လူမိုက်ဌားပြီး အသင်းဖော်ဖြစ်သူကို သံတုတ်နဲ့ရိုက်ခိုင်းခဲ့တဲ့ ပီအက်စ်ဂျီအမျိုးသမီးဘောလုံးသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအမျိုးသမီးကွင်းလယ်ကစားသမား အမီနာတာဒီရယ်လိုဟာ လူမိုက်ဌားပြီး အသင်းဖော်ဖြစ်သူကို သံတုတ်နဲ့ရိုက်ခိုင်းခဲ့တယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

အသက် ၂၆နှစ်ရှိဒီရယ်လိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနံနက်က ပဲရစ်မြို့တော်အနီး Versailles မြို့မှာရှိတဲ့ သူမရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဒီရယ်လိုဟာ ပီအက်စ်ဂျီမှာသာမက ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း နေရာလုဖက်ဖြစ်တဲ့ ကီရာဟမ်ရာအိုရီ(၃၁နှစ်)ကို လူမိုက်ဌားပြီးသံတုတ်နဲ့ရိုက်ခိုင်း ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ဟမ်ရာအိုရီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က အသင်းဖော်တွေနဲ့အတူစားသောက်ပြီး အိမ်အပြန်လမ်းမှာ တိုက် ခိုက်ခံခဲ့ရတာပါ။

ကားကို ဒီရယ်လိုကမောင်း၊ ဟမ်ရာအိုရီက ဘေးကနေလိုက်လာတာဖြစ်ပြီး မျက်နှာဖုံးစွပ်လူ ၂ဦးက ကားကိုရပ်ခိုင်းအပြီးမှာ ဟမ်ရာအိုရီတစ်ဦးတည်းကို သံတုတ်တွေနဲ့ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

L’Equipe သတင်းစာရဲ့ဖော်ပြမှုအရ သံတုတ်ကိုယ်စီကိုင်ထားတဲ့ မျက်နှာဖုံးစွပ်လူမိုက် ၂ဦးဟာ ဟမ်ရာအိုရီကို ကားထဲကဆွဲထုတ်ပြီး ရိုက်နှက်ခဲ့ကြတာလို့သိရပါတယ်။

လူမိုက်တစ်ဦးကဆိုရင် ဟမ်ရာအိုရီရဲ့ခြေထောက် ၂ဖက်စလုံးကို အ ချက်ပေါင်းများစွာရိုက်နှက်ခဲ့တာပါ။

တိုက်ခိုက်မှုဟာ မိနစ်အနည်းငယ်ကြာခဲ့ပြီး လူမိုက် ၂ဦးလုံးထွက်ပြေးသွားမှပြီးသွားခဲ့ပါတယ်။

ကျန်တစ်ဦးကတော့ ဒီရယ်လိုကိုဖမ်းချုပ်ထားပေမယ့် ရိုက်နှက်ခြင်းမရှိတာမို့ ဒဏ်ရာတစ်စုံတစ်ရာမရခဲ့ပါဘူး။

အရိုက်ခံရမှုကြောင့် ဟမ်ရာအိုရီရဲ့ခြေထေက်နဲ့လက်တွေမှာဒဏ်ရာရသွား ခဲ့တာမို့ ဆေးရုံသွားပြီး ၄/၅ ချက်ခန့်ချုပ်ခဲ့ရပါတယ်။

ဟမ်ရာအိုရီဟာ ဒဏ်ရာကြောင့် နိုဝင်ဘာ ၉မှာ ရီးရဲလ်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ် ပွဲကိုလွဲချော်ခဲ့ရပြီး သူမနေရာမှာ ဒီရယ်လိုက ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ပွဲအပြီး နောက်တစ်နေ့နံနက်အဖမ်းခံရတဲ့ဒီရယ်လိုကို ရဲတပ်ဖွဲ့ကစွဲချက်တင်ခြင်း မရှိသေးပေမယ့် ပွဲထွက်ကစားခွင့်ရလိုတဲ့အတွက် ဟမ်ရာအိုရီကို လူဌားရိုက်ခိုင်းခဲ့တယ်ဆိုတဲ့သီအိုရီအပေါ်မှာမူတည်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။

မျက်နှာဖုံးစွပ်လူမိုက် ၂ဦးကိုဖမ်းမမိသေးပေမယ့် ဒီရယ်လိုရိုက်နှက်ခြင်းမခံရတာ၊ ဘောလုံးကစားလို့မရအောင် ခြေထောက် ၂ဖက်ကို အဓိကပစ်မှတ်ထားရိုက်ခဲ့တာ စတဲ့အချက်တွေကလည်း အဲဒီသီအိုရီမှန်ကန်နိုင်တယ်ဆိုတဲ့အ ထောက်အထားတွေပါပဲ။

ဟမ်ရာအိုရီဟာ ပြီးခဲ့တဲ့နွေကမှ အမျိုးသမီးချန်ပီယံ လိဂ်ချန်ပီယံဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းလာတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူမိုက္ဌားၿပီး အသင္းေဖာ္ျဖစ္သူကို သံတုတ္နဲ႔႐ိုက္ခိုင္းခဲ့တဲ့ ပီအက္စ္ဂ်ီအမ်ိဳးသမီးေဘာလုံးသမား

ပီအက္စ္ဂ်ီအမ်ိဳးသမီးကြင္းလယ္ကစားသမား အမီနာတာဒီရယ္လိုဟာ လူမိုက္ဌားၿပီး အသင္းေဖာ္ျဖစ္သူကို သံတုတ္နဲ႔႐ိုက္ခိုင္းခဲ့တယ္ဆိုတဲ့သံသယနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရပါတယ္။ အသက္ ၂၆ႏွစ္ရွိဒီရယ္လိုဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးနံနက္က ပဲရစ္ၿမိဳ႕ေတာ္အနီး Versailles ၿမိဳ႕မွာရွိတဲ့ သူမရဲ႕ေနအိမ္မွာ ဖမ္းဆီးခံခဲ့ရတာပါ။

ဒီရယ္လိုဟာ ပီအက္စ္ဂ်ီမွာသာမက ျပင္သစ္လက္ေ႐ြးစင္အသင္းမွာလည္း ေန ရာလုဖက္ျဖစ္တဲ့ ကီရာဟမ္ရာအိုရီ(၃၁ႏွစ္)ကို လူမိုက္ဌားၿပီးသံတုတ္နဲ႔႐ိုက္ခိုင္း ခဲ့တယ္လို႔ စြပ္စြဲခံထားရတာျဖစ္ပါတယ္။ ဟမ္ရာအိုရီဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၄ ရက္ေန႔က အသင္းေဖာ္ေတြနဲ႔အတူစားေသာက္ၿပီး အိမ္အျပန္လမ္းမွာ တိုက္ ခိုက္ခံခဲ့ရတာပါ။

ကားကို ဒီရယ္လိုကေမာင္း၊ ဟမ္ရာအိုရီက ေဘးကေနလိုက္လာတာျဖစ္ၿပီး မ်က္ႏွာဖုံးစြပ္လူ ၂ဦးက ကားကိုရပ္ခိုင္းအၿပီးမွာ ဟမ္ရာအိုရီတစ္ဦးတည္းကို သံတုတ္ေတြနဲ႔႐ိုက္ႏွက္ခဲ့တာျဖစ္ပါတယ္။

L’Equipe သတင္းစာရဲ႕ေဖာ္ျပမႈအရ သံတုတ္ကိုယ္စီကိုင္ထားတဲ့ မ်က္ႏွာဖုံးစြပ္လူမိုက္ ၂ဦးဟာ ဟမ္ရာအိုရီကို ကားထဲကဆြဲထုတ္ၿပီး ႐ိုက္ႏွက္ခဲ့ၾကတာလို႔သိရပါတယ္။ လူမိုက္တစ္ဦးကဆိုရင္ ဟမ္ရာအိုရီရဲ႕ေျခေထာက္ ၂ဖက္စလုံးကို အ ခ်က္ေပါင္းမ်ားစြာ႐ိုက္ႏွက္ခဲ့တာပါ။

တိုက္ခိုက္မႈဟာ မိနစ္အနည္းငယ္ၾကာခဲ့ၿပီး လူမိုက္ ၂ဦးလုံးထြက္ေျပးသြားမွၿပီးသြားခဲ့ပါတယ္။ က်န္တစ္ဦးကေတာ့ ဒီရယ္လိုကိုဖမ္းခ်ဳပ္ထားေပမယ့္ ႐ိုက္ႏွက္ျခင္းမရွိတာမို႔ ဒဏ္ရာတစ္စုံတစ္ရာမရခဲ့ပါ ဘူး။ အ႐ိုက္ခံရမႈေၾကာင့္ ဟမ္ရာအိုရီရဲ႕ေျခေထက္နဲ႔လက္ေတြမွာဒဏ္ရာရသြား ခဲ့တာမို႔ ေဆး႐ုံသြားၿပီး ၄/၅ ခ်က္ခန႔္ခ်ဳပ္ခဲ့ရပါတယ္။

ဟမ္ရာအိုရီဟာ ဒဏ္ရာေၾကာင့္ ႏိုဝင္ဘာ ၉မွာ ရီးရဲလ္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ ပြဲကိုလြဲေခ်ာ္ခဲ့ရၿပီး သူမေနရာမွာ ဒီရယ္လိုက ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ ပြဲအၿပီး ေနာက္တစ္ေန႔နံနက္အဖမ္းခံရတဲ့ဒီရယ္လိုကို ရဲတပ္ဖြဲ႕ကစြဲခ်က္တင္ျခင္း မရွိေသးေပမယ့္ ပြဲထြက္ကစားခြင့္ရလိုတဲ့အတြက္ ဟမ္ရာအိုရီကို လူဌား႐ိုက္ခိုင္းခဲ့တယ္ဆိုတဲ့သီအိုရီအေပၚမွာမူတည္ၿပီး စုံစမ္းစစ္ေဆးေနတယ္လို႔သိရပါတယ္။

မ်က္ႏွာဖုံးစြပ္လူမိုက္ ၂ဦးကိုဖမ္းမမိေသးေပမယ့္ ဒီရယ္လို႐ိုက္ႏွက္ျခင္းမခံရတာ၊ ေဘာလုံးကစားလို႔မရေအာင္ ေျခေထာက္ ၂ဖက္ကို အဓိကပစ္မွတ္ထား႐ိုက္ခဲ့တာ စတဲ့အခ်က္ေတြကလည္း အဲဒီသီအိုရီမွန္ကန္ႏိုင္တယ္ဆိုတဲ့အ ေထာက္အထားေတြပါပဲ။ ဟမ္ရာအိုရီဟာ ၿပီးခဲ့တဲ့ေႏြကမွ အမ်ိဳးသမီးခ်န္ပီယံ လိဂ္ခ်န္ပီယံဘာစီလိုနာကေန ပီအက္စ္ဂ်ီကိုေျပာင္းလာတာျဖစ္ပါတယ္။