“လူအများစုက ကျွန်‌ေတာ်တို့ နောက်ထပ် ခြေချော်ဖို့မျှော်လင့်နေကြပါတယ်” _ ကလော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြိုးကြာနီတို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပထမအကျော့ ပွဲစဥ်မှာ ( ၂ -၀ ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လိုက်ဇစ်အသင်းရဲ့ ခံစစ်ပိုင်းအမှားတွေကနေ ရရှိခဲ့တဲ့ မိုဟာမက် ဆာလက် နှင့် ဆာဒီယို မာနေတို့ရဲ့ ဒုတိယပိုင်းမှာ သွင်းဂိုးတွေနဲ့အတူ လီဗာပူးအသင်းဟာ ချန်ပီယ့လိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်‌ေရာက်ဖို့ ပိုမိုနီးစပ်သွားခဲ့ပါတယ်။

ယခု ပွဲစဥ် ရလာဒ် နှင့် စွမ်းဆောင်ရည်က လီဗာပူးအသင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ( ၁၂ ) ပွဲမှာ ( ၃ ) ပွဲသာ အနိုင်ရရှိခဲ့တဲ့ အ‌ြေခအနေကနေ အကောင်းဆုံး နိုးထလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ကတော့ ယခုပွဲစဥ် ရလာဒ်ဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာက အသင်းနဲ့ တွေ့ဆုံရာမှာ ရုန်းကန်ရဖို့မျှော်လင့်နေသူတွေအတွက် ချိန်သားကိုက် တုန့်ပြန်မှုအဖြစ် ယူဆလျက်ရှိပါတယ်။

ယာဂန်ကလော့က BT Sport နဲ့ တွေ့ဆုံရာမှာ “ ဒါက ကျွန်တော်တို့ အလိုရှိတဲ့ ပွဲစဥ် ၊ လိုအပ်နေတဲ့ ရလာဒ်ပါ။ လိုက်ဇစ်က တကယ့် မွန်းစတားပါ။ သူတို့က ကြံ့ခိုင်မှု အသားပေး ကစားဟန်နဲ့ အသင်းအများစုကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဥ်မှာတော့ ကျွန်တော်တို့က ခြွင်းချက်မရှိ ပွဲကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ လိုအပ်နေတဲ့ ရလာဒ်ကို ပိုင်ဆိုင်ခဲ့တယ်လို့ ထင်ပါတယ်။ လက်ရှိအခြေအနေကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပါတယ်” “ ယခုပွဲစဥ်မှာ ကျွန်တော်တို့ အနိုင်ရရှိဖို့ ထိုက်တန်ပါတယ်။ လူအများစုက ကျွန်တော်တို့ ထပ်မံ ခြေချော်ဖို့ စောင့်ဆိုင်းနေကြပေမယ့် သူတို့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့( ၂ )နှစ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ပြဿနာလေးတွေ အနည်းငယ်ရှိနေပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“လူအမ်ားစုက ကြၽန္‌ေတာ္တို႔ ေနာက္ထပ္ ေျခေခ်ာ္ဖို႔ေမွ်ာ္လင့္ေနၾကပါတယ္” _ ကေလာ့

ႀကိဳးၾကာနီတို႔ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္မွာ ( ၂ -၀ ) ရလာဒ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ လိုက္ဇစ္အသင္းရဲ႕ ခံစစ္ပိုင္းအမွားေတြကေန ရရွိခဲ့တဲ့ မိုဟာမက္ ဆာလက္ ႏွင့္ ဆာဒီယို မာေနတို႔ရဲ႕ ဒုတိယပိုင္းမွာ သြင္းဂိုးေတြနဲ႔အတူ လီဗာပူးအသင္းဟာ ခ်န္ပီယ့လိဂ္ ကြာတားဖိုင္နယ္ အဆင့္ကို တက္‌ေရာက္ဖို႔ ပိုမိုနီးစပ္သြားခဲ့ပါတယ္။

ယခု ပြဲစဥ္ ရလာဒ္ ႏွင့္ စြမ္းေဆာင္ရည္က လီဗာပူးအသင္းရဲ႕ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ( ၁၂ ) ပြဲမွာ ( ၃ ) ပြဲသာ အႏိုင္ရရွိခဲ့တဲ့ အ‌ျေခအေနကေန အေကာင္းဆုံး ႏိုးထလာႏိုင္ခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ယာဂန္ကေလာ့ကေတာ့ ယခုပြဲစဥ္ ရလာဒ္ဟာ ဘြန္ဒက္စ္လီဂါ အမွတ္ေပးဇယား အဆင့္ ( ၂ ) ေနရာက အသင္းနဲ႔ ေတြ႕ဆုံရာမွာ ႐ုန္းကန္ရဖို႔ေမွ်ာ္လင့္ေနသူေတြအတြက္ ခ်ိန္သားကိုက္ တုန႔္ျပန္မႈအျဖစ္ ယူဆလ်က္ရွိပါတယ္။

ယာဂန္ကေလာ့က BT Sport နဲ႔ ေတြ႕ဆုံရာမွာ “ ဒါက ကြၽန္ေတာ္တို႔ အလိုရွိတဲ့ ပြဲစဥ္ ၊ လိုအပ္ေနတဲ့ ရလာဒ္ပါ။ လိုက္ဇစ္က တကယ့္ မြန္းစတားပါ။ သူတို႔က ႀကံ့ခိုင္မႈ အသားေပး ကစားဟန္နဲ႔ အသင္းအမ်ားစုကို ဒုကၡေပးႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲစဥ္မွာေတာ့ ကြၽန္ေတာ္တို႔က ႁခြင္းခ်က္မရွိ ပြဲကို အေကာင္းဆုံး ထိန္းခ်ဳပ္ ကစားႏိုင္ခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔ လိုအပ္ေနတဲ့ ရလာဒ္ကို ပိုင္ဆိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ လက္ရွိအေျခအေနကို အေကာင္းဆုံးတုန႔္ျပန္ႏိုင္ခဲ့ပါတယ္” “ ယခုပြဲစဥ္မွာ ကြၽန္ေတာ္တို႔ အႏိုင္ရရွိဖို႔ ထိုက္တန္ပါတယ္။ လူအမ်ားစုက ကြၽန္ေတာ္တို႔ ထပ္မံ ေျခေခ်ာ္ဖို႔ ေစာင့္ဆိုင္းေနၾကေပမယ့္ သူတို႔ ထင္သလို ျဖစ္မလာခဲ့ပါဘူး။ကြၽန္ေတာ္တို႔ဟာ ၿပီးခဲ့တဲ့( ၂ )ႏွစ္မွာ အေကာင္းဆုံး ကစားႏိုင္ခဲ့တယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ျပႆနာေလးေတြ အနည္းငယ္ရွိေနပါတယ္။”