လူမျိုးရေးခွဲခြားမှုနဲ့ ထပ်ပြီးရင်ဆိုင်နေရတဲ့ ယူနိုက်တက်နောက်ခံလူ တွမ်ဇီဘီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နောက်ခံလူ တွမ်ဇီဘီဟာ အဲဗာတန်နဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူမျိုးရေးခွဲခြားမှုနဲ့ ထပ်ပြီးရင်ဆိုင်နေရပါပြီ။ အဲဗာတန်နဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ (၂-ဝ)ဂိုး၊ (၃-၂)ဂိုးတွေနဲ့ (၂)ကြိမ်တိုင်တိုင်ဦးဆောင်ခဲ့ပြီးမှ နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ပြစ်ဒဏ်ဘောကနေ အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က ချေပဂိုးသွင်းယူခဲ့တာကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။

အဲဒီပွဲမှာ နောက်ခံလူ တွမ်ဇီဘီဟာ ယူနိုက်တက်အသင်း (၃-၂)ဂိုးနဲ့ ဦးဆောင်နေချိန် နာကျင်အချိန်ပို (၉၃)မိနစ်မှာလူစားဝင်ကစားခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ ကိုယ့်အသင်းဧရိယာဘက်ခြမ်းမှာ ပြိုင်ဘက်ကစားသမား ဂျိုရှူအာကင်းကို Foul လုပ်ခဲ့တာကြောင့် ပေးလိုက်ရတဲ့ ပြစ်ဒဏ်ဘောကနေ အဲဗာတန်အသင်း ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ ဒေါသက တွမ်ဇီဘီအပေါ် စုပုံကျရောက်ခဲ့ပြီး ပရိသတ်တချို့က သူ့ရဲ့ Instagram Account မှာ လူမျိုးရေးခွဲခြားမှုတွေ ရေးသားခဲ့ကြတာပါ။ တွမ်ဇီဘီအနေနဲ့ (၁၀)ရက်အတွင်းမှာပဲ လူမျိုးရေးခွဲခြားမှုနဲ့ ဒုတိယအကြိမ်မြောက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ(၂-၁)ဂိုးနဲ့ရှုံးခဲ့တုန်းကလည်း ဒုတိယဂိုးက သူနဲ့ဘောလုံးထိ လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့လို့ ပွဲအပြီးမှာ လူမျိုးရေးခွဲခြားခံခဲ့ရပါသေးတယ်။

ယူနိုက်တက်ကစားသမားတွေထဲမှာ တွမ်ဇီဘီသာမကဘဲ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်တို့ဟာလည်း ရှက်ဖီးယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်တွေအတွက် ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ ကြေငြာထားပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရဲတပ်ဖွဲ့ကို အားပေးထောက်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ လူမျိုးရေးခွဲခြားတဲ့အပြုအမူကို ဆန့်ကျင်တဲ့ Campaign တွေ လုပ်နေပေမယ့် လျော့ကျသွားတာမျိုး မရှိသေးဘဲ လူမှုကွန်ရက်တွေမှာ ရေးသားနေကြဆဲဖြစ်ပြီး ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါဟာလည်း လူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။

Instagram အပါအဝင်လူမှုကွန်ရက်စာမျက်နှာတွေမှာ “မျောက်”ပုံစံ Emoji တွေပါဝင်နေပြီး အဲဒါနဲ့ပတ်သက်လို့ ကစားသမားအတော်များများက ကန့်ကွက်ကြပေမယ့် အဲဒီ Emoji က ကုမ္ပဏီရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ရာ မကျဘူးလို့သတ်မှတ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ကစားသမားတွေကတော့ အဲဒီကိစ္စအပေါ် မကျေမနပ်ဖြစ်နေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူမ်ိဳးေရးခြဲျခားမႈနဲ႔ ထပ္ၿပီးရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္ေနာက္ခံလူ တြမ္ဇီဘီ

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ တြမ္ဇီဘီဟာ အဲဗာတန္နဲ႔(၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ လူမ်ိဳးေရးခြဲျခားမႈနဲ႔ ထပ္ၿပီးရင္ဆိုင္ေနရပါၿပီ။ အဲဗာတန္နဲ႔ပြဲမွာ ယူႏိုက္တက္အသင္းဟာ (၂-ဝ)ဂိုး၊ (၃-၂)ဂိုးေတြနဲ႔ (၂)ႀကိမ္တိုင္တိုင္ဦးေဆာင္ခဲ့ၿပီးမွ ေနာက္ဆုံးမိနစ္မွာ ေပးလိုက္ရတဲ့ျပစ္ဒဏ္ေဘာကေန အဲဗာတန္တိုက္စစ္မႉး ကယ္လ္ဗတ္လူဝင္က ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ အိမ္ကြင္းမွာ သေရတစ္မွတ္နဲ႔သာေက်နပ္ခဲ့ရပါတယ္။ အဲဒီပြဲမွာ ေနာက္ခံလူ တြမ္ဇီဘီဟာ ယူႏိုက္တက္အသင္း (၃-၂)ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္ နာက်င္အခ်ိန္ပို (၉၃)မိနစ္မွာလူစားဝင္ကစားခဲ့ၿပီး မိနစ္ပိုင္းအၾကာမွာပဲ ကိုယ့္အသင္းဧရိယာဘက္ျခမ္းမွာ ၿပိဳင္ဘက္ကစားသမား ဂ်ိဳရႉအာကင္းကို Foul လုပ္ခဲ့တာေၾကာင့္ ေပးလိုက္ရတဲ့ ျပစ္ဒဏ္ေဘာကေန အဲဗာတန္အသင္း ေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ေဒါသက တြမ္ဇီဘီအေပၚ စုပုံက်ေရာက္ခဲ့ၿပီး ပရိသတ္တခ်ိဳ႕က သူ႔ရဲ႕ Instagram Account မွာ လူမ်ိဳးေရးခြဲျခားမႈေတြ ေရးသားခဲ့ၾကတာပါ။ တြမ္ဇီဘီအေနနဲ႔ (၁၀)ရက္အတြင္းမွာပဲ လူမ်ိဳးေရးခြဲျခားမႈနဲ႔ ဒုတိယအႀကိမ္ေျမာက္ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ရွက္ဖီးယူႏိုက္တက္ကို အိမ္ကြင္းမွာ(၂-၁)ဂိုးနဲ႔ရႈံးခဲ့တုန္းကလည္း ဒုတိယဂိုးက သူနဲ႔ေဘာလုံးထိ လမ္းေၾကာင္းေျပာင္းဂိုးဝင္ခဲ့လို႔ ပြဲအၿပီးမွာ လူမ်ိဳးေရးခြဲျခားခံခဲ့ရပါေသးတယ္။ ယူႏိုက္တက္ကစားသမားေတြထဲမွာ တြမ္ဇီဘီသာမကဘဲ ရပ္ရွ္ဖို႔ဒ္၊ မာစီယဲလ္တို႔ဟာလည္း ရွက္ဖီးယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ပြဲအၿပီးမွာ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ အဲဒီအျဖစ္အပ်က္ေတြအတြက္ ဂရိတ္မန္ခ်က္စတာရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြလုပ္မယ္လို႔ ေၾကျငာထားၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ရဲတပ္ဖြဲ႕ကို အားေပးေထာက္ခံခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ လူမ်ိဳးေရးခြဲျခားတဲ့အျပဳအမူကို ဆန႔္က်င္တဲ့ Campaign ေတြ လုပ္ေနေပမယ့္ ေလ်ာ့က်သြားတာမ်ိဳး မရွိေသးဘဲ လူမႈကြန္ရက္ေတြမွာ ေရးသားေနၾကဆဲျဖစ္ၿပီး ခ်ယ္လ္ဆီးေနာက္ခံလူ ႐ူဒီဂါဟာလည္း လူမ်ိဳးေရးခြဲျခားခံခဲ့ရပါတယ္။ Instagram အပါအဝင္လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ “ေမ်ာက္”ပုံစံ Emoji ေတြပါဝင္ေနၿပီး အဲဒါနဲ႔ပတ္သက္လို႔ ကစားသမားအေတာ္မ်ားမ်ားက ကန႔္ကြက္ၾကေပမယ့္ အဲဒီ Emoji က ကုမၸဏီရဲ႕စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ရာ မက်ဘူးလို႔သတ္မွတ္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ကစားသမားေတြကေတာ့ အဲဒီကိစၥအေပၚ မေက်မနပ္ျဖစ္ေနတာလည္းျဖစ္ပါတယ္။