

နိုင်ပွဲသိပ်မများဘဲ ရှုံးပွဲများနေတဲ့ ယူနိုက်တက်နည်းပြဆိုးလ်ရှားကို ပရိသတ်တွေက မုန်းတီးလာနေကြပါပြီ။ အသင်းငယ်တွေနဲ့ကန်တဲ့ပွဲအချို့မှာလည်း ရလဒ်မကောင်းခဲ့သလို၊ အသင်းကြီးတွေနဲ့ကန်တဲ့ပွဲအချို့မှာလည်း အားရစရာမကောင်းဖြစ်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရက်က ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာဆိုရင် မိမိရဲ့အိမ်ကွင်းမှာကန်တာဖြစ်ခဲ့ပေမယ့် မျက်နှာပန်းမလှဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာပိုပြီးမျက်နှာပျက်စရာ ဖြစ်ခဲ့ တာကတော့ ပထမပိုင်းမှာတင်မန်စီးတီးဘက်က ယူနိုက်တက်ဘက်ကို အနိုင်ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ် အပြီးမှာတော့ ယူနိုက်တက်ပရိသတ်တို့အတော်ကို ဒေါသထွက်ခဲ့ကြပါတယ်။ ဒီလိုဒေါသတွေကို ပွင့်အန်ထွက်တဲ့နေရာကတော့ လူမှုကွန်ရက်မှာပါ။ ယူနိုက်တက်ပရိသတ်တွေဟာ တွစ်တာပေါ်မှာ အိုလီအောက် ဆိုတဲ့စာသားတွေကိုရေးသားရင်း ဆန္ဒတွေပြနေကြပါတယ်။ အခုခေတ်မှာ မိမိတို့ရဲ့မကျေနပ်ချက်တွေကို လေလှိုင်းကပဲ ဖော်ထုတ်နိုင်နေပြီဖြစ်တာကြောင့် ဒေါသထွက်နေတဲ့သူ အချင်းချင်း ဒါမှမဟုတ်မိမိလို ဆန္ဒဖော်ထုတ်ချင်တဲ့သူအချင်းချင်းပူးပေါင်းပြီး ကမ်ပိန်းသဘောမျိုးနဲ့လည်း ဆန္ဒထုတ်ဖော်လို့ရနေပါတယ်။ ယူနိုက်တက်အိမ်ကွင်းအိုးထရပ်ဖို့ဒ်မှာ မန်စီးတီးကို 1-3 ဆိုတဲ့ရလဒ်နဲ့ ရှုံးချိန်မှာ ပရိသတ်တွေဟာ 11,522 အကြိမ်အထိ တွစ်တာပေါ်မှာ #OleOut ဆိုတဲ့ စာသားကို ရေးသားခဲ့ကြပါတယ်။ စစ်တမ်းတွေအရဆိုရင်တော့ စာသားတွေဟာ 4.3 စက္ကန့်ကိုတစ်ကြိမ်နှုန်းနဲ့ တွစ်တာပေါ်မှာပျံ့နံှ့ခဲ့ တာဖြစ်ပါတယ်။

အကြိမ်အရေအတွက်နဲ့ ပရိသတ်အင်အားကတော့တိုက်ရိုက်အချိုးမကျပါဘူး။ အချို့ပရိသတ်တွေက ဒေါသထွက်လွန်းလို့တာ ခဏခဏစာရေးသားဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ဆန်းစစ်လေ့လာချက်များအရ ဆန္ဒပြတဲ့ 11,522 ကြိမ်မှာ ဆန္ဒ ပြခဲ့ ကြသူ တွေရဲ့ account က 8,182 ခုသာ ရှိနေ ခဲ့တယ်လို့ဆိုပါတယ်။
စစ်တမ်း တွေကို ဆက်လက် စစ်ဆေး ကြည့်ရာ မှာတော့ ဆန္ဒ ထုတ်ဖော် သူတွေ အနက် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့မှာ ရှိနေ ခဲ့တဲ့ ပရိသတ် တစ်ဦး က အိုလီအောက် ဆိုတဲ့ စာသား ကို 58 ကြိမ် အထိ ရေးသား ပေါက်ကွဲ ခဲ့တယ်လို့သိရပါတယ်။ ဥရောပဘက်က ပရိသတ် တစ်ယောက်ကတော့ 41 ကြိမ် အထိ ဆန္ဒ ထုတ်ဖော် ခဲ့ ပါတယ် ။ဒါ့အပြင် တစ်ယောက်တည်းနဲ့ 37 ကြိမ် ၊ 36 ကြိမ် ၊ 34 ကြိမ် ၊ 25 နဲ့ 24 ကြိမ် အထိ ဆန္ဒ ထုတ်ဖော် ခဲ့ကြ သူတွေ လည်း ရှိခဲ့ ကြ ပါတယ် ။ လူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ဝေဖန်တဲ့ကိစ္စတွေ ကိုပြန်လည်သုံးသပ်ပြောဆိုတဲ့သူတွေကလည်းရှိစမြဲပါ။ အခုဆန္ဒပြတဲ့ကိစ္စမှာလည်း ဝေဖန်သုံးသပ်သူဦးရေ က2သောင်း7ထောင်ကျော်ရှိပါတယ်။ ဟော့ဖြစ်တဲ့ကိစ္စတွေကို လူမှုကွန်ရက်သုံးသူတွေက like ပေးကြမ်းကြပါတယ်။ အခုလည်း ဆန္ဒပြစာသားကို like ပေးတဲ့ဦးရေက တစ်သိန်းနှစ်သောင်းကျော်ရှိပါတယ်။

ဆန္ဒပြရေးသားတဲ့စာသားတွေထဲမှာ “ ဒေးဗစ် မိုယက်စ် တစ်ယောက်တောင် 53 ပွဲကိုင်တွယ်ခဲ့တဲ့အချိန်မှာ 15 ပွဲပဲရှုံးခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ 38ပွဲကိုင်တွယ်ပြီးချိန်မှာ 16 ပွဲအထိရှုံးနိမ့်နေပါပြီ။ အိုလီအောက်”ဆိုတဲ့ စာသားလည်းပါပါတယ်။ အဲဒီစာသားကိုအတော်များများကကြိုက်နှစ်သက်ခဲ့ကြပြီး like ပေးတဲ့ဦးရေဟာ 4ထောင်ကျော်ရှိပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့အချို့လုပ်ရပ်တွေကလည်း ဝေဖန်သုံးသပ်သူတွေကို ပိုပြီးဒေါသထွက်စေခဲ့ပါတယ်။ အသင်းရလဒ်မကောင်းတဲ့အချိန်မှာ အင်တာဗျူးဖြေဆိုပုံတွေဟာ ပိုလို့ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ မျက်နှာမကောင်းတဲ့ပုံစံနဲ့အင်တာဗျူးဖြေသင့်ပေမယ့် ပြုံးပျော်ရွှင်မြူးနေတဲ့ပုံစံနဲ့ စကားတွေပြောဆိုနေခဲ့တာကြောင့် အထင်လွဲစရာတွေဖြစ်ခဲ့ပါတယ်။

တစ်ချို့ကတော့ ဆိုးလ်ရှားတင်မကဘူး။ဘုတ်အဖွဲ့ကိုလည်း ဆန္ဒပြဖို့လှုံ့ဆော်ကြပါတယ်။ အနောက်နိုင်ငံမှာတော့ တွစ်တာကလူသုံးများတာကြောင့်အဲဒီပေါ်မှာဆန္ဒပြကြပြီး၊အချို့နိုင်ငံတွေမှာတော့ အခြားလူမှုကွန်ရက်စနစ်တွေပေါ်မှာ ဒေါသတကြီးနဲ့စာသားတွေရေးသားကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဖေ့ဘုတ်ပေါ်မှာ နည်းပြဆိုးလ်ရှားကိုပြစ်တင်ဝေဖန်တာတွေမြင်တွေ့နိုင်ပါတယ်။ ဆက်လက်ပြီး တော့သာနည်းပြဆိုးလ်ရှားတစ်ယောက်ယူနိုက်တက်အတွက် ရလဒ်ဆိုးတွေကိုသာ ပေးနိုင်နေမယ်ဆိုရင် သူ့အတွက်နည်းပြထိုင်ခုံရှိတော့မှာမဟုတ်ပါဘူး။ အခုလောလောဆယ်ဖိအားတွေကြုံနေရတဲ့ နည်းပြဆိုးလ်ရှား ရှေ့ဆက်ယူနိုက်တက်အတွက်ဘယ်လိုရလဒ်တွေဖော်ဆောင်ပေးမလဲဆိုတာစောင့်ကြည့်ကြရပါမယ်။

(Zawgyi Version)
လူမႈကြန္ရက္ေပၚမွာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကို ပရိသတ္ေတြ ဆႏၵျပေနၾက
ႏိုင္ပြဲသိပ္မမ်ားဘဲ ရႈံးပြဲမ်ားေနတဲ့ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကို ပရိသတ္ေတြက မုန္းတီးလာေနၾကပါၿပီ။ အသင္းငယ္ေတြနဲ႔ကန္တဲ့ပြဲအခ်ဳိ႕မွာလည္း ရလဒ္မေကာင္းခဲ့သလုိ၊ အသင္းႀကီးေတြနဲ႔ကန္တ့ဲပြဲအခ်ဳိ႕မွာလည္း အားရစရာမေကာင္းျဖစ္ေနပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ရက္က ယွဥ္ၿပိဳင္ခဲ့တဲ့ မန္စီးတီးနဲ႔ပြဲစဥ္မွာဆိုရင္ မိမိရဲ႕အိမ္ကြင္းမွာကန္တာျဖစ္ခဲ့ေပမယ့္ မ်က္ႏွာပန္းမလွျဖစ္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာပိုၿပီးမ်က္ႏွာပ်က္စရာျဖစ္ခဲ့ တာကေတာ့ ပထမပိုင္းမွာတင္မန္စီးတီးဘက္က ယူႏိုက္တက္ဘက္ကို အႏိုင္ဂိုးေတြသြင္းယူခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာဒါဘီပြဲစဥ္ အၿပီးမွာေတာ့ ယူႏိုက္တက္ပရိသတ္တို႔အေတာ္ကို ေဒါသထြက္ခဲ့ၾကပါတယ္။ ဒီလုိေဒါသေတြကို ပြင့္အန္ထြက္တဲ့ေနရာကေတာ့ လူမႈကြန္ရက္မွာပါ။ ယူႏိုက္တက္ပရိသတ္ေတြဟာ တြစ္တာေပၚမွာ အိုလီေအာက္ ဆိုတဲ့စာသားေတြကိုေရးသားရင္း ဆႏၵေတြျပေနၾကပါတယ္။ အခုေခတ္မွာ မိမိတို႔ရဲ႕မေက်နပ္ခ်က္ေတြကို ေလလိႈင္းကပဲ ေဖာ္ထုတ္ႏိုင္ေနၿပီျဖစ္တာေၾကာင့္ ေဒါသထြက္ေနတဲ့သူ အခ်င္းခ်င္း ဒါမွမဟုတ္မိမိလို ဆႏၵေဖာ္ထုတ္ခ်င္တဲ့သူအခ်င္းခ်င္းပူးေပါင္းၿပီး ကမ္ပိန္းသေဘာမ်ဳိးနဲ႔လည္း ဆႏၵထုတ္ေဖာ္လို႔ရေနပါတယ္။ ယူႏိုက္တက္အိမ္ကြင္းအိုးထရပ္ဖို႔ဒ္မွာ မန္စီးတီးကို 1-3 ဆိုတဲ့ရလဒ္နဲ႔ ရႈံးခ်ိန္မွာ ပရိသတ္ေတြဟာ 11,522 အႀကိမ္အထိ တြစ္တာေပၚမွာ #OleOut ဆိုတဲ့ စာသားကို ေရးသားခဲ့ၾကပါတယ္။ စစ္တမ္းေတြအရဆိုရင္ေတာ့ စာသားေတြဟာ 4.3 စကၠန္႔ကိုတစ္ႀကိမ္ႏႈန္းနဲ႔ တြစ္တာေပၚမွာပ်ံ႕ႏံွ႕ခဲ့ တာျဖစ္ပါတယ္။
အႀကိမ္အေရအတြက္နဲ႔ ပရိသတ္အင္အားကေတာ့တိုက္ရိုက္အခ်ဳိးမက်ပါဘူး။ အခ်ဳိ႕ပရိသတ္ေတြက ေဒါသထြက္လြန္းလုိ႔တာ ခဏခဏစာေရးသားဆႏၵထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။ ဆန္းစစ္ေလ့လာခ်က္မ်ားအရ ဆႏၵျပတဲ့ 11,522 ႀကိမ္မွာ ဆႏၵ ျပခဲ့ ၾကသူ ေတြရဲ႕ account က 8,182 ခုသာ ရွိေန ခဲ့တယ္လုိ႔ဆိုပါတယ္။
စစ္တမ္း ေတြကို ဆက္လက္ စစ္ေဆး ၾကည့္ရာ မွာေတာ့ ဆႏၵ ထုတ္ေဖာ္ သူေတြ အနက္ အင္ဒိုနီးရွား ႏိုင္ငံ ဂ်ကာတာ ၿမိဳ႕မွာ ရွိေန ခဲ့တဲ့ ပရိသတ္ တစ္ဦး က အိုလီေအာက္ ဆိုတဲ့ စာသား ကို 58 ႀကိမ္ အထိ ေရးသား ေပါက္ကြဲ ခဲ့တယ္လို႔သိရပါတယ္။ ဥေရာပဘက္က ပရိသတ္ တစ္ေယာက္ကေတာ့ 41 ႀကိမ္ အထိ ဆႏၵ ထုတ္ေဖာ္ ခဲ့ ပါတယ္ ။ဒါ့အျပင္ တစ္ေယာက္တည္းနဲ႔ 37 ႀကိမ္ ၊ 36 ႀကိမ္ ၊ 34 ႀကိမ္ ၊ 25 နဲ႔ 24 ႀကိမ္ အထိ ဆႏၵ ထုတ္ေဖာ္ ခဲ့ၾက သူေတြ လည္း ရွိခဲ့ ၾက ပါတယ္ ။ လူမႈကြန္ရက္ေပၚမွာ ျပစ္တင္ေ၀ဖန္တဲ့ကိစၥေတြ ကိုျပန္လည္သုံးသပ္ေျပာဆိုတဲ့သူေတြကလည္းရိွစၿမဲပါ။ အခုဆႏၵျပတဲ့ကိစၥမွာလည္း ေ၀ဖန္သုံးသပ္သူဦးေရ က2ေသာင္း7ေထာင္ေက်ာ္ရိွပါတယ္။ ေဟာ့ျဖစ္တဲ့ကိစၥေတြကို လူမႈကြန္ရက္သုံးသူေတြက like ေပးၾကမ္းၾကပါတယ္။ အခုလည္း ဆႏၵျပစာသားကုိ like ေပးတဲ့ဦးေရက တစ္သိန္းႏွစ္ေသာင္းေက်ာ္ရိွပါတယ္။
ဆႏၵျပေရးသားတဲ့စာသားေတြထဲမွာ “ ေဒးဗစ္ မိုယက္စ္ တစ္ေယာက္ေတာင္ 53 ပြဲကိုင္တြယ္ခဲ့တဲ့အခ်ိန္မွာ 15 ပြဲပဲရႈံးခဲ့ပါတယ္။ ဆုိးလ္ရွားကေတာ့ 38ပြဲကိုင္တြယ္ၿပီးခ်ိန္မွာ 16 ပြဲအထိရႈံးနိမ့္ေနပါၿပီ။ အိုလီေအာက္”ဆိုတဲ့ စာသားလည္းပါပါတယ္။ အဲဒီစာသားကိုအေတာ္မ်ားမ်ားကႀကိဳက္ႏွစ္သက္ခဲ့ၾကၿပီး like ေပးတဲ့ဦးေရဟာ 4ေထာင္ေက်ာ္ရိွပါတယ္။ ယူႏိုက္တက္နည္းျပဆိုးလ္ရွားရဲ႕အခ်ဳိ႕လုပ္ရပ္ေတြကလည္း ေ၀ဖန္သုံးသပ္သူေတြကို ပိုၿပီးေဒါသထြက္ေစခဲ့ပါတယ္။ အသင္းရလဒ္မေကာင္းတဲ့အခ်ိန္မွာ အင္တာဗ်ဴးေျဖဆိုပုံေတြဟာ ပိုလို႔ေ၀ဖန္စရာျဖစ္ခဲ့ပါတယ္။ မ်က္ႏွာမေကာင္းတဲ့ပုံစံနဲ႔အင္တာဗ်ဴးေျဖသင့္ေပမယ့္ ၿပံဳးေပ်ာ္ရႊင္ျမဴးေနတဲ့ပုံစံနဲ႔ စကားေတြေျပာဆိုေနခဲ့တာေၾကာင့္ အထင္လြဲစရာေတြျဖစ္ခဲ့ပါတယ္။
တစ္ခ်ဳိ႕ကေတာ့ ဆိုးလ္ရွားတင္မကဘူး။ဘုတ္အဖြဲ႕ကိုလည္း ဆႏၵျပဖို႔လႈံ႕ေဆာ္ၾကပါတယ္။ အေနာက္ႏိုင္ငံမွာေတာ့ တြစ္တာကလူသုံးမ်ားတာေၾကာင့္အဲဒီေပၚမွာဆႏၵျပၾကၿပီး၊အခ်ဳိ႕ႏိုင္ငံေတြမွာေတာ့ အျခားလူမႈကြန္ရက္စနစ္ေတြေပၚမွာ ေဒါသတႀကီးနဲ႔စာသားေတြေရးသားၾကပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ေဖ့ဘုတ္ေပၚမွာ နည္းျပဆိုးလ္ရွားကိုျပစ္တင္ေ၀ဖန္တာေတြျမင္ေတြ႕ႏိုင္ပါတယ္။ ဆက္လက္ၿပီးေတာ့သာနည္းျပဆုိးလ္ရွားတစ္ေယာက္ယူႏိုက္တက္အတြက္ ရလဒ္ဆိုးေတြကိုသာ ေပးႏိုင္ေနမယ္ဆိုရင္ သူ႔အတြက္နည္းျပထုိင္ခုံရိွေတာ့မွာမဟုတ္ပါဘူး။ အခုေလာေလာဆယ္ဖိအားေတြႀကဳံေနရတဲ့ နည္းျပဆိုးလ္ရွား ေရွ႕ဆက္ယူႏိုက္တက္အတြက္ဘယ္လိုရလဒ္ေတြေဖာ္ေဆာင္ေပးမလဲဆိုတာေစာင့္ၾကည့္ၾကရပါမယ္။