လေဆိပ်မှာ ဗုံးလှန့်ခဲ့လို့ မိုင်ယာမီသွားမယ့် မက်ဆီ ရဲ့ ခရီးစဉ် နှောင့်နှေးခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဟာ ကိုပါအမေရိက ဗိုလ်ပွဲပြီးကတည်းက အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့မှာ မိသားစုနဲ့အတူရှိနေတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ မက်ဆီ ဟာ ဘောလုံးရာသီသစ်မစမီ မိသားစုနဲ့အတူ အပန်းဖြေအနားယူဖို့အတွက် အမေရိကန်နိုင်ငံက ကမ်းခြေမြို့ဖြစ်တဲ့ မိုင်ယာမီကို သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ လေဆိပ်မှာ ဗုံးလှန့်ခဲ့တာကြောင့် အဲ့ဒီခရီးစဉ်ဟာ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဖြစ်စဉ်ကတော့ အမျိုးသားတယောက်က လေဆိပ်ထဲကတနေရာမှာရှိနေတဲ့ သူ့ရဲ့လက်ဆွဲအိတ်ထဲမှာ ဗုံးတလုံးထားခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲ့ဒီအကြောင်းကိုသိသိချင်းမှာပဲ လေဆိပ် လုံခြုံရေး ရဲတပ်ဖွဲ့က လေယာဉ်ခရီးစဉ်တွေကို အကုန်ပယ်ဖျက်ခဲ့ပြီး လေဆိပ်ထဲက လူတွေကို ဘေးကင်းရာသို့အမြန်ဆုံး ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဗုံးလှန့်တဲ့ကိစ္စကို အဆင်ပြေပြေနဲ့ ဖြေရှင်းနိုင်ခဲ့ပေမဲ့ မက်ဆီ ရဲ့ ခရီးစဉ်အပါအဝင် တခြားခရီးစဉ်တွေကတော့ အတော်လေး ကမောက်ကမဖြစ်ခဲ့ရပါတယ်။

ဗုံးလှန့်ခဲ့တဲ့ အဲဒီ အင်္ဂါနေ့တုန်းက မက်ဆီ နဲ့ သူ့ရဲ့အဖေကိုလည်း လေဆိပ်မှာ တွေ့ခဲ့ရပါတယ်။

လေဆိပ်လုံခြုံရေးတွေက အခြေအနေတွေကို ရှင်းပြပေးနေပုံရပြီး မက်ဆီ ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ကိုလည်း စစ်ဆေးပေးခဲ့တာကို တွေ့ရပါတယ်။

အခုချိန်မှာတော့ လေဆိပ်မှာ အခြေအနေတွေတည်ငြိမ်သွားပြီဖြစ်တဲ့အတွက် မက်ဆီတို့မိသားစု မကြာခင်မှာ မိုင်ယာမီ ကိုထွက်ခွါတော့မယ်လို့ သိရပါတယ်။

ဘာစီလိုနာ နဲ့လည်း စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးဖြစ်တာကြောင့် မက်ဆီ အနေနဲ့ မိသားစုနဲ့အတူ မိုင်ယာမီ မှာ စိတ်အေးလက်အေး အပန်းဖြေအနားယူနိုင်တော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေလဆိပ္မွာ ဗုံးလွန္႔ခဲ့လို႔ မိုင္ယာမီသြားမယ့္ မက္ဆီ ရဲ႕ ခရီးစဥ္ ေႏွာင့္ေႏွးခဲ့ရ

အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီ ဟာ ကိုပါအေမရိက ဗိုလ္ပြဲၿပီးကတည္းက အာဂ်င္တီးနားႏိုင္ငံ ႐ိုဆာရီယိုၿမိဳ႕မွာ မိသားစုနဲ႔အတူရွိေနတာပါ။

ၿပီးခဲ့တဲ့ အဂၤါေန႔မွာေတာ့ မက္ဆီ ဟာ ေဘာလုံးရာသီသစ္မစမီ မိသားစုနဲ႔အတူ အပန္းေျဖအနားယူဖို႔အတြက္ အေမရိကန္ႏိုင္ငံက ကမ္းေျခၿမိဳ႕ျဖစ္တဲ့ မိုင္ယာမီကို သြားေရာက္ဖို႔ စီစဥ္ခဲ့ပါတယ္။

ဒါေပမဲ့ ေလဆိပ္မွာ ဗုံးလွန္႔ခဲ့တာေၾကာင့္ အဲ့ဒီခရီးစဥ္ဟာ ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ ျဖစ္စဥ္ကေတာ့ အမ်ိဳးသားတေယာက္က ေလဆိပ္ထဲကတေနရာမွာရွိေနတဲ့ သူ႔ရဲ႕လက္ဆြဲအိတ္ထဲမွာ ဗုံးတလုံးထားခဲ့တယ္ဆိုၿပီး ေျပာဆိုခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

အဲ့ဒီအေၾကာင္းကိုသိသိခ်င္းမွာပဲ ေလဆိပ္ လုံၿခဳံေရး ရဲတပ္ဖြဲ႕က ေလယာဥ္ခရီးစဥ္ေတြကို အကုန္ပယ္ဖ်က္ခဲ့ၿပီး ေလဆိပ္ထဲက လူေတြကို ေဘးကင္းရာသို႔အျမန္ဆုံး ေ႐ႊ႕ေျပာင္းေပးခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ဟာ ဗုံးလွန္႔တဲ့ကိစၥကို အဆင္ေျပေျပနဲ႔ ေျဖရွင္းႏိုင္ခဲ့ေပမဲ့ မက္ဆီ ရဲ႕ ခရီးစဥ္အပါအဝင္ တျခားခရီးစဥ္ေတြကေတာ့ အေတာ္ေလး ကေမာက္ကမျဖစ္ခဲ့ရပါတယ္။

ဗုံးလွန္႔ခဲ့တဲ့ အဲဒီ အဂၤါေန႔တုန္းက မက္ဆီ နဲ႔ သူ႔ရဲ႕အေဖကိုလည္း ေလဆိပ္မွာ ေတြ႕ခဲ့ရပါတယ္။ ေလဆိပ္လုံၿခဳံေရးေတြက အေျခအေနေတြကို ရွင္းျပေပးေနပုံရၿပီး မက္ဆီ ရဲ႕ ကိုယ္ပိုင္ ဂ်က္ေလယာဥ္ကိုလည္း စစ္ေဆးေပးခဲ့တာကို ေတြ႕ရပါတယ္။

အခုခ်ိန္မွာေတာ့ ေလဆိပ္မွာ အေျခအေနေတြတည္ၿငိမ္သြားၿပီျဖစ္တဲ့အတြက္ မက္ဆီတို႔မိသားစု မၾကာခင္မွာ မိုင္ယာမီ ကိုထြက္ခြါေတာ့မယ္လို႔ သိရပါတယ္။ ဘာစီလိုနာ နဲ႔လည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့ၿပီးျဖစ္တာေၾကာင့္ မက္ဆီ အေနနဲ႔ မိသားစုနဲ႔အတူ မိုင္ယာမီ မွာ စိတ္ေအးလက္ေအး အပန္းေျဖအနားယူႏိုင္ေတာ့မွာပါ။