႕ခဲ့ဖူးတာပါ”လို႔ဆိုသြားပါတယ္။ ဒါေပမယ့္သူဟာ၂၀၁၃ႏွင့္၂၀၁၄ခုႏွစ္တို႔မွာဒူးအ႐ြတ္ဒဏ္ရာႏွစ္ႀကိမ္တိုင္တိုင္ရရွိခဲ့ၿပီးရက္ေပါင္း၄၅၀ၾကာအနားယူခဲ့ရကာလီဗာပူးအတြက္လည္းေနာက္ထပ္ကစားခြင့္မရေတာ့ပါဘူး။

သူဟာ၂၀၁၅ခုႏွစ္မွာဆြစ္ဇာလန္ကလပ္လူဇန္သို႔အငွားခ်ျခင္းခံခဲ့ရပါတယ္။သူဟာလူဇန္အတြက္ပထမဆုံးကစားတဲ့ပြဲမွာဂိုးသြင္းႏိုင္ခဲ့ေပမယ့္ကလပ္နည္းျပ၊ဥကၠဌတို႔နဲ႔အဆင္မေျပမႈေၾကာင့္႐ုန္းကန္ခဲ့ရပါတယ္။ ရာသီအကုန္မွာလီဗာပူးသို႔ျပန္လာခဲ့ေပမယ့္ကလပ္ရဲ႕စာခ်ဳပ္သက္တမ္းတိုးျခင္းမခံခဲ့ရပါဘူး။

သူဟာကလပ္လက္မဲ့အျဖစ္ေျခာက္လက်င္လည္ၿပီးေနာက္ဂရိကလပ္ပါနီယိုနီယိုသို႔ေျပာင္းခဲ့ပါတယ္။သူဟာကလပ္အတြက္ပထမရာသီမွာ၃၁ပြဲကစားၿပီး၈ဂိုးသြင္းခဲ့ပါတယ္။ဒါေပမယ့္သူဟာကလပ္မွာဘ႑ာေရးျပႆနာရွိမႈေၾကာင့္လမ်ားစြာလုပ္ခမရဘဲ ထြက္ခဲ့ရပါတယ္။ဒါေပမယ့္သူဟာသုံးႏွစ္အၾကာမွာေႂကြးက်န္မ်ားအတြက္သေဘာတူညီမႈရယူႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၁၈-၁၉ရာသီမွာဂ်ာမန္တတိယတန္းကလပ္ KFC Uerdingen မွာကစားခဲ့ၿပီးယင္းမွတဆင့္တူရကီကလပ္အန္ကာရာဒီမာစေပၚသို႔ေျပာင္းခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းကယီဆဲလ္ဟာဂ်ာမန္စတုတၳတန္းကလပ္ဟြမ္းဘတ္အတြက္၂၂ပြဲကစားကာ၂ဂိုးသြင္းခဲ့ပါတယ္။ဒီေႏြရာသီမွာေတာ့သူဟာပၪၥမတန္းကလပ္ DJK St.Tonis သို႔ေျပာင္းခဲ့ပါတယ္။

သူဟာယခုရာသီမွာေျခစြမ္းျပႏိုင္ပါကကစားသမားဘဝတစ္ဆင့္ထပ္ျမင့္တက္လာမယ္လို႔ယုံၾကည္ေနပါတယ္။ ၎က “ပြဲ၃၀သာကစားရရင္၁၅ဂိုးကေနဂိုး၂၀အထိသြင္းႏိုင္မယ္လို႔အျပည့္အဝယုံၾကည္ေနပါတယ္။အဲဒီလိုသာစြမ္းႏိုင္ရင္လိဂ္ေနာက္တစ္ဆင့္သို႔တက္လွမ္းႏိုင္ပါမယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။ သူဟာေဘာလုံးသမားဘဝေႏွာင္းပိုင္းမွာႀကဳံေတြ႕လာရမယ့္အခက္အခဲမ်ားအတြက္ျပင္ဆင္တဲ့အေနျဖင့္ေဘာလုံးကစားေနရင္းစက္႐ုံမွာလည္းအလုပ္လုပ္ရင္းေငြရွာေဖြေနပါတယ္။