လူသားဆန်တဲ့ ခါဂျာရဲ့ လေးစားဖွယ်လုပ်ရပ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ ဖင်လန်တို့ရဲ့ပွဲမှာတော့ ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်ဟာ ပွဲကစားချိန် ၄၃ မိနစ်မှာ ဘောလုံးရယူနေရင်းနဲ့ ရုတ်တရက်လဲကျကာ သတိလစ်ခဲ့ရပါတယ်။

နှလုံးဖောက်ပြန်တဲ့ အနေအထားကြောင့် အဲရစ်ဆန်ဟာ လဲကျသွားခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလို သတိလစ်ခဲ့ကာ အသက်အန္တရာယ်ဆုံးရှူံးနိုင်တဲ့ အနေအထား အထိ ဖြစ်ခဲ့ပါတယ်။

ဒိုင်လူကြီး ရဲ့ လျင်လျင်မြန်မြန် ဆေးဝန်ထမ်းတွေ ခေါ်ယူမှု၊ အသင်းဖော် ခါဂျာရဲ့ ဉာဏ်ကောင်းပြီး အခြေခံ အသက်ကယ်တင်နည်း လုပ်ဆောင်ပေးမှုတွေကြောင့်အဲရစ်ဆန်အတွက် အများကြီး သက်သာရာ ရခဲ့တာပါ။

မနေ့က ပွဲမှာ ခါဂျာဟာ ဘောလုံးကွင်းထဲမှာ ကပ္ပတိန် အမေရိက ဖြစ်ခဲ့ပါတယ်။

အဲရစ်ဆန်လဲကျသွားခဲ့တဲ့အချိန်မှာ ခါဂျာဟာ အလျင်အမြန်ပဲပြေးလွှားသွားခဲ့ပြီး အသင်းဖော်ရဲ့လျှာကိုဆွဲထုတ်ပေးခဲ့ပါတယ်။

လျှာခေါက်မသွားအောင် ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ပါးစပ်အတွင်းမှာသာ လျှာခေါက်ခဲ့မယ်ဆိုရင် အဲရစ်ဆန်အတွက် ဆိုးကျိုးတွေ ပိုများ လာနိုင်ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ အဲရစ်ဆန်ရဲ့ ပုံတွေ ပြန့်မှာစိုးလို့ ကွင်းထဲမှာ ဆေးကုပေးနေတဲ့ အချိန် ခါဂျာဟာ အသင်းဖော်တွေနဲ့အတူဘေးပတ်လည်မှာမြင်ကွင်းကို ကာပေးခဲ့ပါသေးတယ်။

အဲရစ်ဆန်ရဲ့ အခြေအနေကြောင့် ဝမ်းနည်း တုန်လှုပ်နေတဲ့ ဇနီးဖြစ်သူကိုလည်း ခါဂျာက နှစ်သိမ့်ဖေးမမှုတွေပြုလုပ်ပေးခဲ့ပါတယ်။

ခါဂျာရဲ့ရင့်ကျက်မှုနဲ့ ခေါင်းဆောင်စိတ်ဓါတ်တွေဟာ အရေးကြုံ ချိန် တကယ့်ကို အကူအညီ ဖြစ်စေပါတယ်။

နောက်ပိုင်းမှာ အဲရစ်ဆန်ရဲ့ အခြေအနေသက်သာခဲ့ပြီး ပွဲစဉ်ကိုလည်း ဆက်လက်ကစားခဲ့ကြပါတယ်။

လက်ကျန်မိနစ်တွေကို ဆက်ကစားခဲ့ရာမှာ ဖင်လန်က ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

အနိုင်ဂိုးရချိန်မှာ ဖင်လန်အသင်းဟာ အောင်ပွဲခံမှုလုံးဝမပြုလုပ်ခဲ့ဘဲ ပြိုင်ဘက်အသင်းကို လေးစားမှုပြသခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူသားဆန္တဲ့ ခါဂ်ာရဲ႕ ေလးစားဖြယ္လုပ္ရပ္မ်ား

မေန႔ညက ကစားခဲ့တဲ့ ဒိန္းမတ္နဲ႔ ဖင္လန္တို႔ရဲ႕ပြဲမွာေတာ့ ဒိန္းမတ္ကြင္းလယ္လူအဲရစ္ဆန္ဟာ ပြဲကစားခ်ိန္ ၄၃ မိနစ္မွာ ေဘာလုံးရယူေနရင္းနဲ႔ ႐ုတ္တရက္လဲက်ကာ သတိလစ္ခဲ့ရပါတယ္။ ႏွလုံးေဖာက္ျပန္တဲ့ အေနအထားေၾကာင့္ အဲရစ္ဆန္ဟာ လဲက်သြားခဲ့တာျဖစ္ၿပီး ခ်က္ခ်င္းဆိုသလို သတိလစ္ခဲ့ကာ အသက္အႏၲရာယ္ဆုံးရႉံးႏိုင္တဲ့ အေနအထား အထိ ျဖစ္ခဲ့ပါတယ္။

ဒိုင္လူႀကီး ရဲ႕ လ်င္လ်င္ျမန္ျမန္ ေဆးဝန္ထမ္းေတြ ေခၚယူမႈ၊ အသင္းေဖာ္ ခါဂ်ာရဲ႕ ဉာဏ္ေကာင္းၿပီး အေျခခံ အသက္ကယ္တင္နည္း လုပ္ေဆာင္ေပးမႈေတြေၾကာင့္အဲရစ္ဆန္အတြက္ အမ်ားႀကီး သက္သာရာ ရခဲ့တာပါ။ မေန႔က ပြဲမွာ ခါဂ်ာဟာ ေဘာလုံးကြင္းထဲမွာ ကပၸတိန္ အေမရိက ျဖစ္ခဲ့ပါတယ္။ အဲရစ္ဆန္လဲက်သြားခဲ့တဲ့အခ်ိန္မွာ ခါဂ်ာဟာ အလ်င္အျမန္ပဲေျပးလႊားသြားခဲ့ၿပီး အသင္းေဖာ္ရဲ႕လွ်ာကိုဆြဲထုတ္ေပးခဲ့ပါတယ္။ လွ်ာေခါက္မသြားေအာင္ ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး ပါးစပ္အတြင္းမွာသာ လွ်ာေခါက္ခဲ့မယ္ဆိုရင္ အဲရစ္ဆန္အတြက္ ဆိုးက်ိဳးေတြ ပိုမ်ား လာႏိုင္ပါတယ္။

လူမႈကြန္ရက္ေတြေပၚမွာ အဲရစ္ဆန္ရဲ႕ ပုံေတြ ျပန႔္မွာစိုးလို႔ ကြင္းထဲမွာ ေဆးကုေပးေနတဲ့ အခ်ိန္ ခါဂ်ာဟာ အသင္းေဖာ္ေတြနဲ႔အတူေဘးပတ္လည္မွာျမင္ကြင္းကို ကာေပးခဲ့ပါေသးတယ္။ အဲရစ္ဆန္ရဲ႕ အေျခအေနေၾကာင့္ ဝမ္းနည္း တုန္လႈပ္ေနတဲ့ ဇနီးျဖစ္သူကိုလည္း ခါဂ်ာက ႏွစ္သိမ့္ေဖးမမႈေတြျပဳလုပ္ေပးခဲ့ပါတယ္။ ခါဂ်ာရဲ႕ရင့္က်က္မႈနဲ႔ ေခါင္းေဆာင္စိတ္ဓါတ္ေတြဟာ အေရးႀကဳံ ခ်ိန္ တကယ့္ကို အကူအညီ ျဖစ္ေစပါတယ္။

​ေနာက္ပိုင္းမွာ အဲရစ္ဆန္ရဲ႕ ​အ​ေျခအ​ေန​သက္သာခဲ့ၿပီး ပြဲစဥ္ကိုလည္း ဆက္လက္ကစားခဲ့ၾကပါတယ္။ လက္က်န္မိနစ္ေတြကို ဆက္ကစားခဲ့ရာမွာ ဖင္လန္က ၁-၀ နဲ႔ အႏိုင္ရခဲ့ပါတယ္။ အႏိုင္ဂိုးရခ်ိန္မွာ ဖင္လန္အသင္းဟာ ေအာင္ပြဲခံမႈလုံးဝမျပဳလုပ္ခဲ့ဘဲ ၿပိဳင္ဘက္အသင္းကို ေလးစားမႈျပသခဲ့ပါတယ္။