လူမ်ိဳးေရးခြဲျခားမႈကို ျပင္းထန္စြာတု႔ံျပန္ဖုိ႔ တြစ္တာနဲ႔ အင္စတာဂရမ္တုိ႔ကို ယူႏုိက္တက္ၾကယ္ပြင့္ေတြ ေတာင္းဆုိ

Photo Credit

Photo Credit ; EPA

ယူႏုိက္တက္ၾကယ္ပြင့္ ေပါလ္ေပါ့ဂ္ဘာတစ္ေယာက္ လူမႈမီဒီယာမွာ လူမ်ိဳးေရးခြဲျခားခံခ့ဲရၿပီးေနာက္ ယူႏုိက္တက္အသင္းသားေတြက လူမႈမီဒီယာေတြျဖစ္တဲ့ တြစ္တာနဲ႔ အင္တာစရမ္တို႔ကို ဒီထက္ပိုမိုျပင္းထန္စြာတု႔ံျပန္ဖုိ႔ တုိက္တြန္းေတာင္းဆိုလုိက္ပါတယ္။

Photo Credit ; Getty Images

ျပင္သစ္ႏိုင္ငံသား ေပါ့ဂ္ဘာဟာ တနလၤာညက ၀ူလ္ဗာဟမ္တန္နဲ႔ ၁-၁ ဂိုးသေရက်ေနခ်ိန္ ရရွိလာတဲ့ပင္နယ္တီကို ကန္သြင္းခဲ့ရာမွာ အိမ္ရွင္ဂိုးသမား ပုတ္ထုတ္ခဲ့ၿပီး အသင္းလည္း ႏိုင္ပြဲေပ်ာက္ခဲ့ရၿပီးေနာက္ အဂၤါေန႔အေစာပိုင္းမွာ အခုလိုလူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ ရင္ဆုိင္ခဲ့ရတာပါ။

Photo Credit ; PA

ဒါေပမဲ့ ယူႏုိက္တက္အသင္းေဖာ္ေတြကေတာ့ ေပါ့ဂ္ဘာကို လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ပတ္သက္လုိ႔ ျပင္းထန္စြာတု႔ံျပန္သြားခဲ့ၿပီး အဲဒီမွာ ေပါင္သန္း ၈၀တန္ ေနာက္ခံလူ မက္ဂြိဳင္းယားနဲ႔ တုိက္စစ္မွဴးရက္ရွ္ဖို႔ဒ္တို႔လည္း ေဒါသတႀကီးတု႔ံျပန္ခဲ့သူေတြထဲမွာ ပါ၀င္ခဲ့ပါတယ္။

Photo Credit ; Getty Images

မက္ဂြိဳင္းယားက ”ေအာ္ဂလီဆန္စရာေကာင္းတဲ့အျပဳအမူပါပဲ။ ဆုိရွယ္မီဒီယာေတြအေနနဲ႔လည္း ဒီကိစၥနဲ႔ပတ္သက္လုိ႔ တစ္ခုခုလုပ္ဖို႔ လိုအပ္ေနပါၿပီ။ အေကာင့္တုိင္းကို ႏိုင္ငံကူးလက္မွတ္ ဒါမွမဟုတ္ ယာဥ္ေမာင္းလုိင္စင္နဲ႔မွ အတည္ျပဳေပးဖြင့္ေပးသင့္ပါတယ္။ လူေတြကို အမ်ိဳးမ်ိဳးေသာအေကာင့္ေတြကေန အခုလိုေလွာင္ေျပာင္ေနတာေတြ ရပ္သင့္ပါၿပီ တြစ္တာနဲ႔ အင္စတာဂရမ္”လုိ႔ ေရးသားခဲ့ပါတယ္။

Photo Credit 

အဂၤလန္လက္ေရြးစင္ ရက္ရွ္ဖို႔ဒ္ကလည္း ”မန္ခ်က္စတာယူႏုိက္တက္ဆုိတာ မိသားစုတစ္စုပါ။ အဲဒီမွာ ေပါ့ဂ္ဘာလည္း ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ပါ၀င္ေနပါတယ္။ သူ႕ကို ခင္ဗ်ားတုိ႔ တုိက္ခုိက္ရင္ ကၽြန္ေတာ္တုိ႔ယူႏိုက္တက္အသင္းကို တုိက္ခုိက္တာနဲ႔အတူတူပါပဲ”လုိ႔ ေရးသားခဲ့ပါတယ္။

Photo Credit ; Daily Mail

ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း လူမႈမီဒီယာမွာ ကစားသမားေတြ လူမ်ိဳးေရးခဲြျခားခံရမႈက သိသိသာသာမ်ားလာၿပီး ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္နဲ႔ ရက္ဒင္းကစားသမား မုိင္ေတးတု႔ိလည္း လူမႈမီဒီယာမွာ လူမ်ိဳးေရးခြဲျခားျခင္းခံခဲ့ရပါတယ္။ ယူႏုိက္တက္ကလည္း လူမ်ိဳးေရးခြဲျခားမႈကို ဆန္႔က်င္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

Photo Credit

”ယူႏုိက္တက္မွာဘယ္သူမဆို ေပါ့ဂ္ဘာ လူမ်ိဳးေရးခြဲျခားခံရမႈအေပၚ အေတာ္ေလးရြံရွာမိပါတယ္။ ဒီလုိျဖစ္ရပ္မ်ိဳးကို ျပင္းျပင္းထန္ထန္႐ံႈ႕ခ်ပါတယ္။ အဲဒီလူမ်ိဳးေတြက ကၽြန္ေတာ္တု႔ိအသင္းကို ကုိယ္စားျပဳသူေတြမဟုတ္သလုိ ကၽြန္ေတာ္တုိ႔အသင္းရဲ႕ပရိသတ္အမ်ားစုကလည္း လူမ်ိဳးေရးခြဲျခားသူေတြကို ဆန္႔က်င္ပါတယ္။

Photo Credit ; PA

တြစ္နဲ႔ အေကာင့္တခ်ိဳ႕ကို Delete လုပ္ခဲ့ၿပီးျဖစ္ေပမယ့္ အမ်ိဳးမ်ိဳးေသာ၀က္ဆုိက္ဒ္ေတြမွာ လူမ်ိဳးေရးခြဲျခားတဲ့အသုံးအႏႈန္းေတြက အမ်ားအျပားက်န္ရွိေနဆဲျဖစ္ၿပီး ဒီလုိအျပဳအမူမ်ိဳးကို ျပင္းထန္စြာအျပစ္ေပးအေရးယူဖို႔လည္း ေတာင္းဆိုမႈေတြ ျမင့္တက္ေနပါတယ္။

Photo Credit ; Getty Images

Unicode

လူမျိုးရေးခွဲခြားမှုကို ပြင်းထန်စွာတုံ့ပြန်ဖို့ တွစ်တာနဲ့ အင်စတာဂရမ်တို့ကို ယူနိုက်တက်ကြယ်ပွင့်တွေ တောင်းဆို

ယူနိုက်တက်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာတစ်ယောက် လူမှုမီဒီယာမှာ လူမျိုးရေးခွဲခြားခံခဲ့ရပြီးနောက် ယူနိုက်တက်အသင်းသားတွေက လူမှုမီဒီယာတွေဖြစ်တဲ့ တွစ်တာနဲ့ အင်တာစရမ်တို့ကို ဒီထက်ပိုမိုပြင်းထန်စွာတုံ့ပြန်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပြင်သစ်နိုင်ငံသား ပေါ့ဂ်ဘာဟာ တနင်္လာညက ဝူလ်ဗာဟမ်တန်နဲ့ ၁-၁ ဂိုးသရေကျနေချိန် ရရှိလာတဲ့ပင်နယ်တီကို ကန်သွင်းခဲ့ရာမှာ အိမ်ရှင်ဂိုးသမား ပုတ်ထုတ်ခဲ့ပြီး အသင်းလည်း နိုင်ပွဲပျောက်ခဲ့ရပြီးနောက် အင်္ဂါနေ့အစောပိုင်းမှာ အခုလိုလူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒါပေမဲ့ ယူနိုက်တက်အသင်းဖော်တွေကတော့ ပေါ့ဂ်ဘာကို လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်လို့ ပြင်းထန်စွာတုံ့ပြန်သွားခဲ့ပြီး အဲဒီမှာ ပေါင်သန်း ၈၀တန် နောက်ခံလူ မက်ဂွိုင်းယားနဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်တို့လည်း ဒေါသတကြီးတုံ့ပြန်ခဲ့သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
မက်ဂွိုင်းယားက ”အော်ဂလီဆန်စရာကောင်းတဲ့အပြုအမူပါပဲ။ ဆိုရှယ်မီဒီယာတွေအနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်လို့ တစ်ခုခုလုပ်ဖို့ လိုအပ်နေပါပြီ။ အကောင့်တိုင်းကို နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင်နဲ့မှ အတည်ပြုပေးဖွင့်ပေးသင့်ပါတယ်။ လူတွေကို အမျိုးမျိုးသောအကောင့်တွေကနေ အခုလိုလှောင်ပြောင်နေတာတွေ ရပ်သင့်ပါပြီ တွစ်တာနဲ့ အင်စတာဂရမ်”လို့ ရေးသားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ကလည်း ”မန်ချက်စတာယူနိုက်တက်ဆိုတာ မိသားစုတစ်စုပါ။ အဲဒီမှာ ပေါ့ဂ်ဘာလည်း ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ သူ့ကို ခင်ဗျားတို့ တိုက်ခိုက်ရင် ကျွန်တော်တို့ယူနိုက်တက်အသင်းကို တိုက်ခိုက်တာနဲ့အတူတူပါပဲ”လို့ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူမှုမီဒီယာမှာ ကစားသမားတွေ လူမျိုးရေးခွဲခြားခံရမှုက သိသိသာသာများလာပြီး ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်နဲ့ ရက်ဒင်းကစားသမား မိုင်တေးတု့ိလည်း လူမှုမီဒီယာမှာ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရပါတယ်။ ယူနိုက်တက်ကလည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
”ယူနိုက်တက်မှာဘယ်သူမဆို ပေါ့ဂ်ဘာ လူမျိုးရေးခွဲခြားခံရမှုအပေါ် အတော်လေးရွံရှာမိပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။ အဲဒီလူမျိုးတွေက ကျွန်တော်တု့ိအသင်းကို ကိုယ်စားပြုသူတွေမဟုတ်သလို ကျွန်တော်တို့အသင်းရဲ့ပရိသတ်အများစုကလည်း လူမျိုးရေးခွဲခြားသူတွေကို ဆန့်ကျင်ပါတယ်။
တွစ်နဲ့ အကောင့်တချို့ကို Delete လုပ်ခဲ့ပြီးဖြစ်ပေမယ့် အမျိုးမျိုးသောဝက်ဆိုက်ဒ်တွေမှာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေက အများအပြားကျန်ရှိနေဆဲဖြစ်ပြီး ဒီလိုအပြုအမူမျိုးကို ပြင်းထန်စွာအပြစ်ပေးအရေးယူဖို့လည်း တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။