လေယာဉ်ထွက်မရလို့ မာဒိုင်ရာမှာ သောင်တင်နေပေမယ့် စိတ်အေးလက်အေးရှိနေတဲ့ ရော်နယ်ဒို

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ခရီးသွားလာရေးကန့်သတ်မှုတွေကြောင့် သူ့ရဲ့ကိုယ်ပိုင်လေယာဉ် ထွက်ခွာလို့မရတာကြောင့် အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းဖို့ နှောင့်နှေးနေရပေမယ့် သူကတော့ အင်စတာဂရမ်မှာ ပင်လယ်ကြီးကို နောက်ခံထားရင်း ကော်ဖီသောက်နေတဲ့ဓာတ်ပုံ တင်ကာ စိတ်အေးလက်အေးရှိနေခဲ့ပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ အားကစားဝတ်စုံဝတ်ဆင်ထားပြီး Ear Phones တပ်ထားကာ Reflections by the sea စာရေးသားကာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ အီတလီအစိုးရက ကလပ်အသင်းတွေကို လေ့ကျင့်ခန်းဆင်းဖို့ ခွင့်ပြုခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းက ပြည်ပရောက်အသင်းသားတွေကို မိခင်ကလပ်နဲ့ ပြန်လည်ပူးပေါင်းဖို့ အသိပေးခဲ့ပါတယ်။

Photo Credit

ရော်နယ်ဒိုအနေနဲ့ လေယာဉ်ထွက်လာမှာကို စောင့်ဆိုင်းနေရပေမယ့် ယနေ့ညမှာ ပေါ်တူဂီနိုင်ငံ၊ မာဒိုင်ရာကျွန်းကနေ အီတလီနိုင်ငံ၊ တူရင်မြို့ကို ထွက်ခွာဖွယ်ရှိနေပါတယ်။ သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ဟာ မက်ဒရစ်မြို့ကနေ ထွက်ခွာဖို့ ၃ကြိမ်တိုင် ကြိုးစားခဲ့ပေမယ့် စပိန်နိုင်ငံရဲ့ခရီးသွားကန့်သတ်မှုစည်းမျဉ်းတွေကြောင့် ရော်နယ်ဒိုကို လာခေါ်ဖို့ အဆင်မပြေဖြစ်ခဲ့ရပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ ငွေကြေးနဲ့ဝယ်ယူလု့ိရတဲ့လေယာဉ်တွေအနက် အရည်အသွေးအကောင်းဆုံးကိုယ်ပိုင်လေယာဉ်ဖြစ်တဲ့ ပေါင်သန်း ၃၀ တန် G650 Gulfstream ကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီလေယာဉ်က ခရီးသည် ၁၈ဦး တင်ဆောင်နိုင်ပြီး ပျံသန်းမှုအမြန်ဆုံးအဖြစ် တစ်နာရီ မိုင်ပေါင်း ၆၁၀ ပျံသန်းနိုင်ပါတယ်။

Photo Credit

ဆက်ဆူအိုလိုအသင်းက လေ့ကျင့်ခန်းဆင်းဖို့ ပထမဆုံးအတည်ပြုတဲ့ စီးရီးအေကလပ်ဖြစ်လာပြီးနောက် ဘိုလော့ဂ်နာ၊ ပါးမားနဲ့ ရိုးမားအသင်းတို့ကလည်း လေ့ကျင့်ခန်းဆင်းဖို့ အတည်ပြုခဲ့ပါတယ်။

Photo Credit

Zawgyi

ေလယာဥ္ထြက္မရလုိ႔ မာဒိုင္ရာမွာ ေသာင္တင္ေနေပမယ့္ စိတ္ေအးလက္ေအးရွိေနတဲ့ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ခရီးသြားလာေရးကန္႔သတ္မႈေတြေၾကာင့္ သူ႕ရဲ႕ကိုယ္ပိုင္ေလယာဥ္ ထြက္ခြာလုိ႔မရတာေၾကာင့္ အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းဖို႔ ေႏွာင့္ေႏွးေနရေပမယ့္ သူကေတာ့ အင္စတာဂရမ္မွာ ပင္လယ္ႀကီးကို ေနာက္ခံထားရင္း ေကာ္ဖီေသာက္ေနတဲ့ဓာတ္ပုံ တင္ကာ စိတ္ေအးလက္ေအးရွိေနခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ အားကစား၀တ္စုံ၀တ္ဆင္ထားၿပီး Ear Phones တပ္ထားကာ Reflections by the sea စာေရးသားကာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ညက အင္စတာဂရမ္မွာ တင္ခဲ့တာျဖစ္ပါတယ္။ အီတလီအစိုးရက ကလပ္အသင္းေတြကို ေလ့က်င့္ခန္းဆင္းဖို႔ ခြင့္ျပဳခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းက ျပည္ပေရာက္အသင္းသားေတြကို မိခင္ကလပ္နဲ႔ ျပန္လည္ပူးေပါင္းဖို႔ အသိေပးခဲ့ပါတယ္။
ေရာ္နယ္ဒိုအေနနဲ႔ ေလယာဥ္ထြက္လာမွာကို ေစာင့္ဆုိင္းေနရေပမယ့္ ယေန႔ညမွာ ေပၚတူဂီႏိုင္ငံ၊ မာဒိုင္ရာကၽြန္းကေန အီတလီႏိုင္ငံ၊ တူရင္ၿမိဳ႕ကို ထြက္ခြာဖြယ္ရွိေနပါတယ္။ သူ႕ရဲ႕ကုိယ္ပုိင္ေလယာဥ္ဟာ မက္ဒရစ္ၿမိဳ႕ကေန ထြက္ခြာဖို႔ ၃ႀကိမ္တုိင္ ႀကိဳးစားခဲ့ေပမယ့္ စပိန္ႏိုင္ငံရဲ႕ခရီးသြားကန္႔သတ္မႈစည္းမ်ဥ္းေတြေၾကာင့္ ေရာ္နယ္ဒိုကို လာေခၚဖို႔ အဆင္မေျပျဖစ္ခဲ့ရပါတယ္။
ေရာ္နယ္ဒုိဟာ ေငြေၾကးနဲ႔၀ယ္ယူလု႔ိရတဲ့ေလယာဥ္ေတြအနက္ အရည္္အေသြးအေကာင္းဆုံးကုိယ္ပုိင္ေလယာဥ္ျဖစ္တဲ့ ေပါင္သန္း ၃၀ တန္ G650 Gulfstream ကို ပိုင္ဆုိင္ထားပါတယ္။ အဲဒီေလယာဥ္က ခရီးသည္ ၁၈ဦး တင္ေဆာင္ႏိုင္ၿပီး ပ်ံသန္းမႈအျမန္ဆုံးအျဖစ္ တစ္နာရီ မိုင္ေပါင္း ၆၁၀ ပ်ံသန္းႏုိင္ပါတယ္။
ဆက္ဆူအိုလိုအသင္းက ေလ့က်င့္ခန္းဆင္းဖို႔ ပထမဆုံးအတည္ျပဳတဲ့ စီးရီးေအကလပ္ျဖစ္လာၿပီးေနာက္ ဘိုေလာ့ဂ္နာ၊ ပါးမားနဲ႔ ႐ိုးမားအသင္းတုိ႔ကလည္း ေလ့က်င့္ခန္းဆင္းဖို႔ အတည္ျပဳခဲ့ပါတယ္။